Motorola က တန်ဖိုးနည်း စွမ်းရည်နိမ့် စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Moto E6s လို့ နာမည်ပေးထားပြီး 2.0GHz Octa-core Processor မောင်းနှင်ထားပါတယ်။ 2GB RAM နဲ့ 32GB Storage ထည့်သွင်းထားပြီး microSD Card စိုက်နိုင်ပါတယ်။

Moto E6s မှာ ၆.၁ လက်မ HD+ မျက်နှာပြင် ထည့်သွင်းထားပြီး အရွယ်သေး Notch ပါလာပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၂ လုံး တပ်ဆင်ထားပြီး 13MP Main နဲ့ 2MP Depth ကင်မရာတွေ ဖြစ်ပါတယ်။ အပို ကင်မရာ ပါတဲ့အတွက် Bokeh Effect တွေ သုံးနိုင်ပါတယ်။ အရှေ့ ကင်မရာကတော့ 5MP ဖြစ်ပါတယ်။

Moto E6s ရဲ့ ဒီဇိုင်းနဲ့ Specs တွေဟာ ၂၀၁၉ ခုနှစ်လယ်က ထွက်တဲ့ Moto E6 Plus နဲ့ တူပါတယ်။ ကွာခြားချက် အနည်းငယ်ပဲ ပါလာပါတယ်။ Moto E6s ဟာ Moto E6 Plus ရဲ့ မော်ဒယ် အသစ်လို့တောင် ပြောနိုင်ပါတယ်။ Motorola က E6s ရဲ့ ဈေးနှုန်းကို မပြောသေးပေမယ့် ၁၂၀ ဒေါ်လာလောက်ရှိနိုင်ပြီး မြန်မာငွေ ၁ သိန်း ၇ သောင်းလောက်ပဲရှိနိုင်ပါတယ်။

Ref : slashgear