[Zawgyi]

Moto G7 စမတ္ဖုန္းဟာ ၂၀၁၉ ခုႏွစ္ အေစာပိုင္းမွာထြက္မယ့္ Mid-range စမတ္ဖုန္းေတြထဲက စိတ္ဝင္စားအခံရဆုံး ထုတ္ကုန္ျဖစ္ၿပီး ေစ်းကြက္ထဲ မေရာက္လာခင္မွာ အခ်က္အလက္ေတြ ေတာ္ေတာ္မ်ားမ်ား ထြက္ေပၚလာခဲ့ပါၿပီ။

ေနာက္ဆုံးေပၚထြက္လာတဲ့ အခ်က္အလက္က သူ႕ရဲ႕ကိုယ္ထည္ကို ရွင္းရွင္းလင္းလင္းျမင္ရတဲ့ Render ပုံရိပ္ေတြပါ။ ဒီဓါတ္ပုံေတြမွာ Moto G7 ကိုဘက္ေပါင္းစုံက ျမင္ရတာေၾကာင့္ သူ႕ရဲ႕ေနာက္ဘက္က Dual-camera အစံုနဲ႔ Fingerprint တုိ႔အျပင္ ေရွ႕ဘက္က Teardrop Notch တစ္ခုနဲ႔ Button ေတြကိုပါ စုံစုံလင္လင္ ေတြ႕ခဲ့ရပါတယ္။

Moto G7 ရဲ႕ညာဘက္ေဘးမွာ Power နဲ႔ Volume Button ေတြရွိေနၿပီး ေအာက္ဘက္မွာေတာ့ စပီကာ၊ USB-C နဲ႔ 3.5mm Audio Jack တုိ႔ကို ျမင္ရပါတယ္။ သူ႕ရဲ႕ေရွ႕မ်ဳိးဆက္နဲ႔ယွဥ္ၾကည့္ရင္ Moto G7 ဟာ စပီကာကို ဖုန္းရဲ႕ေရွ႕ဘက္ကေန ေအာက္ကို ေျပာင္းေရႊ႕လုိက္တာပါ။

လက္ရွိ Lenovo မွပုိင္ဆုိင္ေနတဲ့ Motorola မုိဘုိင္းထုတ္လုပ္ေရးဟာ Moto G7 မိသားစုဝင္အျဖစ္ ဟန္းဆက္ေလးမ်ဳိးေလးစား ထုတ္လုပ္လာမွာျဖစ္ပါတယ္။ အဲ့ဒါေတြကေတာ့ Teardrop Notch ပါတဲ့ Moto G7 နဲ႔ G7 Plus စမတ္ဖုန္းႏွစ္မ်ဳိး၊ ပုံမွန္ Notch တစ္ခုစီပါတဲ့ Moto G7 Play နဲ႔ Moto G7 Power ဆုိၿပီးေတာ့ပါ။

Moto G7 နဲ႔ G7 Plus တုိ႔ကေတာ့ Plus ေမာ္ဒယ္မွာ ပိုႀကီးတဲ့ Screen နဲ႔ဘကၳရီတုိ႔ ပါတာကလြဲရင္ က်န္တဲ့ Spec ေတြတူညီဖို႔မ်ားပါတယ္။ Moto G7 Play နဲ႔ Power ေမာ္ဒယ္ေတြက ဘကၳရီပုိင္းမွာ ပိုအားသာမွာျဖစ္ကာ G7 Power ဟန္းဆက္မွာ 5,000mAh ဘကၳရီႀကီး ပါဝင္မွာပါ။

Moto G7 စမတ္ဖုန္းသစ္ကို ေဖေဖာ္ဝါရီလမွာ က်င္းပမယ့္ Mobile World Congress (MWC) 2019 ပြဲေတာ္ရဲ႕ အစကာလမွာ ေၾကျငာလာမယ္လို႔ ယူဆရပါတယ္။

Ref – GSM Arena

[Unicode]

Moto G7 စမတ်ဖုန်းဟာ ၂၀၁၉ ခုနှစ် အစောပိုင်းမှာထွက်မယ့် Mid-range စမတ်ဖုန်းတွေထဲက စိတ်ဝင်စားအခံရဆုံး ထုတ်ကုန်ဖြစ်ပြီး ဈေးကွက်ထဲ မရောက်လာခင်မှာ အချက်အလက်တွေ တော်တော်များများ ထွက်ပေါ်လာခဲ့ပါပြီ။

နောက်ဆုံးပေါ်ထွက်လာတဲ့ အချက်အလက်က သူ့ရဲ့ကိုယ်ထည်ကို ရှင်းရှင်းလင်းလင်းမြင်ရတဲ့ Render ပုံရိပ်တွေပါ။ ဒီဓါတ်ပုံတွေမှာ Moto G7 ကိုဘက်ပေါင်းစုံက မြင်ရတာကြောင့် သူ့ရဲ့နောက်ဘက်က Dual-camera အစုံနဲ့ Fingerprint တို့အပြင် ရှေ့ဘက်က Teardrop Notch တစ်ခုနဲ့ Button တွေကိုပါ စုံစုံလင်လင် တွေ့ခဲ့ရပါတယ်။

Moto G7 ရဲ့ညာဘက်ဘေးမှာ Power နဲ့ Volume Button တွေရှိနေပြီး အောက်ဘက်မှာတော့ စပီကာ၊ USB-C နဲ့ 3.5mm Audio Jack တို့ကို မြင်ရပါတယ်။ သူ့ရဲ့ရှေ့မျိုးဆက်နဲ့ယှဉ်ကြည့်ရင် Moto G7 ဟာ စပီကာကို ဖုန်းရဲ့ရှေ့ဘက်ကနေ အောက်ကို ပြောင်းရွှေ့လိုက်တာပါ။

လက်ရှိ Lenovo မှပိုင်ဆိုင်နေတဲ့ Motorola မိုဘိုင်းထုတ်လုပ်ရေးဟာ Moto G7 မိသားစုဝင်အဖြစ် ဟန်းဆက်လေးမျိုးလေးစား ထုတ်လုပ်လာမှာဖြစ်ပါတယ်။ အဲ့ဒါတွေကတော့ Teardrop Notch ပါတဲ့ Moto G7 နဲ့ G7 Plus စမတ်ဖုန်းနှစ်မျိုး၊ ပုံမှန် Notch တစ်ခုစီပါတဲ့ Moto G7 Play နဲ့ Moto G7 Power ဆိုပြီးတော့ပါ။

Moto G7 နဲ့ G7 Plus တို့ကတော့ Plus မော်ဒယ်မှာ ပိုကြီးတဲ့ Screen နဲ့ဘက္ထရီတို့ ပါတာကလွဲရင် ကျန်တဲ့ Spec တွေတူညီဖို့များပါတယ်။ Moto G7 Play နဲ့ Power မော်ဒယ်တွေက ဘက္ထရီပိုင်းမှာ ပိုအားသာမှာဖြစ်ကာ G7 Power ဟန်းဆက်မှာ 5,000mAh ဘက္ထရီကြီး ပါဝင်မှာပါ။

Moto G7 စမတ်ဖုန်းသစ်ကို ဖေဖော်ဝါရီလမှာ ကျင်းပမယ့် Mobile World Congress (MWC) 2019 ပွဲတော်ရဲ့ အစကာလမှာ ကြေငြာလာမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena