Android 11 ကို တရားဝင် ဖြန့်ချိဖို့ အချိန်သိပ်မလိုတော့ပေမယ့် Motorola ဟာ Google အရင်နှစ်က ဖြန့်ချိခဲ့တဲ့ Android 10 ကို စွမ်းရည်သင့် ဖုန်းတွေအတွက် ထည့်သွင်းပေးနေရတုန်း ဖြစ်ပါတယ်။ အခုတော့ စပိန်နဲ့ ဘရာဇီး နိုင်ငံတွေက Moto G8 Plus အတွက် Android 10 ကို ကုမ္ပဏီက စတင် ဖြန့်ချိပေးနေပြီ ဖြစ်ပါတယ်။

အဲဒီအတွက် မကြာခင်မှာ တခြား နိုင်ငံတွေမှာ ရကြမယ်လို့ ထင်ပါတယ်။ အိန္ဒိယမှာ ပြီးခဲ့တဲ့ ၁ ပတ်က Beta Version ကို စမ်းသပ် ဖြန့်ချိပေးခဲ့တဲ့အတွက် Bug ကြီးကြီးမားမား မရှိရင် မကြာခင် အဲဒီမှာ Android 10 Stable Version ကို ရမယ်လို့ ထင်ပါတယ်။

စပိန်နဲ့ ဘရာဇီးမှာ ဖြန့်ချိပေးလိုက်တဲ့ Software Version Number ဟာ QPI30.28-Q3-28 ဖြစ်ပြီး ဇူလိုင်လအတွက် Security Patch လည်း ထည့်သွင်းထားပါတယ်။ စွမ်းရည်သင့် စမတ်ဖုန်းတွေအတွက် Android Update ဖြန့်ချိပေးတာက Motorola Fans တွေအတွက် ဝမ်းသာစရာ သတင်း ဖြစ်ပါတယ်။

Moto G8 Plus ကို ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာ ကြေညာခဲ့တာ ဖြစ်ပြီး မြန်မာငွေ ၄၅၀,၀၀၀ လောက် တန်ကြေးရှိတဲ့ စွမ်းဆောင်ရည်သင့် စမတ်ဖုန်း ဖြစ်ပါတယ်။

Ref : gsmarena