Motorola ဟာ Moto G စမတ်ဖုန်းစီးရီးအတွက် အဖွဲ့ဝင်သစ်တစ်ယောက် ခေါ်ဆောင်လာဦးမှာဖြစ်ပြီး ဒီစီးရီးရဲ့ ပထမဆုံး 5G စမတ်ဖုန်း ဖြစ်လာမှာပါ။

နာမည်ကျော် Leakster တစ်ယောက်ဖြစ်တဲ့ Evan Blass ဆီကတဆင့် Moto G 5G ရဲ့ ပုံသဏ္ဍာန်ကို ပထမဆုံးအဖြစ် မြင်တွေ့လာရပါပြီ။ ဒီဖုန်းမှာ ရှည်မျောမျောပုံစံ Display ပါဝင်ပြီး Punch-hole နှစ်ပေါက်တောင် နေရာချထားတာကို တွေ့ရပါတယ်။ ထွက်ရှိချိန်မှာ ဒီ Dual Punch-hole ကို Software/UI အကူအညီနဲ့ မသိသာအောင် ဖျောက်ပြလာနိုင်ပါတယ်။

ညာဘက်ခြမ်းမှာ အသံတိုးချဲ့ခလုတ်ရဲ့အောက်ဘက်မှာ Fingerprint ကို ဘေးတိုက်ထည့်သွင်းထားတာ မြင်တွေ့ရမှာပါ။ နောက်ဘက်မှာတော့ 48MP ကင်မရာဦးဆောင်တဲ့ Quad-camera ပါဝင်ပါတယ်။ လေးထောင့်ပုံသဏ္ဍာန် ကင်မရာ Island ကလည်း Motorola အတွက်တော့ ပထမဆုံးအသုံးပြုခြင်း ဖြစ်မှာပါ။

Moto G စီးရီးထဲကနေ မိတ်ဆက်လာတာကိုကြည့်ရင် ဒီဖုန်းဟာ ကုမ္ပဏီရဲ့ ထုတ်ကုန်တွေထဲမှာ ဈေးအသက်သာဆုံး 5G ဟန်းဆက်ဖြစ်လာနိုင်ပါတယ်။ Moto G 5G ဖုန်းမှာ Snapdragon 765 ချစ်ပ်ဆက် အသုံးပြုလာမယ်လို့လည်း သတင်းထွက်ထားပြီး လာမယ့်ရက်တွေမှာ နောက်ထပ် အချက်အလက်တွေ ထွက်ပေါ်လာနိုင်ပါတယ်။

Ref – GSMArena