Motorola ဟာ မကြာခင် အတောအတွင်း Midrange စမတ်ဖုန်းသစ် နှစ်မျိူးဖြစ်တဲ့ Moto E7 Plus နဲ့ Moto G9 Plus တို့ကို မိတ်ဆက်လာမှာဖြစ်ပြီး ဒီဟန်းဆက်နှစ်လုံးရဲ့ Leak တွေကိုလည်း မြင်တွေ့ထားရပါတယ်။ ယနေ့မှာတော့ Moto စမတ်ဖုန်းသစ် နှစ်မျိုးလုံးရဲ့ တရားဝင် Render တွေကို နာမည်ကျော် Leakster တစ်ယောက်ဖြစ်တဲ့ Evan Blass ကနေ ထုတ်ဖော်ပြလာခဲ့ပါတယ်။

Moto E7 Plus စမတ်ဖုန်းဟာ Waterdrop Notch ပါတဲ့ Display ဒီဇိုင်းနဲ့ဖြစ်ပြီး 5,000 mAh ဘက္ထရီကို 10W အားသွင်း စနစ် တွဲဖက်ထားပါတယ်။ အတွင်းမှာတော့ Snapdragon 460 ချစ်ပ်ဆက်ကို 4GB RAM / 64GB Storage တို့နဲ့ တွဲဖက်ထားမှာပါ။

နောက်ဘက်မှာ Fingerprint Scanner တည်ရှိပြီး သူ့အပေါ်တည့်တည့်မှာ စတုရန်းပုံသဏ္ဍာန် ကင်မရာ Island တစ်ခုနဲ့ Dual-camera တို့ ပါဝင်ပါတယ်။ အဓိက Sensor က 48MP လို့ ဆိုပြီး ဒုတိယ တစ်ခုကိုတော့ မသိရသေးပါဘူး။ Moto E7 Plus ဟာ အပြာနဲ့ လိမ္မော်ရောင်တို့ဖြင့် ထွက်လာမှာဖြစ်ပြီး Plus မဟုတ်တဲ့ E7 Vanilla ဗားရှင်းကိုလည်း မိတ်ဆက်လာမှာပါ။

G9 Plus ကတော့ အပေါ်ဘယ်ဘက်ထောင့်မှာ Punch-hole နဲ့ ထွက်လာပါတယ်။ နောက်ဘက်မှာ ပိုကြီးတဲ့ စတုဂံပုံ Camera Island တစ်ခုနဲ့ အတွင်းမှာ 64MP ကင်မရာ ဦးဆောင်တဲ့ Quad-camera တို့ တပ်ဆင်ထားတယ်။ ညာဘက်ခြမ်းမှာ Fingerprint Sensor တစ်ခု၊ အသံတိုးချဲ့ခလုတ်နဲ့ Google Assistant Button တို့ကို တွေ့ရမှာပါ။ G9 Plus မှာ 4,700 mAh ဘက္ထရီသာ ပါပေမယ့် အားသွင်းစနစ်ကတော့ 30W ဖြစ်ပါတယ်။ 4/128GB နဲ့ ရရှိနိုင်မှာဖြစ်ကာ Blue နဲ့ Bronze ကာလာနှစ်မျိုး ထွက်လာမှာပါ။

Ref – GSMArena