Unicode

Motorola ကနေ Mid-range စမတ်ဖုန်းတွေဖြစ်တဲ့ Moto G8 Play နဲ့ Moto G8 Plus စမတ်ဖုန်းတွေကို မနှစ်တုန်းက မိတ်ဆက်ခဲ့ပါတယ်။ အခုအချိန်မှာတော့ နောက်ထပ် Moto G8 Series ဖုန်းသစ် ၂ မျိုးဖြစ်တဲ့ Moto G8 နဲ့ Moto G8 Power စမတ်ဖုန်းတွေကို ထပ်ပြီး မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။

XDA-Developers ကနေ ယခု Moto G8 နဲ့ Moto G8 Power ဖုန်းတွေရဲ့ အဓိက Specs တွေကို ဖော်ပြခဲ့တာဖြစ်ပြီးတော့ ယခင် Moto G8 ဖုန်းတွေလိုမျိုးပဲ Mid Range စမတ်ဖုန်းအနေနဲ့ပဲ ထွက်ရှိလာမှာပါ။

ဒီထဲမှာ Moto G8 ကတော့ စျေးပိုသက်သာနိုင်ပြီး Snapdragon 665 Processor ၊ 6.39″ HD+ Display နဲ့ Selfie Camera ကို Punch Hole Design နဲ့ မိတ်ဆက်လာမှာဖြစ်ပါတယ်။ Display အနေနဲ့ LCD ကိုပဲ အသုံးပြုလာမှာဖြစ်တဲ့အတွက် Fingerprint Sensor က ဖုန်းရဲ့ နောက်ကျောဘက်မှာပဲ ထည့်သွင်းလာနိုင်ပါတယ်။

Camera ပိုင်းအနေနဲ့ကတော့ 16MP f1.7 Primary Sensor ၊ 8MP Ultrawide Sensor နဲ့ 2MP f2.2 Macro Sensor တွေပါဝင်မှာဖြစ်ပြီး Selfie Camera အနေနဲ့ကတော့ 8MP Sensor ပါဝင်မှာဖြစ်ပါတယ်။ Battery အနေနဲ့ 4000mAh Battery ပါဝင်မှာဖြစ်ပေမယ့် 10W Charging ကိုပဲ Support ပြုလုပ်မှာပါ။

Moto G8 Power စမတ်ဖုန်းကတော့ တူညီတဲ့ Snapdragon 665 Processor ကိုပဲ အသုံးပြုလာမှာဖြစ်ပေမယ့် 6.36″ FullHD+ LCD Display အပြင် 25MP Selfie Camera ကိုပါ Punch Hole Design နဲ့အသုံးပြုလာမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Back Camera ပိုင်းမှာလည်း Moto G8 ရဲ့ Triple Camera Setup ကိုမှ နောက်ထပ် 8MP f2.4 Telephoto Sensor ပါဝင်ဦးမှာဖြစ်ပြီး Quad Camera Setup ဖြစ်လာမယ်လို့ သိရပါတယ်။

Battery ပိုင်းမှာလည်း 5000mAh Battery ပါဝင်မှာဖြစ်ပြီး 18W Quick Charge 3.0 ကို Support ပြုလုပ်မှာဖြစ်ပါတယ်။ ယခု Moto G8 နဲ့ G8 Power စမတ်ဖုန်း ၂ မျိုးစလုံးဟာ Pure Android နီးပါးတူညီတဲ့ Android 10 OS နဲ့ မိတ်ဆက်လာဖို့များနေပါတယ်။

Ref – GSM Arena

Zawgyi

Motorola ကေန Mid-range စမတ္ဖုန္းေတြျဖစ္တဲ့ Moto G8 Play နဲ႔ Moto G8 Plus စမတ္ဖုန္းေတြကို မႏွစ္တုန္းက မိတ္ဆက္ခဲ့ပါတယ္။ အခုအခ်ိန္မွာေတာ့ ေနာက္ထပ္ Moto G8 Series ဖုန္းသစ္ ၂ မ်ိဳးျဖစ္တဲ့ Moto G8 နဲ႔ Moto G8 Power စမတ္ဖုန္းေတြကို ထပ္ၿပီး မိတ္ဆက္လာေတာ့မွာျဖစ္ပါတယ္။

XDA-Developers ကေန ယခု Moto G8 နဲ႔ Moto G8 Power ဖုန္းေတြရဲ႕ အဓိက Specs ေတြကို ေဖာ္ျပခဲ့တာျဖစ္ၿပီးေတာ့ ယခင္ Moto G8 ဖုန္းေတြလိုမ်ိဳးပဲ Mid Range စမတ္ဖုန္းအေနနဲ႔ပဲ ထြက္ရွိလာမွာပါ။

ဒီထဲမွာ Moto G8 ကေတာ့ ေစ်းပိုသက္သာႏိုင္ၿပီး Snapdragon 665 Processor ၊ 6.39″ HD+ Display နဲ႔ Selfie Camera ကို Punch Hole Design နဲ႔ မိတ္ဆက္လာမွာျဖစ္ပါတယ္။ Display အေနနဲ႔ LCD ကိုပဲ အသုံးျပဳလာမွာျဖစ္တဲ့အတြက္ Fingerprint Sensor က ဖုန္းရဲ႕ ေနာက္ေက်ာဘက္မွာပဲ ထည့္သြင္းလာႏိုင္ပါတယ္။

Camera ပိုင္းအေနနဲ႔ကေတာ့ 16MP f1.7 Primary Sensor ၊ 8MP Ultrawide Sensor နဲ႔ 2MP f2.2 Macro Sensor ေတြပါဝင္မွာျဖစ္ၿပီး Selfie Camera အေနနဲ႔ကေတာ့ 8MP Sensor ပါဝင္မွာျဖစ္ပါတယ္။ Battery အေနနဲ႔ 4000mAh Battery ပါဝင္မွာျဖစ္ေပမယ့္ 10W Charging ကိုပဲ Support ျပဳလုပ္မွာပါ။

Moto G8 Power စမတ္ဖုန္းကေတာ့ တူညီတဲ့ Snapdragon 665 Processor ကိုပဲ အသုံးျပဳလာမွာျဖစ္ေပမယ့္ 6.36″ FullHD+ LCD Display အျပင္ 25MP Selfie Camera ကိုပါ Punch Hole Design နဲ႔အသုံးျပဳလာမွာျဖစ္ပါတယ္။ ဒါတင္မဟုတ္ေသးဘဲ Back Camera ပိုင္းမွာလည္း Moto G8 ရဲ႕ Triple Camera Setup ကိုမွ ေနာက္ထပ္ 8MP f2.4 Telephoto Sensor ပါဝင္ဦးမွာျဖစ္ၿပီး Quad Camera Setup ျဖစ္လာမယ္လို႔ သိရပါတယ္။

Battery ပိုင္းမွာလည္း 5000mAh Battery ပါဝင္မွာျဖစ္ၿပီး 18W Quick Charge 3.0 ကို Support ျပဳလုပ္မွာျဖစ္ပါတယ္။ ယခု Moto G8 နဲ႔ G8 Power စမတ္ဖုန္း ၂ မ်ိဳးစလုံးဟာ Pure Android နီးပါးတူညီတဲ့ Android 10 OS နဲ႔ မိတ္ဆက္လာဖို႔မ်ားေနပါတယ္။

Ref – GSM Arena