Motorola ရဲ့ ထုတ်ကုန်သစ် Moto G9 Plus ဟာ မကြာသေးခင်က Leak တစ်ခုထဲမှာ သူ့ရဲ့ စျေးနှုန်းကို ဖော်ပြလာခဲ့ပါတယ်။ ဒီဖုန်းဟာ EEC အတည်ပြုချက်ကိုလည်း ရယူခဲ့ပြီး ယနေ့မှာတော့ TUV Rheinland ဝက်ဆိုက်မှာပါ မြင်တွေ့ခဲ့ရတာကြောင့် ထွက်ရှိလာဖို့ သိပ်မကြာတော့ဘူးလို့ ယူဆရပါတယ်။

Moto G9 Plus ဟာ TUV Rheinland ဝက်ဆိုက်မှာ XT2087-1 နဲ့ XT2087-2 ဆိုတဲ့ မော်ဒယ်နံပါတ်နှစ်ခုနဲ့ အတည်ပြုချက် ရယူခဲ့ပြီး Battery ပမာဏနဲ့ အားသွင်းနှုန်းတို့ကို သိခွင့်ရခဲ့ပါတယ်။

ဒီဖုန်းမှာ 4,700 mAh ဘက္ထရီကြီး ပါဝင်ပြီး 30W အားသွင်းစနစ် ထောက်ပံ့ပေးထားပါတယ်။ မော်ဒယ်နံပါတ် နှစ်ခုက သူ့ရဲ့ မတူညီတဲ့ ဗားရှင်းနှစ်ခုအတွက် ဖြစ်နိုင်တာကြောင့် Moto G9 နဲ့ G9 Plus လိုမျိုး ပါလာနိုင်ပါတယ်။

အစောပိုင်းက EEC အတည်ပြုချက် ရယူခဲ့ရာမှာ 4GB RAM နဲ့ 128GB Storage မန်မိုရီတို့ကို တွေ့ခဲ့ရပါတယ်။ အခုလို အတည်ပြုချက်တွေ ရယူလာတာက မကြာခင် မြင်တွေ့ရမယ် ဆိုတာကို ပိုပြီး ခိုင်မာစေပါတယ်။ ဒါ့ကြောင့် လာမယ့် ရက်ပိုင်း အတွင်းမှာ Moto G9 Plus ရဲ့ Teaser တွေ ထွက်ပေါ်လာမှာကို စောင့်မျှော်ရမှာပါ။

Ref – GizmoChina