Unicode

ပြီးခဲ့တဲ့အောက်တိုဘာမှာ Motorola ဟာ Moto G8 Plus နဲ့ G8 Play တို့ကို ဘရာဇီးမှာ စတင် မိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီနောက် သိပ်မကြာခင်မှာပဲ G8 Power ရဲ့ တည်ရှိမှုဟာ အင်တာနက်ပေါ်မှာ ထွက်ပေါ်လာခဲ့တာပါ။ ယနေ့မှာတော့ လျှို့ဝှက်အမည် Sofia လို့ပေးထားတဲ့ G8 Power ဖုန်းဟာ အမေရိကန် FCC အတည်ပြုချက်ရရှိခဲ့သလို တရုတ်နိုင်ငံက အွန်လိုင်းအရောင်းဝန်ဆောင်မှု Alibaba မှာလည်း သူ့ရဲ့ ဒီဇိုင်းကိုဖော်ပြနေတဲ့ Case Render ပုံတွေ ထွက်လာခဲ့ပါတယ်။

ပုံတွေကို ကြည့်ရင်တော့ Moto G8 Power ဟာ အပေါ်ဘယ်ဘက်ထောင့်မှာ Punch-hole တစ်ခု ပါဝင်လာတာ တွေ့ရပြီး အရင်က ထွက်ထားတဲ့ သတင်းတွေမှာတော့ Waterdrop Notch နဲ့ Display လို့ ဆိုထားဖူးပါတယ်။ 3.5mm Audio Jack ကို အပေါ်မှာ တွေ့ရကာ အောက်ဘက်မှာတော့ USB Port နဲ့ စပီကာပေါက်လေးကို မြင်ရမှာပါ။

နောက်ဘက်မှာ G8 Power ဟာ Quad-cam ထည့်သွင်းလာမှာဖြစ်ပြီး LED Flash ရဲ့ဘေးမှာ ဒေါင်လိုက်ပဲ ထားရှိတာကို မြင်ရပါတယ်။ နောက်ကျောမှာ Fingerprint အတွက် နေရာဖြတ်စကို မြင်ရမှာဖြစ်ကာ Motorola ရဲ့ ထုံးစံအတိုင်း သူတို့ရဲ့ လိုဂိုအဖြစ်ပါ နှစ်ဖက်လှထည့်သွင်းလာဦးမှာပါ။

FCC ဖော်ပြချက်အရတော့ Moto G8 Power မှာ 5,000 mAh ဘက္ထရီကြီး ပါဝင်မယ်လို့ ဆိုထားပါတယ်။ Display က 6.2” ကနေ 6.3” အတွင်းရှိပြီး Snapdragon 665 ချစ်ပ်ဆက်အသုံးပြုထားမှာပါ။ နောက်ထပ် အားသာချက်ကတော့ Moto G8 Power မှာ Android 10 နဲ့ စထွက်လာမှာဖြစ်ပြီး Dual-band 5G Wi-fi လည်း ထောက်ပံ့ပေးမှာဖြစ်ပါတယ်။

Ref – Gizmo China

Zawgyi

ၿပီးခဲ့တဲ့ေအာက္တုိဘာမွာ Motorola ဟာ Moto G8 Plus နဲ႔ G8 Play တုိ႔ကို ဘရာဇီးမွာ စတင္ မိတ္ဆက္ခဲ့ပါတယ္။ အဲ့ဒီေနာက္ သိပ္မၾကာခင္မွာပဲ G8 Power ရဲ႕ တည္ရွိမႈဟာ အင္တာနက္ေပၚမွာ ထြက္ေပၚလာခဲ့တာပါ။ ယေန႔မွာေတာ့ လွ်ဳိ႕ဝွက္အမည္ Sofia လို႔ေပးထားတဲ့ G8 Power ဖုန္းဟာ အေမရိကန္ FCC အတည္ျပဳခ်က္ရရွိခဲ့သလို တရုတ္ႏုိင္ငံက အြန္လိုင္းအေရာင္းဝန္ေဆာင္မႈ Alibaba မွာလည္း သူ႕ရဲ႕ ဒီဇုိင္းကိုေဖာ္ျပေနတဲ့ Case Render ပုံေတြ ထြက္လာခဲ့ပါတယ္။

ပုံေတြကို ၾကည့္ရင္ေတာ့ Moto G8 Power ဟာ အေပၚဘယ္ဘက္ေထာင့္မွာ Punch-hole တစ္ခု ပါဝင္လာတာ ေတြ႕ရၿပီး အရင္က ထြက္ထားတဲ့ သတင္းေတြမွာေတာ့ Waterdrop Notch နဲ႔ Display လို႔ ဆုိထားဖူးပါတယ္။ 3.5mm Audio Jack ကို အေပၚမွာ ေတြ႕ရကာ ေအာက္ဘက္မွာေတာ့ USB Port နဲ႔ စပီကာေပါက္ေလးကို ျမင္ရမွာပါ။

ေနာက္ဘက္မွာ G8 Power ဟာ Quad-cam ထည့္သြင္းလာမွာျဖစ္ၿပီး LED Flash ရဲ႕ေဘးမွာ ေဒါင္လုိက္ပဲ ထားရွိတာကို ျမင္ရပါတယ္။ ေနာက္ေက်ာမွာ Fingerprint အတြက္ ေနရာျဖတ္စကို ျမင္ရမွာျဖစ္ကာ Motorola ရဲ႕ ထုံးစံအတုိင္း သူတုိ႔ရဲ႕ လုိဂုိအျဖစ္ပါ ႏွစ္ဖက္လွထည့္သြင္းလာဦးမွာပါ။

FCC ေဖာ္ျပခ်က္အရေတာ့ Moto G8 Power မွာ 5,000 mAh ဘကၳရီႀကီး ပါဝင္မယ္လို႔ ဆုိထားပါတယ္။ Display က 6.2” ကေန 6.3” အတြင္းရွိၿပီး Snapdragon 665 ခ်စ္ပ္ဆက္အသုံးျပဳထားမွာပါ။ ေနာက္ထပ္ အားသာခ်က္ကေတာ့ Moto G8 Power မွာ Android 10 နဲ႔ စထြက္လာမွာျဖစ္ၿပီး Dual-band 5G Wi-fi လည္း ေထာက္ပံ့ေပးမွာျဖစ္ပါတယ္။

Ref – Gizmo China