Motorola က G Stylus (2021) ကို ကြေညာထားပြီးပါပြီ။ အခုတော့ အဲဒီ စမတ်ဖုန်းရဲ့ 5G Version ကို အမေရိကန်မှာ ဈေးဦးပေါက် ရောင်းချပေးလိုက်ပါတယ်။ ၃၉၉ ဒေါ်လာ သတ်မှတ်ထားပြီး ၆ သိန်းခွဲလောက်ကျသင့်မှာ ဖြစ်ပါတယ်။ ဒီလ ၁၄ ရက်နေ့ အမေရိကန်မှာ စတင် ရောင်းချပေးမှာ ဖြစ်ပါတယ်။

နာမည်အတိုင်းပဲ ဒစ်ဂျစ်တယ် ဘောပင် ထည့်သွင်းထားပြီး ၆.၈ လက်မ 1080x2400p LCD မျက်နှာပြင် တပ်ဆင်ထားပါတယ်။ Snapdragon 480 5G Chipset မောင်းနှင်ထားပြီး 6GB RAM နဲ့ 256GB Storage ထည့်သွင်းထားပါတယ်။ microSD Card စိုက်နိုင်ပြီး 10W Charger နဲ့ 5,000mAh ဘက်ထရီ ထောက်ပံ့ထားပါတယ်။

အနောက်ဘက်မှာ 48MP Main , 8MP 118-Degree Ultrawide , 5MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံးနဲ့ အရှေ့ဘက်မှာ 16MP Punch Hole ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ Android 11 မောင်းနှင်ထားပြီး ပလတ်စတစ် ကိုယ်ထည်နဲ့ တည်ဆောက်ထားတာက သိပ်မမိုက်ပါဘူး။ Cosmic Emerald တစ်ရောင်ထဲ ထုတ်လုပ်ထားပါတယ်။

မျက်နှာပြင်နဲ့ ကင်မရာတွေဟာ ဇန်နဝါရီလက ကြေညာခဲ့တဲ့ 4G Version နဲ့ တော်တော်တူညီပြီး Chipset , Memory , Storage နဲ့ ဘက်ထရီ ပမာဏတွေကတော့ တိုးတက်လာပါတယ်။ 4 Series Chipset ပဲ ထည့်ထားတဲ့ ဖုန်းရဲ့ ဈေးဟာ များတယ်လို့ ပြောရမှာပါ။

Ref : gsmarena