[Zawgyi]

Motorola ရဲ႕ လူႀကိဳက္မ်ား Mid-range စီးရီးျဖစ္တဲ့ Moto G စီးရီးဟာ သတၱမေျမာက္မ်ဳိးဆက္ကို ေရာက္လာခဲ့ပါၿပီ။ ဒီတစ္ခါ ပုိျမန္ဆန္ေကာင္းမြန္တဲ့ ခ်စ္ပ္ဆက္၊ ကင္မရာနဲ႔ အားသြင္းစနစ္ေတြ ထည့္သြင္းလာခဲ့တယ္။ ေတာင္အေမရိကေစ်းကြက္မွာ အခုစတင္ေရာင္းခ်ေနၿပီျဖစ္ေပမယ့္ ႏုိင္ငံတကာ ေစ်းကြက္ကိုေတာ့ ေဖေဖာ္ဝါရီလလည္ပုိင္းမွ ေရာက္လာမွာပါ။

Moto G7 Plus

Moto G7 Plus ကေတာ့ လက္ရွိ G စီးရီးထဲမွာ စြမ္းေဆာင္ရည္အေကာင္းဆုံးလုိ႔ ဆုိႏုိင္ၿပီး အဓိက ဆြဲေဆာင္မႈက ဓါတ္ပုံပုိင္းပါ။ သူ႕ရဲ႕ေနာက္ပုိင္းမွာ 16MP + 5MP ကင္မရာအတြဲပါဝင္ကာ အလင္းအားနည္းတဲ့ ေနရာေတြမွာ ပုံရိပ္ခ်ိန္ညွိေပးႏုိင္တဲ့ စနစ္ပါဝင္ပါတယ္။ ဆယ္ဖီကင္မရာက 12MP ျဖစ္ၿပီးေတာ့ Portrait နဲ႔ Group Selfie Mode ေတြပါဝင္တယ္။

16MP ကင္မရာဟာ ေတာက္ပတဲ့ f/1.7 Aperture ျဖစ္ၿပီး 5MP ကေတာ့ Bokkeh စတုိင္ရုိက္ကူးရာမွာ Depth Sensor အျဖစ္ လုပ္ကုိင္ေပးမွာျဖစ္ပါတယ္။ ေက်ာဘက္က ကင္မရာအတြဲဟာ 4K ဗီဒီယုိေတြကို 30fps ႏႈန္းနဲ႔ ရုိက္ကူးႏုိင္ကာ 1080p ကိုေတာ့ 120fps ႏႈန္းအထိ ရုိက္ကူးႏုိင္ပါတယ္။

G7 Plus ကို Snapdragon 636 ခ်စ္ပ္ဆက္ အသုံးျပဳထားတယ္။ 4GB RAM မန္မုိရီနဲ႔ 64GB Storage ပါဝင္ပါတယ္။ Android 9 Pie ကုိတစ္ခါတည္း ထည့္သြင္းထားတယ္။ သူဟာ 27W TurboPower အားသြင္းစနစ္ အသစ္စက္စက္ ပါဝင္တဲ့ ပထမဆုံး Moto ဟန္းဆက္ပါ။ ၁၅ မိနစ္အားသြင္းၿပီး ၁၂ နာရီၾကာေအာင္ အသုံးျပဳႏုိင္မယ္လို႔ ဆုိထားတယ္။ ဘကၳရီကေတာ့ 3,000 mAh သာရွိပါတယ္။

Moto G7 Plus ဖုန္းမွာ 6.2” LCD Display ပါဝင္ကာ Teardrop Notch နဲ႔ပါ။ 3.5mm Audio Jack ထည့္သြင္းထားသလို စတီရီယုိစပီကာေတြက Dolby Audio စနစ္ပါ။ Moto G7 ေမာ္ဒယ္အားလုံးဟာ ဥေရာပကို လာမယ့္ ေဖေဖာ္ဝါရီမွာ ဝင္ေရာက္လာမွာျဖစ္ၿပီး G7 Plus ကေတာ့ ယူရုိ ၃၀၀ (ျမန္မာေငြ ငါးသိန္းႏွစ္ေသာင္းေက်ာ္) က်သင့္မွာပါ။

Moto G7

Moto G7 ကေတာ့ အားလုံးထဲမွာ All Rounder လို႔ေခၚႏုိင္ၿပီး Plus ေမာ္ဒယ္နဲ႔ Hardware အမ်ားစု တူညီပါတယ္။ တစ္ခ်ဳိ႕ေနရာေတြကိုေတာ့ အနည္းငယ္ေလ်ာ့ထားၿပီး ေစ်းလည္း ပိုခ်ဳိတယ္။ 6.2” လက္မအရြယ္ Display တစ္ခုနဲ႔ 3,000 mAh ဘကၳရီကေတာ့ အတူတူပါပဲ။

ေနာက္ဘက္ Dual ကင္မရာမွာ 12MP (F/1.8) + 5MP Depth Sensor ျဖစ္ပါတယ္။ သူလည္း 4K ဗီဒီယုိ ေတြကို 30fps နဲ႔ရုိက္ကူးႏုိင္ၿပီး 1080p ကိုေတာ့ 60fps ႏႈန္းထိ ရုိက္ကူးႏုိင္ပါေသးတယ္။ ဆယ္ဖီကင္မရာက 8MP ပါ။ ခ်စ္ပ္ဆက္ကေတာ့ Snapdragon 632 ျဖစ္ၿပီး 636 နဲ႔ဆင္တူေပမယ့္ CPU / GPU ေတြကေတာ့ နည္းနည္း ေလ်ာ့ပါတယ္။ မန္မုိရီပုိင္းမွာေတာ့ 4GB RAM / 64GB Storage အတူတူပါပဲ။

Moto G7 Vanilla ကေတာ့ 15W TurboPower အားသြင္းစနစ္အေဟာင္းကိုပဲ ျပန္သုံးထားၿပီး ၁၅ မိနစ္ အားသြင္းရင္ ၉ နာရီထိ အသုံးျပဳႏုိင္တယ္လို႔ ဆုိပါတယ္။ ရုိးရုိးဗားရွင္း G7 ဟာ ဥေရာပမွာ ယူရို ၂၅၀ (ျမန္မာေငြ ေလးသိန္းသုံးေသာင္းေက်ာ္) က်သင့္မွာျဖစ္ကာ မတ္လအတြင္းမွ ေစ်းကြက္ထဲဝင္လာမွာျဖစ္တယ္။

Moto G7 Power

ခုနက ဖုန္းႏွစ္လုံးရဲ႕ ဘကၳရီက သိပ္နည္းေနလို႔ သေဘာမက်ဘူးလား။ Moto G7 Power ကေတာ့ ဘကၳရီ 5,000 mAh ရွိၿပီး အားတစ္ခါသြင္းၿပီးရင္ နာရီ ၆၀ ထိ အသုံးျပဳႏုိင္မယ္လို႔ ဆုိပါတယ္။ အားသြင္းစနစ္ ကေတာ့ 15W TurboPower သာျဖစ္တာေၾကာင့္ 27W စနစ္ထက္ေတာ့ ပိုၾကာၾကာသြင္းရမယ့္ပုံပါ။

Moto G7 Power မွာ 6.2” လက္မ Screen ပါဝင္ေပမယ့္ 720 x 1520p Resolution သာပါဝင္တယ္။ အတြင္းမွာ SD632 ခ်စ္ပ္ဆက္အသုံးျပဳထားကာ မန္မုိရီက 4 / 64 GB ျဖစ္ပါတယ္။

ေနာက္ဘက္ကင္မရာက 12MP (f/2.0) တစ္လုံးတည္းျဖစ္ၿပီး ေရွ႕ဆယ္ဖီကင္မရာကေတာ့ 8MP ျဖစ္ပါတယ္။ Moto G7 Power ဟာ ဥေရာပမွာ ယူရို ၂၁၀ (ျမန္မာေငြ သုံးသိန္းေျခာက္ေသာင္းေက်ာ္) က်သင့္မွာပါ။ ေနာက္လထဲမွာ အိႏၵိယေစ်းကြက္ကိုလည္း ေရာက္ရွိမွာျဖစ္လို႔ အာရွေစ်းကြက္ကို အရင္ဆုံး ဝင္ေရာက္လာတဲ့ဖုန္းတစ္ခုျဖစ္လာႏုိင္တယ္။

Moto G7 Play

အားလုံးထဲမွာ ေစ်းအခ်ဳိဆုံးကေတာ့ Moto G7 Play ျဖစ္ၿပီးေတာ့ ဥေရာပေစ်းကြက္ကုိ ယူရုိ ၁၅၀ (ျမန္မာေငြ ႏွစ္သိန္းေျခာက္ေသာင္းေက်ာ္) ျဖင့္ဝင္ေရာက္လာမွာပါ။ ဒါေပမယ့္ ဆုိက္ကလည္း ပိုေသးၿပီး 5.7” လက္မအရြယ္ 720p+ Display သာပါဝင္တယ္။

သူ႕မွာလည္း SD632 ခ်စ္ပ္ဆက္ကိုပဲ အသုံးျပဳလာေပမယ့္ မန္မုိရီကေတာ့ 2 / 32 GB သာျဖစ္ပါတယ္။ ဘကၳရီကလည္း 3,000 mAh သာျဖစ္ၿပီး အားသြင္းစနစ္က 5W ပဲရွိတယ္။ ေနာက္မွာ 13MP (f/2.0) ကင္မရာနဲ႔ ေရွ႕မွာ 8MP ဆယ္ဖီတုိ႔ ပါဝင္တယ္။ ဒါေပမယ့္ အံ့ၾသစရာေကာင္းတာက ဒီေစ်းခ်ဳိဖုန္းဟာလည္းပဲ 4K ဗီဒီယုိေတြ ရုိက္ကူးမွတ္တမ္းတင္ႏုိင္တာပါပဲ။ ဥေရာပမွာ ယူရုိ ၁၅၀ ျဖင့္ဝင္ေရာက္လာမွာျဖစ္ေပမယ့္ ေျမာက္အေမရိက ကိုေတာ့ ေဒၚလာ ၂၀၀ ဝန္းက်င္နဲ႔ ဝင္လာမွာျဖစ္လို႔ ေစ်းကြက္ကိုလိုက္ၿပီး ေစ်းႏႈန္းေတြ ကြာပါလိမ့္မယ္။

Ref – GSM Arena

[Unicode]

Motorola ရဲ့ လူကြိုက်များ Mid-range စီးရီးဖြစ်တဲ့ Moto G စီးရီးဟာ သတ္တမမြောက်မျိုးဆက်ကို ရောက်လာခဲ့ပါပြီ။ ဒီတစ်ခါ ပိုမြန်ဆန်ကောင်းမွန်တဲ့ ချစ်ပ်ဆက်၊ ကင်မရာနဲ့ အားသွင်းစနစ်တွေ ထည့်သွင်းလာခဲ့တယ်။ တောင်အမေရိကဈေးကွက်မှာ အခုစတင်ရောင်းချနေပြီဖြစ်ပေမယ့် နိုင်ငံတကာ ဈေးကွက်ကိုတော့ ဖေဖော်ဝါရီလလည်ပိုင်းမှ ရောက်လာမှာပါ။

Moto G7 Plus

Moto G7 Plus ကတော့ လက်ရှိ G စီးရီးထဲမှာ စွမ်းဆောင်ရည်အကောင်းဆုံးလို့ ဆိုနိုင်ပြီး အဓိက ဆွဲဆောင်မှုက ဓါတ်ပုံပိုင်းပါ။ သူ့ရဲ့နောက်ပိုင်းမှာ 16MP + 5MP ကင်မရာအတွဲပါဝင်ကာ အလင်းအားနည်းတဲ့ နေရာတွေမှာ ပုံရိပ်ချိန်ညှိပေးနိုင်တဲ့ စနစ်ပါဝင်ပါတယ်။ ဆယ်ဖီကင်မရာက 12MP ဖြစ်ပြီးတော့ Portrait နဲ့ Group Selfie Mode တွေပါဝင်တယ်။

16MP ကင်မရာဟာ တောက်ပတဲ့ f/1.7 Aperture ဖြစ်ပြီး 5MP ကတော့ Bokkeh စတိုင်ရိုက်ကူးရာမှာ Depth Sensor အဖြစ် လုပ်ကိုင်ပေးမှာဖြစ်ပါတယ်။ ကျောဘက်က ကင်မရာအတွဲဟာ 4K ဗီဒီယိုတွေကို 30fps နှုန်းနဲ့ ရိုက်ကူးနိုင်ကာ 1080p ကိုတော့ 120fps နှုန်းအထိ ရိုက်ကူးနိုင်ပါတယ်။

G7 Plus ကို Snapdragon 636 ချစ်ပ်ဆက် အသုံးပြုထားတယ်။ 4GB RAM မန်မိုရီနဲ့ 64GB Storage ပါဝင်ပါတယ်။ Android 9 Pie ကိုတစ်ခါတည်း ထည့်သွင်းထားတယ်။ သူဟာ 27W TurboPower အားသွင်းစနစ် အသစ်စက်စက် ပါဝင်တဲ့ ပထမဆုံး Moto ဟန်းဆက်ပါ။ ၁၅ မိနစ်အားသွင်းပြီး ၁၂ နာရီကြာအောင် အသုံးပြုနိုင်မယ်လို့ ဆိုထားတယ်။ ဘက္ထရီကတော့ 3,000 mAh သာရှိပါတယ်။

Moto G7 Plus ဖုန်းမှာ 6.2” LCD Display ပါဝင်ကာ Teardrop Notch နဲ့ပါ။ 3.5mm Audio Jack ထည့်သွင်းထားသလို စတီရီယိုစပီကာတွေက Dolby Audio စနစ်ပါ။ Moto G7 မော်ဒယ်အားလုံးဟာ ဥရောပကို လာမယ့် ဖေဖော်ဝါရီမှာ ဝင်ရောက်လာမှာဖြစ်ပြီး G7 Plus ကတော့ ယူရို ၃၀၀ (မြန်မာငွေ ငါးသိန်းနှစ်သောင်းကျော်) ကျသင့်မှာပါ။

Moto G7

Moto G7 ကတော့ အားလုံးထဲမှာ All Rounder လို့ခေါ်နိုင်ပြီး Plus မော်ဒယ်နဲ့ Hardware အများစု တူညီပါတယ်။ တစ်ချို့နေရာတွေကိုတော့ အနည်းငယ်လျော့ထားပြီး ဈေးလည်း ပိုချိုတယ်။ 6.2” လက်မအရွယ် Display တစ်ခုနဲ့ 3,000 mAh ဘက္ထရီကတော့ အတူတူပါပဲ။

နောက်ဘက် Dual ကင်မရာမှာ 12MP (F/1.8) + 5MP Depth Sensor ဖြစ်ပါတယ်။ သူလည်း 4K ဗီဒီယို တွေကို 30fps နဲ့ရိုက်ကူးနိုင်ပြီး 1080p ကိုတော့ 60fps နှုန်းထိ ရိုက်ကူးနိုင်ပါသေးတယ်။ ဆယ်ဖီကင်မရာက 8MP ပါ။ ချစ်ပ်ဆက်ကတော့ Snapdragon 632 ဖြစ်ပြီး 636 နဲ့ဆင်တူပေမယ့် CPU / GPU တွေကတော့ နည်းနည်း လျော့ပါတယ်။ မန်မိုရီပိုင်းမှာတော့ 4GB RAM / 64GB Storage အတူတူပါပဲ။

Moto G7 Vanilla ကတော့ 15W TurboPower အားသွင်းစနစ်အဟောင်းကိုပဲ ပြန်သုံးထားပြီး ၁၅ မိနစ် အားသွင်းရင် ၉ နာရီထိ အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ ရိုးရိုးဗားရှင်း G7 ဟာ ဥရောပမှာ ယူရို ၂၅၀ (မြန်မာငွေ လေးသိန်းသုံးသောင်းကျော်) ကျသင့်မှာဖြစ်ကာ မတ်လအတွင်းမှ ဈေးကွက်ထဲဝင်လာမှာဖြစ်တယ်။

Moto G7 Power

ခုနက ဖုန်းနှစ်လုံးရဲ့ ဘက္ထရီက သိပ်နည်းနေလို့ သဘောမကျဘူးလား။ Moto G7 Power ကတော့ ဘက္ထရီ 5,000 mAh ရှိပြီး အားတစ်ခါသွင်းပြီးရင် နာရီ ၆၀ ထိ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ အားသွင်းစနစ် ကတော့ 15W TurboPower သာဖြစ်တာကြောင့် 27W စနစ်ထက်တော့ ပိုကြာကြာသွင်းရမယ့်ပုံပါ။

Moto G7 Power မှာ 6.2” လက်မ Screen ပါဝင်ပေမယ့် 720 x 1520p Resolution သာပါဝင်တယ်။ အတွင်းမှာ SD632 ချစ်ပ်ဆက်အသုံးပြုထားကာ မန်မိုရီက 4 / 64 GB ဖြစ်ပါတယ်။

နောက်ဘက်ကင်မရာက 12MP (f/2.0) တစ်လုံးတည်းဖြစ်ပြီး ရှေ့ဆယ်ဖီကင်မရာကတော့ 8MP ဖြစ်ပါတယ်။ Moto G7 Power ဟာ ဥရောပမှာ ယူရို ၂၁၀ (မြန်မာငွေ သုံးသိန်းခြောက်သောင်းကျော်) ကျသင့်မှာပါ။ နောက်လထဲမှာ အိန္ဒိယဈေးကွက်ကိုလည်း ရောက်ရှိမှာဖြစ်လို့ အာရှဈေးကွက်ကို အရင်ဆုံး ဝင်ရောက်လာတဲ့ဖုန်းတစ်ခုဖြစ်လာနိုင်တယ်။

Moto G7 Play

အားလုံးထဲမှာ ဈေးအချိုဆုံးကတော့ Moto G7 Play ဖြစ်ပြီးတော့ ဥရောပဈေးကွက်ကို ယူရို ၁၅၀ (မြန်မာငွေ နှစ်သိန်းခြောက်သောင်းကျော်) ဖြင့်ဝင်ရောက်လာမှာပါ။ ဒါပေမယ့် ဆိုက်ကလည်း ပိုသေးပြီး 5.7” လက်မအရွယ် 720p+ Display သာပါဝင်တယ်။

သူ့မှာလည်း SD632 ချစ်ပ်ဆက်ကိုပဲ အသုံးပြုလာပေမယ့် မန်မိုရီကတော့ 2 / 32 GB သာဖြစ်ပါတယ်။ ဘက္ထရီကလည်း 3,000 mAh သာဖြစ်ပြီး အားသွင်းစနစ်က 5W ပဲရှိတယ်။ နောက်မှာ 13MP (f/2.0) ကင်မရာနဲ့ ရှေ့မှာ 8MP ဆယ်ဖီတို့ ပါဝင်တယ်။ ဒါပေမယ့် အံ့သြစရာကောင်းတာက ဒီဈေးချိုဖုန်းဟာလည်းပဲ 4K ဗီဒီယိုတွေ ရိုက်ကူးမှတ်တမ်းတင်နိုင်တာပါပဲ။ ဥရောပမှာ ယူရို ၁၅၀ ဖြင့်ဝင်ရောက်လာမှာဖြစ်ပေမယ့် မြောက်အမေရိက ကိုတော့ ဒေါ်လာ ၂၀၀ ဝန်းကျင်နဲ့ ဝင်လာမှာဖြစ်လို့ ဈေးကွက်ကိုလိုက်ပြီး ဈေးနှုန်းတွေ ကွာပါလိမ့်မယ်။

Ref – GSM Arena