[Zawgyi]

Lenovo အေနနဲ႔ ၿပီးခဲ့တဲ့လက Moto Series အတြက္ လုပ္ေဆာင္မယ့္ အေၾကာင္းအရာအေတာ္မ်ားမ်ားကို ထုတ္ေဖာ္ေပးခဲ့ပါတယ္။ ဒါေပမယ့္ G Series ေတြကေတာ့ စြမ္းအင္ျပည့္ဝစြာနဲ႔ သုံးစြဲႏိုင္မယ့္ ထုတ္ကုန္အျဖစ္ ရွိေနမယ္လို႔ ယူဆရပါတယ္။

ဒီေန႔မွာေတာ့ Moto G7 Power ဟာ ထိုင္းမွာ Model နံပါတ္ XT1955-4 နဲ႔အတူ Certified ရခဲ့တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ FCC Listing မွာ ေဖာ္ျပထားတာက G7 Power ရဲ႕ ဘက္ထရီပမာဏဟာ Power User ေတြႀကိဳက္ႏွစ္သက္မယ့္ ပမာဏျဖစ္တဲ့ 5,000mAh အသုံးျပဳထားေၾကာင္း ေတြ႕ရွိရပါတယ္။

FCC ဟာ Model နံပါတ္ XT1955-4 Handset အတြက္ အ႐ြယ္အစားကိုလည္း ေဖာ္ျပထားခဲ့ပါေသးတယ္။ ဒါေၾကာင့္ Moto G7 Power ရဲ႕ ေထာင့္ျဖတ္အတိုင္းအတာဟာ 167mm ဒါမွမဟုတ္ 6.45-inch ဝန္းက်င္ျဖစ္မယ္လို႔ ဆိုရမွာပါ။ ဒါေပမယ့္ မ်က္ႏွာျပင္ရဲ႕ အ႐ြယ္အစားမွန္က 6.2-inch ဝန္းက်င္ပဲ ရွိမယ္လို႔ ခန႔္မွန္းရမွာပါ။

Moto G7 Power ဟာ အဓိက ကင္မရာတစ္လုံးတည္းကို LED Flash နဲ႔ တြဲဖက္ၿပီး ထြက္ရွိလာမယ္လို႔လည္း GSMarena က ခန႔္မွန္း ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ အနည္းဆုံး မူကြဲ ၄ မ်ိဳးေလာက္ထုတ္ၿပီး မတူညီတဲ့ ေဈးကြက္ေတြကို ျဖန႔္ခ်ိမယ္လို႔လည္း ဆိုထားပါေသးတယ္။

Model နံပါတ္ XT1955-1 ကေတာ့ Dual SIM နဲ႔ျဖစ္ၿပီး Brazil ေဈးကြက္ကို ပို႔ေဆာင္မယ္လို႔ ဆိုပါတယ္။ Model နံပါတ္ XT1955-2 ကေတာ့ Hybrid SIM Slot နဲ႔ျဖစ္ၿပီး Latin America ေဈးကြက္အတြက္လို႔ ဆိုပါတယ္။ Model နံပါတ္ XT1955-4 ကလည္း Hybrid Slot နဲ႔ပဲျဖစ္ေပမယ့္ NFC မဟုတ္ဘူးလို႔ သိရပါတယ္။ NFC (Near-Field-Communication) နဲ႔ တစ္မ်ိဳးကေတာ့ XT-1955-7 ျဖစ္ၿပီး အျပည္ျပည္ဆိုင္ရာ ေဈးကြက္အတြက္လို႔ ဆိုပါတယ္။

 

Ref: GSMarena

 

[Unicode]

Lenovo အနေနဲ့ ပြီးခဲ့တဲ့လက Moto Series အတွက် လုပ်ဆောင်မယ့် အကြောင်းအရာအတော်များများကို ထုတ်ဖော်ပေးခဲ့ပါတယ်။ ဒါပေမယ့် G Series တွေကတော့ စွမ်းအင်ပြည့်ဝစွာနဲ့ သုံးစွဲနိုင်မယ့် ထုတ်ကုန်အဖြစ် ရှိနေမယ်လို့ ယူဆရပါတယ်။

ဒီနေ့မှာတော့ Moto G7 Power ဟာ ထိုင်းမှာ Model နံပါတ် XT1955-4 နဲ့အတူ Certified ရခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် FCC listing မှာ ဖော်ပြထားတာက G7 power ရဲ့ ဘက်ထရီပမာဏဟာ Power User တွေကြိုက်နှစ်သက်မယ့် ပမာဏဖြစ်တဲ့ 5,000mAh အသုံးပြုထားကြောင်း တွေ့ရှိရပါတယ်။

FCC ဟာ Model နံပါတ် XT1955-4 handset အတွက် အရွယ်အစားကိုလည်း ဖော်ပြထားခဲ့ပါသေးတယ်။ ဒါကြောင့် Moto G7 Power ရဲ့ ထောင့်ဖြတ်အတိုင်းအတာဟာ 167mm ဒါမှမဟုတ် 6.45-inch ဝန်းကျင်ဖြစ်မယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် မျက်နှာပြင်ရဲ့ အရွယ်အစားမှန်က 6.2-inch ဝန်းကျင်ပဲ ရှိမယ်လို့ ခန့်မှန်းရမှာပါ။

Moto G7 Power ဟာ အဓိက ကင်မရာတစ်လုံးတည်းကို LED flash နဲ့ တွဲဖက်ပြီး ထွက်ရှိလာမယ်လို့လည်း GSMarena က ခန့်မှန်း ဖော်ပြထားပါတယ်။ ဒါ့အပြင် အနည်းဆုံး မူကွဲ ၄ မျိုးလောက်ထုတ်ပြီး မတူညီတဲ့ ဈေးကွက်တွေကို ဖြန့်ချိမယ်လို့လည်း ဆိုထားပါသေးတယ်။

Model နံပါတ် XT1955-1 ကတော့ Dual SIM နဲ့ဖြစ်ပြီး Brazil ဈေးကွက်ကို ပို့ဆောင်မယ်လို့ ဆိုပါတယ်။ Model နံပါတ် XT1955-2 ကတော့ hybrid SIM slot နဲ့ဖြစ်ပြီး Latin America ဈေးကွက်အတွက်လို့ ဆိုပါတယ်။ Model နံပါတ် XT1955-4 ကလည်း hybrid slot နဲ့ပဲဖြစ်ပေမယ့် NFC မဟုတ်ဘူးလို့ သိရပါတယ်။ NFC (near-field communication) နဲ့ တစ်မျိုးကတော့ XT-1955-7 ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ဈေးကွက်အတွက်လို့ ဆိုပါတယ်။

Ref: GSMarena