၂၀၁၉ ခုနှစ် အစောပိုင်းမှာ ပထမဆုံး Moto G7 ဖုန်းတွေကို စတင် မိတ်ဆက်ခဲ့ပြီး အဲဒီနှစ် နှောင်းပိုင်းမှာ G8 ဖုန်းတွေကို ချပြခဲ့ပါတယ်။ အခုတော့ နောက်မျိုးဆက် Moto G9 Play ရဲ့ အလှည့်ရောက်လာပါပြီ။ Geekbench 5 မှာ အဲဒီ ဖုန်းကို တွေ့လာရပြီး Android 10 ထည့်သွင်းထားတာက မိုက်ပါတယ်။ ဧပြီလမှာ ထွက်ခဲ့တဲ့ Moto G8 Power Lite မှာ Android 9.0 Pie ပဲ ပါလာတာဖြစ်ပြီး G8 Series အများစုမှာ Android 10 ထည့်ထားတာပါ။

Moto G9 Play ရဲ့ Chipset ကို Geekbench မှာ မဖော်ပြထားပေမယ့် ရမှတ်တွေဟာ Snapdragon 665 ပါတဲ့ Moto G8 , G8 Power တို့နဲ့ မတိမ်းမယိမ်းရှိပါတယ်။ SD665 ဟာ ဒိတ်အောက်နေတဲ့ Chip ဖြစ်ပေမယ့် Moto G8 Play မှာ သုံးထားတဲ့ Helio P70M ထက် မြန်ပါတယ်။

G8 Play မှာ 2GB RAM နဲ့ မော်ဒယ်အသစ်မှာ 4GB RAM ထည့်သွင်းထားမှာပါ။ ဒီထက် RAM ပမာဏနဲ့ တန်ဖိုး နည်းတဲ့ မော်ဒယ်တွေလည်း ထွက်လာနိုင်ပါတယ်။ Moto G9 Play မှာ Snapdragon 665 ပဲထည့်ထားမလား၊ 662 လို Chip အသစ်ထည့်ထားမလားဆိုတာ မသိရသေးပေမယ့် မော်ဒယ်အသစ်မှာ စွမ်းရည် ပိုကောင်းလာမှာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းအနည်းငယ်က 4GB RAM , 128GB Storage ပါတဲ့ Moto G9 Plus ကို အွန်လိုင်းစတိုး ၁ ခုမှာ ၂၇၇ ယူရိုနဲ့ စာရင်းတင်ထားပြီး Moto G9 Play ထက် အရင်ထွက်လာနိုင်ပါတယ်။

Ref : gsmarena