5G စမတ်ဖုန်းတွေဟာ အိန္ဒိယဈေးကွက်အတွက် ထိပ်တန်းရောင်းကုန်တွေဖြစ်မနေသေးသလို၊ ဈေးနှုန်းပိုင်းမှာလည်း အကန့်အသတ်နဲ့သာ ရှိနေသေးတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Motorola ဟာလည်း Mid-range 5G စမတ်ဖုန်းကို အိန္ဒိယဈေးကွက်ထဲမှာ ဖြန့်ချိလာဖွယ်ရှိနေတာကို တွေ့မြင်ရပါတယ်။

Tipster Mukul Shrma ကတစ်ဆင့် နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းအရ Motorola ဟာ အိန္ဒိယမှာ 5G စမတ်ဖုန်းကို မိတ်ဆက်သွားမှာဖြစ်ပြီး ဒါဟာ Moto G 5G ဖြစ်နိုင်ကြောင်းလည်း သိရှိခဲ့ရပါတယ်။ အခြားတစ်ဦးဖြစ်တဲ့ YouTuber Amrelia Ruhez ကတော့ Xiaomi နဲ့ Realme တို့မဟုတ်တဲ့ Mid-range 5G စမတ်ဖုန်းတစ်မျိုး မကြာခင် ရောက်လာမယ်လို့ ဆိုခဲ့တာပါ။

ဒီသတင်းနှစ်ခုရဲ့ပိုင်ရှင်တွေကလည်း ယုံကြည်ရတဲ့ ရင်းမြစ်တွေဖြစ်နေတာကြောင့် Motorola ရဲ့ ဈေးနှုန်းချိုသာတဲ့ Mid-range 5G စမတ်ဖုန်းကို အိန္ဒိယမှာ မြင်တွေ့ရမယ်ဆိုတာ ရာနှုန်းပြည့်နီးပါး သေချာနေပြီလို့ မှတ်ယူနိုင်ပါတယ်။ OnePlus Nord Mid-range 5G စမတ်ဖုန်းဟာ $338 (၅ သိန်း ၂ သောင်းခွဲ) ဝန်းကျင်နဲ့ ရောင်းချနေတာကြောင့် Moto G 5G အနေနဲ့ အိန္ဒိယရဲ့  ဈေးနှုန်းချိုသာတဲ့ 5G စမတ်ဖုန်းသစ်ဖြစ်လာမယ်လို့ ပိုပြီးထင်မြင်ယူဆချင်စရာ ဖြစ်စေပါတယ်။

အခြားတစ်ဖက်ကကြည့်ရင်လည်း Xiaomi, Realme, Vivo, OPPO, Samsung နဲ့ Apple တို့လိုအမှတ်တံဆိပ်တွေမှာ 5G စမတ်ဖုန်းတွေ ရှိနေကြပေမယ့် Mid-range ဈေးတန်းထဲမှာတော့ မဟုတ်ကြပါဘူး။ ဒီတော့ Moto G 5G ဟာ အိန္ဒိယရဲ့ Mid-range 5G ဈေးကွက်ကို ဝင်တိုးဖို့ဆိုတာ လုံလောက်တဲ့ အကြောင်းရင်း ဖြစ်နေပါပြီ။

Moto G 5G မှာ ဥရောပဈေးကွက်မှာဖြန့်ချိခဲ့တဲ့ Moto G 5G ဟာ 6.7-inch FHD+ LCD punch-hole display နဲ့ဖြစ်ပြီး Snapdragon 750G SoC ကို အသုံးပြုထားပါတယ်။ 48MP အဓိကကင်မရာအပါအဝင် ကျောဘက်ကင်မရာသုံးလုံးနဲ့ selfie ကင်မရာကတော့ 16MP ဖြစ်ပါတယ်။ 5,000mAh ဘက်ထရီနဲ့ 20W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ထားပါတယ်။

Ref: Gizmochina