Moto G8 Power Lite အမည်ရ Motorola စမတ်ဖုန်း ၁ လုံးရဲ့ သတင်းတွေ ဒီလအစောပိုင်းက ထွက်ပေါ်ခဲ့ပြီး Roland Quandt က အဲဒီဖုန်းရဲ့ ဓါတ်ပုံတွေကို မျှဝေခဲ့ပါတယ်။ အခုတော့ Google Play Console မှာ အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက်တွေ ထွက်ပေါ်လာတဲ့အတွက် Motorola က Moto G8 Power Lite ကို ဖန်တီးနေတာ သေချာသွားပါတယ်။

Google Play Console မှာ ဖုန်းရဲ့ အရှေ့ဘက်ကို ပြသထားတဲ့ ဓါတ်ပုံကို တွေ့ရပြီး Punch Hole အစား ဆဲလ်ဖီး ကင်မရာကို Notch မှာ တပ်ဆင်ထားပါတယ်။ အနောက်ဘက် ကင်မရာတွေကိုတော့ မမြင်ရပါဘူး။ Quandt ရဲ့ ဓါတ်ပုံတွေအရ အနောက်ဘက်မှာ ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး ပင်မ ကင်မရာ၊  Ultrawide Angle နဲ့ Macro ကင်မရာတွေ ဖြစ်ပါတယ်။

Play Console မှာ အဲဒီ ဖုန်းရဲ့ Specs တချို့ကိုလည်း ဖော်ပြထားပြီး Helio P35 Chipset ( A53 Cores ၈ လုံး) ၊ 4GB RAM နဲ့ Android 9.0 Pie တွေ ထည့်သွင်းထားပါတယ်။ HD+ Resolution ဖြစ်ပြီး မျက်နှာပြင် အရွယ်အစားကို မသိရသေးပါဘူး။ DPI ရဲ့ စာရင်းသာ မှန်မယ်ဆိုရင် Moto G8 Power ရဲ့ ၆.၄ လက်မထက် ပိုကြီးနိုင်ပါတယ်။

Moto G8 Power Lite (XT2055-1) ကို FCC မှာ မှတ်ပုံတင်ထားပြီး ဘက်ထရီ ပမာဏက 5,000mAh ဖြစ်မယ်လို့ ဖော်ပြထားပါတယ်။ Moto G8 Power ရဲ့ ဘက်ထရီ ပမာဏနဲ့ တူသွားမှာဖြစ်ပြီး G8 Power Lite ကြေညာမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gsmarena