Snapdragon 8 Gen 1 ပါတဲ့ ကမ္ဘာ့ ပထမဆုံး Motorola Moto Edge X30 ကို တရုတ်မှာ ပထမဆုံး အကြိမ် ရောင်းချပေးလိုက်ပါတယ်။ ရောင်းအားကောင်းတယ်လို့ ပြောနိုင်ပြီး Lenovo China ရဲ့ မိုင်ဘိုင်း ဌာနမှ အထွေထွေမန်နေဂျာက ၃ မိနစ်အတွင်းမှာ အလုံးရေ ၁၀,၀၀၀ ရောင်းချနိုင်ခဲ့တယ်လို့ အတည်ပြုလိုက်ပါတယ်။

Moto Edge X30 first sale result

ကုမ္ပဏီက မျှဝေထားတဲ့ ပိုစတာမှာ ပထမအသုတ်အတွင်း Edge X30 ကို ယွမ် သန်း ၁၀၀ ဖိုး ရောင်းချနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီ စမတ်ဖုန်းကို တရုတ်က အွန်လိုင်း စတိုးများစွာမှာ ဝယ်ယူနိုင်အောင်ပြုလုပ်ပေးထားပါတယ်။ တရုတ်မှာ Edge X30 နာမည်နဲ့ ရောင်းချပေးထားပြီး ဥရောပနဲ့ တခြား နိုင်ငံတွေမှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း Motorola Edge 30 Ultra နာမည်နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။

Moto Edge X30

တရုတ်က ဈေးနှုန်းတွေကို အောက်မှာ လေ့လာနိုင်ပါတယ်။

  • Moto Edge X30 standard version 8GB + 128GB priced at 3199 yuan
  • Moto Edge X30 standard version 8GB + 256GB priced at 3399 yuan
  • Moto Edge X30 standard version 12GB + 256GB priced at 3599 yuan

တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၉ သိန်းဝန်းကျင် ကျသင့်မှာပါ။

Moto Edge X30 ရဲ့ Specs တွေကို ပြန်လည် ပြောပြချင်ပါတယ်။ ၆.၆၇ လက်မ OLED FHD+ မျက်နှာပြင် တပ်ဆင်ထားပြီး 144Hz Refresh Rate နဲ့ 576Hz Touch Sampling Rate ထောက်ပံ့ထားပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာမြှပ်နှံထားပြီး Punch Hole မှာ 60MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 50MP Main (OIS) , 50MP Ultrawide နဲ့ 2MP Depth ကင်မရာ ၃ လုံး ပါလာပါတယ်။

LPDDR5 RAM , UFS 3.1 Storage , 5,000mAh ဘက်ထရီနဲ့ 68W Rapid Charging ထည့်ထားပြီး Android 12 အခြေပြု MyUX 3.0 မောင်းနှင်ထားပါတယ်။

Ref : gizmochina