[Zawgyi]




Ref : gsmarena

[Unicode]

အနောက်ကင်မရာ ၃ လုံးတပ် တန်ဖိုးသင့် Moto G8 Play ကို မိတ်ဆက်ပြီ

Motorola က Moto G8 Plus နဲ့ E6 Play ကို ကြေညာလိုက်ပါတယ်။ Moto G8 Plus ကတော့ ဈေးနည်းနည်းများပါတယ်။ ဒါပေမယ့် ကုမ္ပဏီက ဈေးသက်သာတဲ့ မော်ဒယ်ကို ဖန်တီးပေးထားပါတယ်။ အဲဒါကတော့ Moto G8 Play ဖြစ်ပြီး လက်တင်အမေရိကန်နိုင်ငံတွေမှာ ရောင်းချပေးထားပါတယ်။ ၂၇၂ ဒေါ်လာလောက်ရှိပြီး မြန်မာငွေ ၄ သိန်းလောက် ကျသင့်နိုင်ပါတယ်။

Moto G8 Play မှာ Mediatek Helio P70M Chipset မောင်းနှင်ထားပါတယ်။ ၆.၂ လက်မ LCD Display တပ်ဆင်ထားပြီး HD+ Resolution ဖြစ်ပါတယ်။ 2GB RAM , 32GB Storage ထည့်သွင်းထားပြီး 512GB microSD Card စိုက်နိုင်ပါတယ်။ Moto G8 Plus မှာလို G8 Play မှာ အနောက်ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး ပင်မကင်မရာက 13MP ဖြစ်ပါတယ်။ မြင်ကွင်းကျယ် ကင်မရာက 8MP နဲ့ Depth Sensor ၁ လုံး ထည့်သွင်းထားပါတယ်။ ကင်မရာတွေရဲ့ အောက်မှာ LED Flash ၁ လုံး တပ်ဆင်ထားပါတယ်။

Waterdrop Notch မှာ 8MP Selfie Camera တပ်ဆင်ထားပါတယ်။ 4,000mAh Battery ထည့်သွင်းထားပြီး Android Pie မောင်းနှင်ထားပါတယ်။ USB-C Port က အားသွင်းတာ၊ ဒေတာ ကူးပြောင်းတာတွေ လုပ်ရင် မြန်ပါတယ်။ 3.5mm Audio Jack ကိုအောက်ခြေမှာ တပ်ဆင်ထားပါတယ်။ အနက်နဲ့ အနီရောင်တွေ ထုတ်လုပ်ထားပြီး ဘရာဇီး၊ မက္ကဆီကို၊ ချီလီနဲ့ ပီရူး နိုင်ငံတွေမှာ ဝယ်ယူနိုင်ပါတယ်။

Ref : gsmarena