[Zawgyi]

Motorola ကုမၸဏီဟာ သူတုိ႔ရဲ႕ Moto G7 မိသားစုဝင္ဖုန္းေတြကို ၿပီးခဲ့တဲ့လက မိတ္ဆက္လာခဲ့ၿပီး ႏုိင္ငံတကာမုိဘုိင္းေစ်းကြက္ကို ျပန္လည္ထုိးေဖာက္ဖို႔ ႀကိဳးစားလာခဲ့ပါတယ္။ အႀကီးဆုံးအာရွေစ်းကြက္တစ္ခု ျဖစ္တဲ့ အိႏၵိယမွာ Moto G7 Power ဖုန္းကို အိႏၵိယရူပီးေငြ ၁၃,၉၉၉ (ျမန္မာေငြ သုံးသိန္းဝန္းက်င္) နဲ႔ တင္ပို႔လာၿပီးေနာက္မွာ အဓိက ဟန္းဆက္ျဖစ္တဲ့ Moto G7 ကိုလည္း မတ္လအတြင္း ျဖန္႔ခ်ိမယ္လို႔ ေၾကျငာလာခဲ့ပါတယ္။

Moto G7 ဖုန္းကို အိႏၵိယေစ်းကြက္သုိ႔ မတ္လ ၂၅ ရက္ေန႔မွာ စတင္မိတ္ဆက္ေပးမွာျဖစ္ၿပီး Motorola ဟာ ႏုိင္ငံအတြင္းမွာလည္း ေစ်းကြက္ျမွင့္တင္ေရးေတြ ျပဳလုပ္ေနပါၿပီ။

Moto G7 ဖုန္းရဲ႕အတြင္းပုိင္းမွာ Snapdragon 632 ခ်စ္ပ္ဆက္ကို 4GB RAM မန္မုိရီနဲ႔ တြဲဖက္လာတယ္။ မ်က္ႏွာျပင္က 6.2” လက္မအရြယ္ Full-HD+ Display ပါ။ ေနာက္ဘက္မွာ 12 MP + 5MP ကင္မရာႏွစ္လုံးပါၿပီး ဘကၳရီကေတာ့ 3,000 mAh ျဖစ္ပါတယ္။

Moto G7 မိသားစုဝင္ ဖုန္းေတြဟာ ေလးမ်ဳိးထိရွိတာေၾကာင့္ လာမယ့္ ၂၅ ရက္ေန႔မွာ မိတ္ဆက္လာမွာက ရုိးရုိး G7 တစ္ခုတည္းလား ဆုိတာေတာ့ မေသခ်ာပါဘူး။ က်န္ေသးတဲ့ G7 Plus နဲ႔ G7 Play တုိ႔ကိုလည္း မိတ္ဆက္လာဦးမလား ဆုိတာနဲ႔ ေစ်းႏႈန္းကို ေစာင့္ၾကည့္ရဦးမွာပါ။

Ref – GSM Arena

[Unicode]

Motorola ကုမ္ပဏီဟာ သူတို့ရဲ့ Moto G7 မိသားစုဝင်ဖုန်းတွေကို ပြီးခဲ့တဲ့လက မိတ်ဆက်လာခဲ့ပြီး နိုင်ငံတကာမိုဘိုင်းဈေးကွက်ကို ပြန်လည်ထိုးဖောက်ဖို့ ကြိုးစားလာခဲ့ပါတယ်။ အကြီးဆုံးအာရှဈေးကွက်တစ်ခု ဖြစ်တဲ့ အိန္ဒိယမှာ Moto G7 Power ဖုန်းကို အိန္ဒိယရူပီးငွေ ၁၃,၉၉၉ (မြန်မာငွေ သုံးသိန်းဝန်းကျင်) နဲ့ တင်ပို့လာပြီးနောက်မှာ အဓိက ဟန်းဆက်ဖြစ်တဲ့ Moto G7 ကိုလည်း မတ်လအတွင်း ဖြန့်ချိမယ်လို့ ကြေငြာလာခဲ့ပါတယ်။

Moto G7 ဖုန်းကို အိန္ဒိယဈေးကွက်သို့ မတ်လ ၂၅ ရက်နေ့မှာ စတင်မိတ်ဆက်ပေးမှာဖြစ်ပြီး Motorola ဟာ နိုင်ငံအတွင်းမှာလည်း ဈေးကွက်မြှင့်တင်ရေးတွေ ပြုလုပ်နေပါပြီ။

Moto G7 ဖုန်းရဲ့အတွင်းပိုင်းမှာ Snapdragon 632 ချစ်ပ်ဆက်ကို 4GB RAM မန်မိုရီနဲ့ တွဲဖက်လာတယ်။ မျက်နှာပြင်က 6.2” လက်မအရွယ် Full-HD+ Display ပါ။ နောက်ဘက်မှာ 12 MP + 5MP ကင်မရာနှစ်လုံးပါပြီး ဘက္ထရီကတော့ 3,000 mAh ဖြစ်ပါတယ်။

Moto G7 မိသားစုဝင် ဖုန်းတွေဟာ လေးမျိုးထိရှိတာကြောင့် လာမယ့် ၂၅ ရက်နေ့မှာ မိတ်ဆက်လာမှာက ရိုးရိုး G7 တစ်ခုတည်းလား ဆိုတာတော့ မသေချာပါဘူး။ ကျန်သေးတဲ့ G7 Plus နဲ့ G7 Play တို့ကိုလည်း မိတ်ဆက်လာဦးမလား ဆိုတာနဲ့ ဈေးနှုန်းကို စောင့်ကြည့်ရဦးမှာပါ။

Ref – GSM Arena