Zawgyi

Motorola ရဲ႕ပထမဆုံး Foldable ဖုန္း RAZR ကိုမိတ္ဆက္ခဲ့တာ ႏွစ္ပတ္ေလာက္ပဲ ရွိေသးတယ္ဆိုေပမယ့္ Motorola အတြက္ေတာ့ ၂၀၁၉ မကုန္ခင္ မိတ္ဆက္စရာဖုန္းေတြရွိေနပါေသးတယ္။ Motorola ဟာ လာမယ့္ဒီဇင္ဘာ ၃ ရက္ေန႔မွာ ဘရာဇီး ေစ်းကြက္အတြက္ ဟန္းဆက္အသစ္ကုိမိတ္ဆက္သြားမယ္လို႔ ပိုစတာတစ္ခုထုတ္ျပန္ခဲ့ၿပီး ေဖာ္ျပထားခ်က္အရ Motorola One Hyper အတြက္ျဖစ္ပါလိမ့္မယ္။

Moto One Hyper ဖုန္းဟာ Motorola အတြက္ ပထမဆုံး Pop-up Selfie ပါတဲ့ စမတ္ဖုန္းပါ။ ဒီဖုန္းနဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြနဲ႔ ဓါတ္ပုံေတြဟာ ၿပီးခဲ့တဲ့လမွာတည္းက ေပါက္ၾကားေနခဲ့တာျဖစ္ၿပီး ဒီဖုန္းမွာ 32MP Pop-up ကင္မရာနဲ႔ ေနာက္ဘက္မွာ 64MP + 8MP Dual-cam တုိ႔ပါဝင္မယ္ဆုိတာ သိရွိရၿပီးျဖစ္ပါတယ္။

ဒီဖုန္းအသစ္ဟာ 4K ဗီဒီယုိေတြကို 30FPS ႏႈန္းနဲ႔ ရုိက္ကူးႏုိင္မွာျဖစ္ၿပီး 1080p Slow-mo ဆုိရင္ 120FPS ႏႈန္းထိ ရုိက္ကူးႏုိင္မွာပါ။

က်န္တဲ့ Specs ေတြကေတာ့ 6.39” လက္မအရြယ္ LCD FHD+ Display နဲ႔ Snapdragon 675 ခ်စ္ပ္ဆက္တုိ႔ ပါဝင္လာမွာျဖစ္ၿပီး မန္မုိရီက 4GB RAM / 128GB Storage တုိ႔ပါ။ Leak ျဖစ္ထားတဲ့အထဲမွာ 3,600 mAh ဘကၳရီနဲ႔ 15W TurboCharge တုိ႔လည္း ပါဝင္ပါတယ္။

၂၀၁၉ အတြင္းမွာ စမတ္ဖုန္းေစ်းကြက္ကို အားတုိက္အင္တုိက္ ျပန္ထိုးေဖာက္ဖို႔ ႀကိဳးစားေနတဲ့ Motorola ရဲ႕ ေျခလွမ္းသစ္ကို မၾကာခင္ျမင္ေတြ႕ရေတာ့မွာပါ။ ဒီဖုန္းဟာ ၂၀၁၉ အတြက္ ေနာက္ဆုံး Motorola ထုတ္ကုန္ေတာင္ ျဖစ္ဖို႔ မေသခ်ာဘဲ သူ႕ေနာက္မွာ Moto G8 လည္း ေၾကညာဖို႔ ရွိပါေသးတယ္။

Ref – Gizmo China

Unicode

Motorola ရဲ့ပထမဆုံး Foldable ဖုန်း RAZR ကိုမိတ်ဆက်ခဲ့တာ နှစ်ပတ်လောက်ပဲ ရှိသေးတယ်ဆိုပေမယ့် Motorola အတွက်တော့ ၂၀၁၉ မကုန်ခင် မိတ်ဆက်စရာဖုန်းတွေရှိနေပါသေးတယ်။ Motorola ဟာ လာမယ့်ဒီဇင်ဘာ ၃ ရက်နေ့မှာ ဘရာဇီး ဈေးကွက်အတွက် ဟန်းဆက်အသစ်ကိုမိတ်ဆက်သွားမယ်လို့ ပိုစတာတစ်ခုထုတ်ပြန်ခဲ့ပြီး ဖော်ပြထားချက်အရ Motorola One Hyper အတွက်ဖြစ်ပါလိမ့်မယ်။

Moto One Hyper ဖုန်းဟာ Motorola အတွက် ပထမဆုံး Pop-up Selfie ပါတဲ့ စမတ်ဖုန်းပါ။ ဒီဖုန်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေနဲ့ ဓါတ်ပုံတွေဟာ ပြီးခဲ့တဲ့လမှာတည်းက ပေါက်ကြားနေခဲ့တာဖြစ်ပြီး ဒီဖုန်းမှာ 32MP Pop-up ကင်မရာနဲ့ နောက်ဘက်မှာ 64MP + 8MP Dual-cam တို့ပါဝင်မယ်ဆိုတာ သိရှိရပြီးဖြစ်ပါတယ်။

ဒီဖုန်းအသစ်ဟာ 4K ဗီဒီယိုတွေကို 30FPS နှုန်းနဲ့ ရိုက်ကူးနိုင်မှာဖြစ်ပြီး 1080p Slow-mo ဆိုရင် 120FPS နှုန်းထိ ရိုက်ကူးနိုင်မှာပါ။

ကျန်တဲ့ Specs တွေကတော့ 6.39” လက်မအရွယ် LCD FHD+ Display နဲ့ Snapdragon 675 ချစ်ပ်ဆက်တို့ ပါဝင်လာမှာဖြစ်ပြီး မန်မိုရီက 4GB RAM / 128GB Storage တို့ပါ။ Leak ဖြစ်ထားတဲ့အထဲမှာ 3,600 mAh ဘက္ထရီနဲ့ 15W TurboCharge တို့လည်း ပါဝင်ပါတယ်။

၂၀၁၉ အတွင်းမှာ စမတ်ဖုန်းဈေးကွက်ကို အားတိုက်အင်တိုက် ပြန်ထိုးဖောက်ဖို့ ကြိုးစားနေတဲ့ Motorola ရဲ့ ခြေလှမ်းသစ်ကို မကြာခင်မြင်တွေ့ရတော့မှာပါ။ ဒီဖုန်းဟာ ၂၀၁၉ အတွက် နောက်ဆုံး Motorola ထုတ်ကုန်တောင် ဖြစ်ဖို့ မသေချာဘဲ သူ့နောက်မှာ Moto G8 လည်း ကြေညာဖို့ ရှိပါသေးတယ်။

Ref – Gizmo China