Zawgyi

ေအာက္တုိဘာလကုန္မွာ မိတ္ဆက္မယ့္ Motorola ရဲ႕ G8 ထုတ္ကုန္လိုင္းနဲ႔ပတ္သက္ၿပီး သတင္းေတြ ခပ္စိတ္စိတ္ထြက္ေပၚေနပါတယ္။ ရက္အနည္းငယ္က Moto G8 Plus ရဲ႕ ပထမဆုံးပုံရိပ္ကို ျမင္ေတြ႕ခဲ့ရၿပီးေနာက္ ယေန႔မွာ Moto G8 Play ရဲ႕ Render ပုံရိပ္ေတြပါ ထြက္ေပၚလာပါၿပီ။

ရုတ္တရက္ၾကည့္ရင္ေတာ့ Moto G8 Play ဟာ G8 Plus နဲ႔ ေတာ္ေတာ္ဆင္တူေပမယ့္ ေသခ်ာၾကည့္ရင္ အနည္းငယ္ ပိုႀကီးတဲ့ Waterdrop Notch တစ္ခုနဲ႔ ေနာက္ဘက္မွာ G8 Plus ထက္ ကင္မရာတစ္လုံးေလ်ာ့ေနတာကို ျမင္ရမွာပါ။

Moto G8 Play စမတ္ဖုန္းမွာ အဓိကကင္မရာအျဖစ္ 48MP ပါဝင္လာၿပီး 16MP Ultra-wide ကင္မရာနဲ႔ Depth Sensor တုိ႔ျဖင့္ တြဲဖက္လာမယ္လို႔ ယူဆရပါတယ္။ သူ႕ရဲ႕ေဘးမွာေတာ့ Motorola ရဲ႕ အမွတ္တံဆိပ္နဲ႔ Fingerprint Scanner ကုိပါေတြ႕ရမွာပါ။ ညာဘက္ျခမ္းမွာ ပါဝါနဲ႔ အသံခလုတ္ေတြကို ျမင္ရၿပီး ေအာက္ဘက္မွာ USB Type-C port တစ္ခု၊ မုိက္ကရုိဖုန္းနဲ႔ စပီကာေပါက္တုိ႔ကို ေတြ႕ရမွာပါ။

Moto G8 Play ဟာ 5.7” လက္မအရြယ္ HD+ Display တစ္ခုနဲ႔ ထြက္လာမွာျဖစ္ၿပီး အတြင္းပိုင္းမွာ Helio P60 သို႔မဟုတ္ P70 ခ်စ္ပ္ဆက္ကို အသုံးျပဳလာမယ္လို႔ ခန္႔မွန္းထားပါတယ္။ မန္မုိရီကေတာ့ 3GB / 4GB RAM နဲ႔ 32GB / 64GB Storage ဆုိၿပီး ေရြးခ်ယ္ႏုိင္မွာပါ။ ဘကၳရီကေတာ့ 4,000 mAh လို႔ သတင္းထြက္ထားၿပီး Dual SIM ျဖစ္ပါတယ္။

Moto G8 ထုတ္ကုန္လုိင္းအပ္ဟာ လာမယ့္ေအာက္တုိဘာ ၂၄ ရက္ေန႔မွာ မိတ္ဆက္ေၾကညာလာမွာျဖစ္ၿပီး စမတ္ဖုန္းေစ်းကြက္ထဲကို Motorola ရဲ႕ တေၾကာ့ျပန္ထိုးေဖာက္မႈက ဘယ္ေလာက္ထိေရာက္မလဲဆုိတာ ေစာင့္ၾကည့္ရဦးမွာပါ။

Ref – GSM Arena

Unicode

အောက်တိုဘာလကုန်မှာ မိတ်ဆက်မယ့် Motorola ရဲ့ G8 ထုတ်ကုန်လိုင်းနဲ့ပတ်သက်ပြီး သတင်းတွေ ခပ်စိတ်စိတ်ထွက်ပေါ်နေပါတယ်။ ရက်အနည်းငယ်က Moto G8 Plus ရဲ့ ပထမဆုံးပုံရိပ်ကို မြင်တွေ့ခဲ့ရပြီးနောက် ယနေ့မှာ Moto G8 Play ရဲ့ Render ပုံရိပ်တွေပါ ထွက်ပေါ်လာပါပြီ။

ရုတ်တရက်ကြည့်ရင်တော့ Moto G8 Play ဟာ G8 Plus နဲ့ တော်တော်ဆင်တူပေမယ့် သေချာကြည့်ရင် အနည်းငယ် ပိုကြီးတဲ့ Waterdrop Notch တစ်ခုနဲ့ နောက်ဘက်မှာ G8 Plus ထက် ကင်မရာတစ်လုံးလျော့နေတာကို မြင်ရမှာပါ။

Moto G8 Play စမတ်ဖုန်းမှာ အဓိကကင်မရာအဖြစ် 48MP ပါဝင်လာပြီး 16MP Ultra-wide ကင်မရာနဲ့ Depth Sensor တို့ဖြင့် တွဲဖက်လာမယ်လို့ ယူဆရပါတယ်။ သူ့ရဲ့ဘေးမှာတော့ Motorola ရဲ့ အမှတ်တံဆိပ်နဲ့ Fingerprint Scanner ကိုပါတွေ့ရမှာပါ။ ညာဘက်ခြမ်းမှာ ပါဝါနဲ့ အသံခလုတ်တွေကို မြင်ရပြီး အောက်ဘက်မှာ USB Type-C port တစ်ခု၊ မိုက်ကရိုဖုန်းနဲ့ စပီကာပေါက်တို့ကို တွေ့ရမှာပါ။

Moto G8 Play ဟာ 5.7” လက်မအရွယ် HD+ Display တစ်ခုနဲ့ ထွက်လာမှာဖြစ်ပြီး အတွင်းပိုင်းမှာ Helio P60 သို့မဟုတ် P70 ချစ်ပ်ဆက်ကို အသုံးပြုလာမယ်လို့ ခန့်မှန်းထားပါတယ်။ မန်မိုရီကတော့ 3GB / 4GB RAM နဲ့ 32GB / 64GB Storage ဆိုပြီး ရွေးချယ်နိုင်မှာပါ။ ဘက္ထရီကတော့ 4,000 mAh လို့ သတင်းထွက်ထားပြီး Dual SIM ဖြစ်ပါတယ်။

Moto G8 ထုတ်ကုန်လိုင်းအပ်ဟာ လာမယ့်အောက်တိုဘာ ၂၄ ရက်နေ့မှာ မိတ်ဆက်ကြေညာလာမှာဖြစ်ပြီး စမတ်ဖုန်းဈေးကွက်ထဲကို Motorola ရဲ့ တကြော့ပြန်ထိုးဖောက်မှုက ဘယ်လောက်ထိရောက်မလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။

Ref – GSM Arena