Motorola ဟာ သူတို့အတွက် စျေးအသက်သာဆုံး 5G ဟန်းဆက်ဖြစ်တဲ့ Moto G 5G Plus ကို မိတ်ဆက်ခဲ့ပါတယ်။ Moto G စီးရီးဟာ ပုံမှန်ထက် စျေးပိုချိုသာတဲ့ ထုတ်ကုန်လိုင်းဖြစ်ပြီး G 5G Plus ကတော့ ဥရောပစျေးကွက်အတွက် စျေးအချိုဆုံး 5G ဖုန်းတွေထဲက တစ်ခုဖြစ်လာကာ စျေးနှုန်း ယူရို ၃၄၉ (မြန်မာငွေ ငါးသိန်းလေးသောင်းခန့်) သတ်မှတ်ထားပါတယ်။

ရှေ့ဘက်မှာ 6.7” FHD+ Display ပါဝင်ပြီး 90Hz Refresh Rate နဲ့အသုံးပြုနိုင်မှာပါ။ Dual Punch-hole ထဲမှာတော့ 16MP + 8MP Ultrawide ဆဲလ်ဖီးကင်မရာကို ထည့်သွင်းထားတယ်။ Aspect Ratio က 21:9 ဖြစ်လို့ ရှည်မျောမျောနိုင်ပြီး Fingerprint တဖြစ်လဲ Power Button ကိုတော့ ညာဘက်ခြမ်းမှာ မြင်ရမှာပါ။

နောက်ဘက်ကင်မရာက စတုဂံပုံစံ Island ထဲမှာ ရှိပြီး Moto စမတ်ဖုန်းတွေထဲမှာ ပထမဆုံး အသုံးပြုလာတာပါပဲ။ 48MP ဦးဆောင်တဲ့ Quad-camera မှာ 8MP Ultrawide + 5MP Macro + 2MP Depth Sensor တို့နဲ့ ဝန်းရံထားပါတယ်။

အတွင်းမှာ Snapdragon 765 ချစ်ပ်ဆက်အသုံးပြုထားပြီး 4/6 GB RAM နဲ့ 64/128 GB Storage တို့ကို ရွေးချယ်နိုင်မှာပါ။ ဘက္ထရီက 5,000 mAh ဖြစ်ပြီး 20W အားသွင်းစနစ် ထောက်ပံ့ပေးပါတယ်။ စက်နှင်စနစ်ပိုင်းမှာ Android 10 OS ရဲ့ Stock ဗားရှင်းနီးပါးကို အသုံးပြုရမှာဖြစ်ပြီး Moto ကနေ အနည်းငယ်ပြောင်းလဲထားတဲ့ My UX ကို သုံးစွဲရမှာပါ။

Moto G 5G ဟာ ဥရောပမှာ ဇူလိုင် ၈ ရက်နေ့က စတင်ရောင်းချမှာဖြစ်ပြီး အပြာနဲ့ ခရမ်း အရောင်နှစ်မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ အခြေခံမော်ဒယ်ဖြစ်တဲ့ 4/64 GB အတွက် ယူရို ၃၄၉ နဲ့ 6/128 GB ဗားရှင်းအတွက်တော့ ယူရို ၃၉၉ (မြန်မာကျပ်ငွေ ခြောက်သိန်းတစ်သောင်းငါးထောင်ခန့်) ကျသင့်မှာပါ။

Ref – GSMArena