Motorola ဟာ အရည်အသွေးကောင်းမွန်တဲ့ Budget စမတ်ဖုန်းတွေကို ထုတ်လုပ်တဲ့နေရာမှာ နာမည်ရခဲ့ဖူးသလို၊ အခုအချိန်ထိလည်း ဆက်ပြီး ထုတ်လုပ်နေဆဲဖြစ်ပါတယ်။ ဒါပေမယ့် အိန္ဒိယလို ဈေးကွက်မှာတော့ ပြိုင်ဘက်တရုတ်အမှတ်တံဆိပ်တွေရဲ့နောက်မှာ ကျန်ရစ်နေဆဲလို့ ဆိုရပါလိမ့်မယ်။

ဒါကြောင့် Motorola ဟာ တောင်အမေရိက၊ အထူးသဖြင့် ဘရာဇီးဈေးကွက်ကို အဓိကခြေကုပ်ယူထားရပါတယ်။ အခုလည်းသူ့ရဲ့ အဓိကဈေးကွက်တွေအတွက် Moto E7 Plus ကို ထုတ်လုပ်ရောင်းချပေးမှာဖြစ်ပြီး ဒီဟန်းဆက်ရဲ့ ပကတိပြင်ပဓါတ်ပုံတွေလည်း ပေါ်ထွက်လာပြီ ဖြစ်ပါတယ်။

အခုထွက်ပေါ်လာတဲ့ ပကတိဓါတ်ပုံတွေဟာ Moto E7 ဓါတ်ပုံတွေနဲ့ ဆင်တူနေတာလည်း တွေ့နိုင်ပါတယ်။ Moto E7 နဲ့ Moto E7 Plus ရဲ့ ရုပ်ပုံတွေကို 91Mobiles ကပဲ မျှဝေခဲ့တာပါ။ ဓါတ်ပုံတွေဟာ အရည်အသွေးနိမ့်ပေမယ့် ဟန်းဆက်ရဲ့ ဒီဇိုင်းပိုင်းကိုတော့ ကောင်းကောင်းပြသနိုင်ပါတယ်။

Moto E7 Plus ရဲ့ ကျောဘက်ဟာ ဖန်သားနဲ့တူတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ ပလတ်စတစ်လို့ပဲ ကောက်ချက်ချရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဈေးနှုန်းသင့်ဖုန်းတစ်လုံးဖြစ်တာရယ်၊ Moto G8 Plus လို့ အရှေ့အလယ်ပိုင်းမှာ လူသိများတဲ့ Motorola One Fusion Plus ကိုလည်း ဒီလိုမျိုး တောက်ပတဲ့ ပလတ်စတစ်ကိုယ်ထည်နဲ့ ထုတ်လုပ်ရောင်းချခဲ့လို့ပါပဲ။

ကျောဘက်မှာ ကင်မရာနှစ်လုံးတပ်ဆင်ထားပြီး Laser auto-focus နဲ့ LED ဖလက်ရှ်လည်း ပါဝင်ပါတယ်။ အမှတ်တံဆိပ်ကိုတော့ Fingerprint sensor ပေါ်မှာ ရေးသားထားတာကို တွေ့မြင်နိုင်ပါတယ်။ အရှေ့ဘက်မျက်နှာပြင်မှာတော့ ဒီနေ့ခေတ် စမတ်ဖုန်းအတော်များများရဲ့ ပုံစံအတိုင်း Dew-drop notch နဲ့ Selfie ကင်မရာတစ်လုံး တပ်ဆင်ပေးထားမှာပါ။

အောက်ခြေမှာတော့ USB-C ပေါက်တစ်ခု၊ စပီကာပေါက်နဲ့ မိုက်ခရိုဖုန်းပေါက်တွေ ရှိနေပါတယ်။ ဓါတ်ပုံတွေမှာ ဟန်းဆက်ရဲ့ ထိပ်ပိုင်းကိုပြသတဲ့ပုံမပါဝင်ပေမယ့် နောက်ထပ်မိုက်ခရိုဖုန်းပေါက်တစ်ခုနဲ့ 3.5mm headphone jack တွေ ရှိနေမယ်လို့ မျှော်လင့်ရပါတယ်။ Moto E7 ဟာ Qualcomm Snapdragon 632 အသုံးပြုထားမယ်ဆိုတာကြောင့် Plus ဗားရှင်ဟာ တူညီတဲ့ Chipset ဒါမှမဟုတ် အနည်းငယ်ပိုစွမ်းဆောင်ရည်ကောင်းတဲ့ အမျိုးအစားကို သုံထားမယ်လို့ မျှော်လင့်ရပါတယ်။

Ref: Gizmochina