Motorola ရဲ့အမေရိကန် YouTube ချန်နယ်မှာ ရုတ်တရက်ကြီးဆိုသလို Moto G Fast လို့အမည်ပေးထားတဲ့ စမတ်ဖုန်းသစ်ရဲ့ Promo ဗီဒီယိုကို တင်လာခဲ့ပါတယ်။ သူတို့ရဲ့ Tagline အရတော့ ဒီဖုန်းဟာ “Ultra-fast, Ultra-responsive” လို့ ဆိုထားပါတယ်။

အမှန်ကတော့ ဒီဖုန်းဟာ အမြန်နှုန်းကို ဦးတည်လာတဲ့ Flagship မဟုတ်ဘဲ Snapdragon Octa-core ချစ်ပ်ဆက်တစ်ခုကို 3GB RAM နဲ့ပေါင်းစပ်ထားပါတယ်။ Moto G8 မှာ Snapdragon 665 နဲ့ 4GB RAM ပါခဲ့တာပါ။

ကင်မရာပိုင်းမှာတော့ 118° ဒီဂရီ Ultra-wide တစ်လုံးနဲ့ Macro ယူနစ်တွေ ပါမယ်ဆိုတာ သိရပေမယ့် အဓိက ကင်မရာရဲ့ အချက်အလက်ကိုတော့ မသိရသေးပါဘူး။ လက်ရှိ G စီးရီးမျိုးဆက်ရဲ့ ပုံစံအတိုင်း Punch-hole ဆဲလ်ဖီးကင်မရာကို မြင်ရမှာပါ။

Moto G Fast ဖုန်းဟာ နှစ်ရက်ထိခံမယ့် ဘက္ထရီသက်တမ်းပိုင်ဆိုင်မယ်လို့ ဆိုထားပေမယ့် အချက်အလက် အတိအကျတော့ မဖော်ပြပေးခဲ့ပါဘူး။ Motorola လိုဂိုကတော့ ထုံးစံအတိုင်း Fingerprint Scanner အဖြစ်ပါ အသုံးတော်ခံမယ်လို့ယုံကြည်ရပါတယ်။

“G Without A Number” ဆိုတဲ့ နာမည်ပေးပုံကတော့ အမေရိကန်စျေးကွက်အတွက် ရည်ရွယ်တဲ့ သူတို့ရဲ့ ထုတ်ကုန်အမည်ပါ။ Promo ဗီဒီယိုတောင် အသင့်ဖြစ်နေပြီဆိုတော့ Moto G Fast ကို မကြာခင် တရားဝင်မိတ်ဆက်လာမယ်လို့ မျှော်လင့်ပါတယ်။

Ref – GSMArena