Motorola Moto Edge X30 ဟာ Snapdragon 8 Gen1 ပါတဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်း အဖြစ် မှတ်တမ်းဝင်သွားပါတယ်။ အဲဒီ Chipset မှာ Samsung ရဲ့ 4nm Process ကို သုံးထားပြီး CPU မှာ 3.0GHz Cortex-X2 Super Core ၁ လုံး၊ 2.5GHz Cortex-A710 Core ၃ လုံးနဲ့ 1.8GHz Cortex-A510 Core ၄ လုံး ပါပါတယ်။

Moto Edge X30

အရင်မျိုးဆက် CPU ထက် စွမ်းဆောင်ရည် ၂၀ ရာခိုင်နှုန်းပိုကောင်းလာပြီး စွမ်းအင် စားသုံးမှုကို ၃၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်ပါတယ်။ GPU စွမ်းဆောင်ရည်ဟာ ၂၅ ရာခိုင်နှုန်းနဲ့ AI စွမ်းဆောင်ရည်ဟာ Snapdragon 888 Series ထက် ၄ ဆ ပိုကောင်းလာပါတယ်။ AnTuTu Benchmark မှာ ၁,၀၆၁,၃၆၁ မှတ်နဲ့ စွမ်းရည်အမြင့်ဆုံး စမတ်ဖုန်း စာရင်းမှာ နံပါတ် ၁ နေရာကို သိမ်းပိုက်လိုက်ပါတယ်။

Moto Edge X30

5,000mAh Super-capacity ဘက်ထရီ တပ်ဆင်ထားပြီး 68W Fast Charging ထောက်ပံ့ထားပါတယ်။ ၁၃ မိနစ်အတွင်း ၅၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်တဲ့အတွက် အားသွင်းနှုန်းက မိုက်ပါတယ်။

Moto Edge X30

ကင်မရာတွေအကြောင်းပြောရရင် အနောက်ဘက်မှာ 50MP Wide-angle Main , 50MP Super Wide-angle Macro Main ၊ 2MP Depth ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 60MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ အနောက်ဘက် Main ကင်မရာတွေထဲက ၁ လုံးဟာ OV50A Sensor ဖြစ်ပြီး OIS ထောက်ပံ့ထားပါတယ်။

Moto Edge X30

Moto Edge X30 ရဲ့ မျက်နှာပြင်အတွက် ဗားရှင်း ၂ မျိုး ထုတ်လုပ်ထားပါတယ်။ ၁ ခုက ရိုးရိုး ဗားရှင်း ဖြစ်ပြီး Center-punched 1 Billion Color Ultra-sensitive Color Screen ဖြစ်ပါတယ်။ 144Hz Refresh Rate နဲ့ 576Hz Touch Sampling Rate ထောက်ပံ့ထားပါတယ်။ Dolby Surround Sound Dual စပီကာတွေ ပါလာပြီး အသံအရည်အသွေး အရမ်း ကောင်းသလို ဂိမ်းကစားရင် အရမ်းမိုက်ပါတယ်။

နောက် မျက်နှာပြင် ဗားရှင်း ၁ ခုက Under-screen Proactive ဖြစ်ပြီး စွမ်းရည်အမြင့်ဆုံး မျက်နှာပြင်အောက် ကင်မရာလို့ ကုမ္ပဏီက ကြွေးကြော်ထားပါတယ်။

Android 12 အခြေပြု MYUI 3.0 မောင်းနှင်ထားပြီး ဈေးနှုန်းတွေကို အောက်မှာ လေ့လာနိုင်ပါတယ်။

  • Moto Edge X30 standard version 8GB + 128GB priced at 3199 yuan
  • Moto Edge X30 standard version 8GB + 256GB priced at 3399 yuan
  • Moto Edge X30 standard version 12GB + 256GB priced at 3599 yuan

တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၉ သိန်းဝန်းကျင် ကျသင့်မှာပါ။

မျက်နှာပြင်အောက် ကင်မရာ ပါတဲ့ မော်ဒယ်အတွက် 12GB+256GB ပဲ ထုတ်လုပ်ထားပြီး ၃,၉၉၉ ယွမ် သတ်မှတ်ထားကာ မြန်မာငွေ ၁၁ သိန်းဝန်းကျင် တန်ကြေးရှိပါတယ်။ မော်ဒယ် ၂ ခုစလုံးကို ဒီနှစ် မကုန်ခင် ရောင်းချမှာပါ။

Ref : gizmochina