Zawgyi

Motorola ဟာ ၂၀၁၉ ခုႏွစ္အတြင္းမွာ စမတ္ဖုန္းထုတ္ကုန္ေတြကို အဆက္မျပတ္ထုတ္လုပ္ေနၿပီး ယခုအခါ Moto G8 Plus နဲ႔ E6 Play တုိ႔အလွည့္ျဖစ္ပါတယ္။ ဒီဖုန္းအသစ္ႏွစ္လုံးအျပင္ မၾကာေသးခင္က မိတ္ဆက္ထားတဲ့ Moto One Macro ဖုန္းကိုလည္း ႏုိင္ငံတကာေစ်းကြက္သုိ႔ ေစလႊတ္ဖို႔အသင့္ျဖစ္ေနၿပီး ဥေရာပေစ်းကြက္မွာေတာ့ ယူရုိ ၂၂၉ (ျမန္မာေငြ သုံးသိန္းကုိးေသာင္းခန္႔) ေစ်းႏႈန္းသတ္မွတ္ထားပါတယ္။

Moto G8 Plus

Moto G စီးရီးအတြက္ ေနာက္ဆုံးထြက္အဖြဲ႕ဝင္အသစ္ G8 Plus ဟာ အသင့္အတင့္ေကာင္းမြန္တဲ့ Midranger တစ္ေယာက္ပါ။ ေရွ႕ဘက္မွာ 6.3” လက္မအရြယ္ IPS Display ပါဝင္ၿပီး FHD+ Resolution ရရွိႏုိင္ကာ Waterdrop Notch ေသးေသးေလးထဲမွာ 25MP Selfie ကင္မရာထည့္သြင္းထားတယ္။

ေနာက္ဘက္မွာေတာ့ 48MP F/1.7 အဓိက ကင္မရာနဲ႔အတူ 16MP F/2.2 Ultrawide နဲ႔ 5MP Depth Sensor တုိ႔ ပါဝင္ပါတယ္။ ေလးခုေျမာက္ Cutout ေနရာကေတာ့ Laser Autofocus Module အတြက္ျဖစ္ပါတယ္။ ကင္မရာရဲ႕ ညာဘက္မွာ Moto လုိဂုိေလးနဲ႔ Fingerprint Reader ကုိျမင္ရမွာပါ။

G8 Plus ရဲ႕အတြင္းပုိင္းမွာ Snapdragon 665 ခ်စ္ပ္ဆက္ကို အသုံးျပဳထားၿပီး မန္မုိရီက 4GB RAM နဲ႔ 64GB Storage အတြဲျဖစ္ပါတယ္။ ဘကၳရီက 4,000 mAh ျဖစ္ၿပီး 18W အားအျမန္သြင္းစနစ္ ေထာက္ပံ့ေပးထားတယ္။ စက္ႏွင္စနစ္က Android 9 Pie ပါ။

Moto G8 Plus စမတ္ဖုန္းသစ္ကို ေအာက္တိုဘာ ၂၈ ရက္ေန႔ကေန စတင္ကာ ေစ်းကြက္ထဲ တင္ပို႔လာမွာျဖစ္ၿပီး Cosmic Blue နဲ႔ Crystal Pink ကာလာႏွစ္မ်ဳိးနဲ႔ထြက္လာမွာပါ။ ေစ်းႏႈန္းက ယူရုိ ၂၆၉ (ျမန္မာေငြ ေလးသိန္းခြဲ) သတ္မွတ္ထားပါတယ္။

Moto E6 Play

အခုႏွစ္အေစာပုိင္းမွာ ထြက္ထားတဲ့ ရုိးရုိး Moto E6 နဲ႔ မမွားေစခ်င္ပါဘူး။ Moto E6 Play ဟာ ကုမၸဏီရဲ႕ ထုတ္ကုန္ေတြထဲမွာ ေစ်းအခ်ဳိဆုံးစမတ္ဖုန္းတစ္ခုျဖစ္ၿပီး ယူရုိ ၁၀၉ (ျမန္မာေငြ တစ္သိန္းကုိးေသာင္းနီးပါး) သာရွိပါတယ္။ Moto E6 Play မွာ 5.5” လက္မ HD+ Display တစ္ခုပါဝင္ၿပီး ျမင္ကြင္းအခ်ဳိး 18:9 ရွိတဲ့ ဖုန္းဟာ အေပၚနဲ႔ ေအာက္မွာ သိသာတဲ့ Bezel ေဘာင္ေတြနဲ႔ပါ။

ေနာက္ဘက္မွာေတာ့ Motorola ရဲ႕ဒီဇုိင္းအသစ္နဲ႔အတူ 13MP f/2.2 ကင္မရာတစ္လုံးတည္းကို ေတြ႕ရပါတယ္။ Motorola ရဲ႕ ရုိးရာအတုိင္း သူ႕လိုဂုိနဲ႔ Fingerprint ပါဝင္ၿပီး Selfie ကင္မရာက 5MP ပါ။ အတြင္းပိုင္းမွာ MediaTek MT6739 ခ်စ္ပ္ဆက္ကို 2GB RAM နဲ႔ 32GB Storage ေတြနဲ႔ တြဲဖက္ထားတယ္။ ဘကၳရီက 3,000 mAh ျဖစ္ၿပီး သူလည္း Android Pie နဲ႔ပါပဲ။

ေစ်းႏႈန္းခ်ဳိသာတယ္ဆုိေပမယ့္ ၂၀၁၉ ရဲ႕ စံႏႈန္းနဲ႔ၾကည့္ရင္ေတာ့ ခ်ီးက်ဴးစရာမေကာင္းလွတဲ့ Moto E6 Play ဟာ ဥေရာပေစ်းကြက္ကို ၂၀၂၀ ႏွစ္စမွ ေရာက္လာမွာျဖစ္ၿပီး Ocean Blue နဲ႔ Black ကာလာႏွစ္မ်ဳိး ထြက္ရွိလာမွာပါ။

Ref – GSM Arena

Unicode

Motorola ဟာ ၂၀၁၉ ခုနှစ်အတွင်းမှာ စမတ်ဖုန်းထုတ်ကုန်တွေကို အဆက်မပြတ်ထုတ်လုပ်နေပြီး ယခုအခါ Moto G8 Plus နဲ့ E6 Play တို့အလှည့်ဖြစ်ပါတယ်။ ဒီဖုန်းအသစ်နှစ်လုံးအပြင် မကြာသေးခင်က မိတ်ဆက်ထားတဲ့ Moto One Macro ဖုန်းကိုလည်း နိုင်ငံတကာဈေးကွက်သို့ စေလွှတ်ဖို့အသင့်ဖြစ်နေပြီး ဥရောပဈေးကွက်မှာတော့ ယူရို ၂၂၉ (မြန်မာငွေ သုံးသိန်းကိုးသောင်းခန့်) ဈေးနှုန်းသတ်မှတ်ထားပါတယ်။

Moto G8 Plus

Moto G စီးရီးအတွက် နောက်ဆုံးထွက်အဖွဲ့ဝင်အသစ် G8 Plus ဟာ အသင့်အတင့်ကောင်းမွန်တဲ့ Midranger တစ်ယောက်ပါ။ ရှေ့ဘက်မှာ 6.3” လက်မအရွယ် IPS Display ပါဝင်ပြီး FHD+ Resolution ရရှိနိုင်ကာ Waterdrop Notch သေးသေးလေးထဲမှာ 25MP Selfie ကင်မရာထည့်သွင်းထားတယ်။

နောက်ဘက်မှာတော့ 48MP F/1.7 အဓိက ကင်မရာနဲ့အတူ 16MP F/2.2 Ultrawide နဲ့ 5MP Depth Sensor တို့ ပါဝင်ပါတယ်။ လေးခုမြောက် Cutout နေရာကတော့ Laser Autofocus Module အတွက်ဖြစ်ပါတယ်။ ကင်မရာရဲ့ ညာဘက်မှာ Moto လိုဂိုလေးနဲ့ Fingerprint Reader ကိုမြင်ရမှာပါ။

G8 Plus ရဲ့အတွင်းပိုင်းမှာ Snapdragon 665 ချစ်ပ်ဆက်ကို အသုံးပြုထားပြီး မန်မိုရီက 4GB RAM နဲ့ 64GB Storage အတွဲဖြစ်ပါတယ်။ ဘက္ထရီက 4,000 mAh ဖြစ်ပြီး 18W အားအမြန်သွင်းစနစ် ထောက်ပံ့ပေးထားတယ်။ စက်နှင်စနစ်က Android 9 Pie ပါ။

Moto G8 Plus စမတ်ဖုန်းသစ်ကို အောက်တိုဘာ ၂၈ ရက်နေ့ကနေ စတင်ကာ ဈေးကွက်ထဲ တင်ပို့လာမှာဖြစ်ပြီး Cosmic Blue နဲ့ Crystal Pink ကာလာနှစ်မျိုးနဲ့ထွက်လာမှာပါ။ ဈေးနှုန်းက ယူရို ၂၆၉ (မြန်မာငွေ လေးသိန်းခွဲ) သတ်မှတ်ထားပါတယ်။

Moto E6 Play

အခုနှစ်အစောပိုင်းမှာ ထွက်ထားတဲ့ ရိုးရိုး Moto E6 နဲ့ မမှားစေချင်ပါဘူး။ Moto E6 Play ဟာ ကုမ္ပဏီရဲ့ ထုတ်ကုန်တွေထဲမှာ ဈေးအချိုဆုံးစမတ်ဖုန်းတစ်ခုဖြစ်ပြီး ယူရို ၁၀၉ (မြန်မာငွေ တစ်သိန်းကိုးသောင်းနီးပါး) သာရှိပါတယ်။ Moto E6 Play မှာ 5.5” လက်မ HD+ Display တစ်ခုပါဝင်ပြီး မြင်ကွင်းအချိုး 18:9 ရှိတဲ့ ဖုန်းဟာ အပေါ်နဲ့ အောက်မှာ သိသာတဲ့ Bezel ဘောင်တွေနဲ့ပါ။

နောက်ဘက်မှာတော့ Motorola ရဲ့ဒီဇိုင်းအသစ်နဲ့အတူ 13MP f/2.2 ကင်မရာတစ်လုံးတည်းကို တွေ့ရပါတယ်။ Motorola ရဲ့ ရိုးရာအတိုင်း သူ့လိုဂိုနဲ့ Fingerprint ပါဝင်ပြီး Selfie ကင်မရာက 5MP ပါ။ အတွင်းပိုင်းမှာ MediaTek MT6739 ချစ်ပ်ဆက်ကို 2GB RAM နဲ့ 32GB Storage တွေနဲ့ တွဲဖက်ထားတယ်။ ဘက္ထရီက 3,000 mAh ဖြစ်ပြီး သူလည်း Android Pie နဲ့ပါပဲ။

ဈေးနှုန်းချိုသာတယ်ဆိုပေမယ့် ၂၀၁၉ ရဲ့ စံနှုန်းနဲ့ကြည့်ရင်တော့ ချီးကျူးစရာမကောင်းလှတဲ့ Moto E6 Play ဟာ ဥရောပဈေးကွက်ကို ၂၀၂၀ နှစ်စမှ ရောက်လာမှာဖြစ်ပြီး Ocean Blue နဲ့ Black ကာလာနှစ်မျိုး ထွက်ရှိလာမှာပါ။

Ref – GSM Arena