Zawgyi

ၿပီးခဲ့တဲ့လကပဲ Motorola ဟာ သူတုိ႔ရဲ႕ One Vision ဟန္းဆက္ကို မိတ္ဆက္ခဲ့တာပါ။ ဒါေပမယ့္ ကုမၸဏီက One စီးရီးအတြက္ ေနာက္ထပ္မိသားစုဝင္ႏွစ္ေယာက္ျဖစ္တဲ့ One Pro နဲ႔ One Action တုိ႔ကို ထုတ္ျပဖို႔ ရွိေနပါေသးတယ္။

One Pro အေၾကာင္းကိုေတာ့ သိပ္မၾကားရေသးေပမယ့္ One Action ဟန္းဆက္ဟာ လြန္ခဲ့တဲ့ႏွစ္ပတ္က Geekbench ေပၚေရာက္လာခဲ့ၿပီး Exynos 9609 ခ်စ္ပ္ဆက္အသုံးျပဳထားတာကို ျပသခဲ့တယ္။ အခုတစ္ခါ ဒီစမတ္ဖုန္းရဲ႕ Specs ေတြကို ပိုေသေသခ်ာခ်ာသိရေစမယ့္ Leak တစ္ခု ထြက္လာျပန္ပါတယ္။

ေပၚထြက္လာတဲ့သတင္းအရေတာ့ Motorola One Action ဟာ One Vision ရဲ႕ ေစ်းပိုခ်ဳိတဲ့ဗားရွင္းျဖစ္ၿပီး One Vision မွာလို Glass ေနာက္ေက်ာအစား ပလတ္စတစ္ကိုယ္ထည္နဲ႔ထြက္လာမွာျဖစ္ပါတယ္။ One Vision မွာပါတဲ့ Dual-camera အစား Triple-camera ကို တုိးျမွင့္လာမွာျဖစ္ေပမယ့္ အဓိက Sensor ကေတာ့ 12.6MP သာရွိမွာပါ။ ေရွ႕ဘက္ 25MP Selfie အစားလည္း 12.6MP ကင္မရာေနာက္တစ္လုံးကိုပဲ ထည့္သြင္းလာမယ္လို႔ ဆုိပါတယ္။

One Action ဟာ အျပာနဲ႔ေရႊေရာင္ကာလာမ်ားျဖင့္ ထြက္လာမွာျဖစ္ကာ မန္မုိရီပုိင္းမွာ ေရြးခ်ယ္စရာ 3/32 GB, 4/64 GB နဲ႔ 4/128 GB ဆုိၿပီးသုံးမ်ဳိးေရြးခ်ယ္ႏုိင္မွာျဖစ္ပါတယ္။ 6.3” FHD+ Display နဲ႔အတူ 3,500 mAh ဘကၳရီ၊ ေနာက္ဘက္ Fingerprint ဆင္ဆာတို႔ ပါဝင္မွာပါ။

Motorola ကေတာ့ One Action သာမက One Pro အတြက္လည္း ဘာေၾကျငာခ်က္မွ ထုတ္မလာေသးပါဘူး။ ဒါေပမယ့္ ဟန္းဆက္ေတြဟာ အသင့္ျဖစ္ေနၿပီလို႔ ယူဆရတဲ့အတြက္ မၾကာခင္မွာ ျမင္ရမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref – GSM Arena

Unicode

ပြီးခဲ့တဲ့လကပဲ Motorola ဟာ သူတို့ရဲ့ One Vision ဟန်းဆက်ကို မိတ်ဆက်ခဲ့တာပါ။ ဒါပေမယ့် ကုမ္ပဏီက One စီးရီးအတွက် နောက်ထပ်မိသားစုဝင်နှစ်ယောက်ဖြစ်တဲ့ One Pro နဲ့ One Action တို့ကို ထုတ်ပြဖို့ ရှိနေပါသေးတယ်။

One Pro အကြောင်းကိုတော့ သိပ်မကြားရသေးပေမယ့် One Action ဟန်းဆက်ဟာ လွန်ခဲ့တဲ့နှစ်ပတ်က Geekbench ပေါ်ရောက်လာခဲ့ပြီး Exynos 9609 ချစ်ပ်ဆက်အသုံးပြုထားတာကို ပြသခဲ့တယ်။ အခုတစ်ခါ ဒီစမတ်ဖုန်းရဲ့ Specs တွေကို ပိုသေသေချာချာသိရစေမယ့် Leak တစ်ခု ထွက်လာပြန်ပါတယ်။

ပေါ်ထွက်လာတဲ့သတင်းအရတော့ Motorola One Action ဟာ One Vision ရဲ့ ဈေးပိုချိုတဲ့ဗားရှင်းဖြစ်ပြီး One Vision မှာလို Glass နောက်ကျောအစား ပလတ်စတစ်ကိုယ်ထည်နဲ့ထွက်လာမှာဖြစ်ပါတယ်။ One Vision မှာပါတဲ့ Dual-camera အစား Triple-camera ကို တိုးမြှင့်လာမှာဖြစ်ပေမယ့် အဓိက Sensor ကတော့ 12.6MP သာရှိမှာပါ။ ရှေ့ဘက် 25MP Selfie အစားလည်း 12.6MP ကင်မရာနောက်တစ်လုံးကိုပဲ ထည့်သွင်းလာမယ်လို့ ဆိုပါတယ်။

One Action ဟာ အပြာနဲ့ရွှေရောင်ကာလာများဖြင့် ထွက်လာမှာဖြစ်ကာ မန်မိုရီပိုင်းမှာ ရွေးချယ်စရာ 3/32 GB, 4/64 GB နဲ့ 4/128 GB ဆိုပြီးသုံးမျိုးရွေးချယ်နိုင်မှာဖြစ်ပါတယ်။ 6.3” FHD+ Display နဲ့အတူ 3,500 mAh ဘက္ထရီ၊ နောက်ဘက် Fingerprint ဆင်ဆာတို့ ပါဝင်မှာပါ။

Motorola ကတော့ One Action သာမက One Pro အတွက်လည်း ဘာကြေငြာချက်မှ ထုတ်မလာသေးပါဘူး။ ဒါပေမယ့် ဟန်းဆက်တွေဟာ အသင့်ဖြစ်နေပြီလို့ ယူဆရတဲ့အတွက် မကြာခင်မှာ မြင်ရမယ်လို့ မျှော်လင့်ရပါတယ်။

Ref – GSM Arena