Zawgyi

ယေန႔မွာေတာ့ Moto G8 Plus ရဲ႕ Render ပုံလုိ႔ဆုိထားတဲ့ပုံရိပ္ေတြထြက္ေပၚလာခဲ့ၿပီး ဒီဖုန္းဟာ အခုလကုန္ပုိင္းမွာ မိတ္ဆက္ဖို႔ ေၾကညာထားတာျဖစ္ပါတယ္။ သူ႕ရဲ႕ Render နဲ႔ ေပါက္ၾကားထားတဲ့ Specs ေတြကို ခ်ိန္ထိုးၾကည့္ရင္ေတာ့ ဒီဖုန္းဟာ Midrange ဖုန္းတစ္လုံးလုိ႔ ယူဆရမွာပါ။

အဆုိပါဖုန္းကို Moto G8 Plus လို႔ ေခၚေဝၚမွာျဖစ္ၿပီး ေမာ္ဒယ္နံပါတ္ XT2019 တပ္ထားပါတယ္။ သူ႕မွာ ေသးငယ္တဲ့ Notch ေလးတစ္ခုပါဝင္တဲ့ 6.3” လက္မအရြယ္ FHD IPS LCD မ်က္ႏွာျပင္ အသုံးျပဳထားမွာပါ။ Notch ရဲ႕ အေပၚတည့္တည့္မွာ Speaker Port ပါဝင္တာေၾကာင့္ ဒီဖုန္းမွာ Stereo Loudspeaker ေတြ ပါလာႏုိင္ပါတယ္။ အေပၚက Bezel လိုပဲ ေအာက္က Chin ကလည္း တူညီစြာ အနည္းငယ္က်ယ္ျပန္႔တာကို ေတြ႕ရမွာပါ။

Moto G8 Plus ဖုန္းမွာ Snapdragon 665 ခ်စ္ပ္ဆက္ကို ထည့္သြင္းလာမယ္လို႔ ဆုိထားၿပီး RAM ပမာဏက 4GB ျဖစ္ပါတယ္။ Storage ကေတာ့ 64 သို႔မဟုတ္ 128 GB ကိုေရြးခ်ယ္ႏုိင္မွာျဖစ္ၿပီး Micro SD Slot လည္း ပါဦးမယ္လို႔ ဆုိထားတယ္။ ဘကၳရီပမာဏ 4,000 mAh ပါဝင္ၿပီး Turbo Power Charge အားသြင္းစနစ္လည္း ထည့္သြင္းထားမွာပါ။

ဖုန္းရဲ႕ေနာက္ဘက္မွာ Fingerprint တစ္ခုနဲ႔ Triple-cam အတြဲကိုျမင္ေတြ႕ရမွာျဖစ္ၿပီး အဓိက ကင္မရာက 48MP Sensor ပါ။ သူ႕ကို 16MP Ultra-wide ကင္မရာနဲ႔ 5MP Depth Sensor တုိ႔ျဖင့္ တြဲဖက္ထားပါတယ္။ ေရွ႕ဘက္က Notch ေလးထဲမွာေတာ့ 25MP Selfie ကင္မရာပါဝင္မွာျဖစ္ပါတယ္။

Moto G8 Plus ဖုန္းကို Leak ျဖစ္ထားတဲ့ ဓါတ္ပုံေတြထဲမွာ အျပာနဲ႔ အနီေရာင္တုိ႔ျဖင့္သာ ေတြ႕ရေသးၿပီး လာမယ့္ ေအာက္တုိဘာလ ၂၄ ရက္ေန႔မွာေတာ့ ဘရာဇီးႏုိင္ငံမွာ မိတ္ဆက္ပြဲက်င္းပလာမွာပါ။ ထိုအခ်ိန္က်မွ ေစ်းႏႈန္းနဲ႔ အျခား အေသးစိတ္အခ်က္အလက္ေတြကို အတည္ျပဳႏုိင္မွာျဖစ္ပါတယ္။

Ref – GSM Arena

 

Unicode

ယနေ့မှာတော့ Moto G8 Plus ရဲ့ Render ပုံလို့ဆိုထားတဲ့ပုံရိပ်တွေထွက်ပေါ်လာခဲ့ပြီး ဒီဖုန်းဟာ အခုလကုန်ပိုင်းမှာ မိတ်ဆက်ဖို့ ကြေညာထားတာဖြစ်ပါတယ်။ သူ့ရဲ့ Render နဲ့ ပေါက်ကြားထားတဲ့ Specs တွေကို ချိန်ထိုးကြည့်ရင်တော့ ဒီဖုန်းဟာ Midrange ဖုန်းတစ်လုံးလို့ ယူဆရမှာပါ။

အဆိုပါဖုန်းကို Moto G8 Plus လို့ ခေါ်ဝေါ်မှာဖြစ်ပြီး မော်ဒယ်နံပါတ် XT2019 တပ်ထားပါတယ်။ သူ့မှာ သေးငယ်တဲ့ Notch လေးတစ်ခုပါဝင်တဲ့ 6.3” လက်မအရွယ် FHD IPS LCD မျက်နှာပြင် အသုံးပြုထားမှာပါ။ Notch ရဲ့ အပေါ်တည့်တည့်မှာ Speaker Port ပါဝင်တာကြောင့် ဒီဖုန်းမှာ Stereo Loudspeaker တွေ ပါလာနိုင်ပါတယ်။ အပေါ်က Bezel လိုပဲ အောက်က Chin ကလည်း တူညီစွာ အနည်းငယ်ကျယ်ပြန့်တာကို တွေ့ရမှာပါ။

Moto G8 Plus ဖုန်းမှာ Snapdragon 665 ချစ်ပ်ဆက်ကို ထည့်သွင်းလာမယ်လို့ ဆိုထားပြီး RAM ပမာဏက 4GB ဖြစ်ပါတယ်။ Storage ကတော့ 64 သို့မဟုတ် 128 GB ကိုရွေးချယ်နိုင်မှာဖြစ်ပြီး Micro SD Slot လည်း ပါဦးမယ်လို့ ဆိုထားတယ်။ ဘက္ထရီပမာဏ 4,000 mAh ပါဝင်ပြီး Turbo Power Charge အားသွင်းစနစ်လည်း ထည့်သွင်းထားမှာပါ။

ဖုန်းရဲ့နောက်ဘက်မှာ Fingerprint တစ်ခုနဲ့ Triple-cam အတွဲကိုမြင်တွေ့ရမှာဖြစ်ပြီး အဓိက ကင်မရာက 48MP Sensor ပါ။ သူ့ကို 16MP Ultra-wide ကင်မရာနဲ့ 5MP Depth Sensor တို့ဖြင့် တွဲဖက်ထားပါတယ်။ ရှေ့ဘက်က Notch လေးထဲမှာတော့ 25MP Selfie ကင်မရာပါဝင်မှာဖြစ်ပါတယ်။

Moto G8 Plus ဖုန်းကို Leak ဖြစ်ထားတဲ့ ဓါတ်ပုံတွေထဲမှာ အပြာနဲ့ အနီရောင်တို့ဖြင့်သာ တွေ့ရသေးပြီး လာမယ့် အောက်တိုဘာလ ၂၄ ရက်နေ့မှာတော့ ဘရာဇီးနိုင်ငံမှာ မိတ်ဆက်ပွဲကျင်းပလာမှာပါ။ ထိုအချိန်ကျမှ ဈေးနှုန်းနဲ့ အခြား အသေးစိတ်အချက်အလက်တွေကို အတည်ပြုနိုင်မှာဖြစ်ပါတယ်။

Ref – GSM Arena