ပြီးခဲ့တဲ့ ဇွန်လ နောက်ဆုံးရက်တုန်းက Moto G 5G ရဲ့ ပထမဆုံး Render ကို တွေ့မြင်ခဲ့ကြရပါတယ်။ ဒီ Render ဟာ နာမည်ကျော် Leakster တစ်ဦးဖြစ်တဲ့ Evan Blass ဆီကနေ ထွက်ပေါ်လာတာပါ။ အခုလည်း Evan Blass က Moto G 5G နဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာ သတင်းအချက်အလက်အချို့ကို ထပ်မံပြီး ဖော်ထုတ်လိုက်ပြန်ပါတယ်။

Moto G 5G ဟာ Moto Edge Lite လို့ ကောလာဟလထွက်ခဲ့တာဖြစ်ပြီး ဒီဟန်းဆက်ကို ဇူလိုင်လ ၇ ရက်နေ့မှာ ပွဲထုတ်သွားမယ်လို့ ဆိုပါတယ်။ တစ်ဘက်မှာတော့ Moto G 5G Plus ကိုမျှော်လင့်နေကြပေမယ့် ဒီ Device နဲ့ပတ်သက်လို့ကတော့ အသေးစိတ်အချက်အလက်ကို အခုအချိန်ထိ မရရှိသေးတာပဲ ဖြစ်ပါတယ်။

Moto G 5G မှာ FHD+ မျက်နှာပြင်တပ်ဆင်ထားပြီး Dual-punch-hole နဲ့အတူ Selfie ကင်မရာနှစ်လုံး ပါဝင်မယ်လို့ သိရပါတယ်။ 90Hz refresh နဲ့ မျက်နှာပြင်ဟာ 21:9 aspect ratio နဲ့ ဖြစ်ပါတယ်။ မျက်နှာပြင်အရွယ်အစား အတိအကျမသိရပေမယ့် ဟန်းဆက်ရဲ့ အတိုင်းအတာဟာ 167.98 x 73.97 x 9.59 mm ရှိကြောင်း သိရပါတယ်။ အလေးချိန်ကတော့ 207 grams ဖြစ်ပါတယ်။

ကျောဘက်မှာ 48MP အဓိကကင်မရာ၊ 5MP macro shooter, 8MP video wide module နဲ့ 2MP depth sensor တို့ တပ်ဆင်ထားတယ်လို့ သိရပါတယ်။ ဒီစမတ်ဖုန်းဟာ Snapdragon 765 chipset တပ်ဆင်ပေးထားတာဖြစ်ပြီး 4GB of RAM နဲ့ တွဲဖက်ပေးထားတယ်လို့လည်း သိရပါတယ်။ သိုလှောင်မှုပမာဏ မသိရသေးပေမယ့် 4,800mAh ပမာဏဘက်ထရီ တပ်ဆင်ထားပြီး 18W အားသွင်းစနစ် ထောက်ပံ့ထားတယ်လို့ သိရပါတယ်။

Ref: GSM Arena