Zawgyi

Motorola One Macro စမတ္ဖုန္းဟာ Moto ရဲ႕ ကင္မရာအသားေပးထုတ္ကုန္အသစ္ျဖစ္ၿပီး သူ႕နာမည္အတုိင္း Macro Photography ပုိင္းကို ဦးစားေပးထားပါတယ္။ Moto One စီးရီးထဲမွာ အမ်ားစုက Mid-range ေတြျဖစ္ေပမယ့္ ဒီဖုန္းကေတာ့ Entry-level ဟန္းဆက္တစ္ခုပါ။

သူ႕မွာပါဝင္တဲ့ Macro ကင္မရာဟာ 2cm ထိနီးကပ္ေအာင္ Focus လုပ္ႏုိင္ၿပီး 1.75µm Pixels ႏႈန္းနဲ႔ 2MP Sensor တစ္ခုကို သုံးထားတယ္။ ပုံမွန္ရုိက္ကူးမႈေတြအတြက္လည္း 13MP အဓိက ကင္မရာတစ္ခုပါဝင္ၿပီး 1080p ဗီဒီယိုေတြကို 60 FPS နဲ႔ရုိက္ကူးႏုိင္မယ္လို႔ ဆုိထားပါတယ္။ Portrait ရုိက္ခ်က္ေတြအတြက္ 2MP Depth Sensor ကိုအားကိုးႏုိင္ၿပီး Telephoto Lens မပါေပမယ့္ Hi-Res Zoom Mode က မတူတဲ့ ဖရိန္ေတြကိုထပ္လိုက္ၿပီး Digital Zoom အျဖစ္ ဖန္တီးေပးမွာပါ။

Moto One Macro စမတ္ဖုန္းမွာ 6.2” LCD မ်က္ႏွာျပင္ပါဝင္ၿပီး 19.5:9 ျမင္ကြင္းအခ်ဳိးျဖစ္ပါတယ္။ ေရွ႕ဘက္ မ်က္ႏွာျပင္မွာ Waterdrop Notch တစ္ခုပါၿပီး Selfie ကင္မရာက 8MP ပါ။ အတြင္းမွာ Helio P70 ခ်စ္ပ္ဆက္ကို အသုံးျပဳထားၿပီး ၄င္းက One Zoom နဲ႔ One Action တုိ႔မွာအသုံးျပဳခဲ့တဲ့ SD675 နဲ႔ စြမ္းေဆာင္ရည္ပုိင္း နီးကပ္စြာ တူညီပါတယ္။ မန္မုိရီပုိင္းမွာေတာ့ 4GB RAM နဲ႔ 64GB Storage ကိုျမင္ရမွာပါ။ Hybrid Card Slot ျဖစ္တဲ့အတြက္ Nano-SIM ႏွစ္ခု သို႔မဟုတ္ တစ္ခုနဲ႔ MicroSD ကတ္တစ္ခုတုိ႔ တြဲဖက္သုံးႏုိင္ပါတယ္။

သူ႕ရဲ႕နာမည္မွာ “One” ပါေပမယ့္ အျခားဖုန္းေတြလို Android One ဖုန္းမဟုတ္တာကိုလည္း သတိျပဳရပါမယ္။ သူ႕မွာ Android 9 ကိုအေျခခံထားတဲ့ မုိဘုိင္း OS အသုံးျပဳထားၿပီး Android 10 Update လည္း ထုတ္ေပးမယ္လို႔ ကတိျပဳထားပါတယ္။ ဘကၳရီကေတာ့ 4,000 mAh ျဖစ္ၿပီး 10W အားအျမန္သြင္းစနစ္ ပါဝင္ပါတယ္။

Moto One Macro ဟာလည္း အာရွရဲ႕ အႀကီးဆုံးစမတ္ဖုန္းေစ်းကြက္ေတြထဲက တစ္ခုျဖစ္တဲ့ အိႏၵိယေစ်းကြက္ကို အရင္ျဖန္႔ခ်ိမွာျဖစ္ၿပီး ေအာက္တုိဘာ ၁၂ ရက္ေန႔မွာ စတင္ဝင္ေရာက္လာမွာျဖစ္ပါတယ္။ ေလာေလာဆယ္ 4/64 GB ဗားရွင္းတစ္မ်ဳိးထဲကို Space Blue အေရာင္တစ္ခုတည္းပဲ ျမင္ရေသးၿပီး အိႏၵိယရူပီး ၉၉၉၉ (ျမန္မာေငြ ႏွစ္သိန္းတစ္ေသာင္းခန္႔) က်သင့္မွာပါ။ ႏုိင္ငံတကာေစ်းကြက္ကိုေတာ့ ေအာက္တုိဘာ ေနာက္ဆုံးပတ္ေလာက္မွ ျဖန္႔ခ်ိလာမွာ ျဖစ္ပါတယ္။

Ref – GSM Arena

Unicode

Motorola One Macro စမတ်ဖုန်းဟာ Moto ရဲ့ ကင်မရာအသားပေးထုတ်ကုန်အသစ်ဖြစ်ပြီး သူ့နာမည်အတိုင်း Macro Photography ပိုင်းကို ဦးစားပေးထားပါတယ်။ Moto One စီးရီးထဲမှာ အများစုက Mid-range တွေဖြစ်ပေမယ့် ဒီဖုန်းကတော့ Entry-level ဟန်းဆက်တစ်ခုပါ။

သူ့မှာပါဝင်တဲ့ Macro ကင်မရာဟာ 2cm ထိနီးကပ်အောင် Focus လုပ်နိုင်ပြီး 1.75µm Pixels နှုန်းနဲ့ 2MP Sensor တစ်ခုကို သုံးထားတယ်။ ပုံမှန်ရိုက်ကူးမှုတွေအတွက်လည်း 13MP အဓိက ကင်မရာတစ်ခုပါဝင်ပြီး 1080p ဗီဒီယိုတွေကို 60 FPS နဲ့ရိုက်ကူးနိုင်မယ်လို့ ဆိုထားပါတယ်။ Portrait ရိုက်ချက်တွေအတွက် 2MP Depth Sensor ကိုအားကိုးနိုင်ပြီး Telephoto Lens မပါပေမယ့် Hi-Res Zoom Mode က မတူတဲ့ ဖရိန်တွေကိုထပ်လိုက်ပြီး Digital Zoom အဖြစ် ဖန်တီးပေးမှာပါ။

Moto One Macro စမတ်ဖုန်းမှာ 6.2” LCD မျက်နှာပြင်ပါဝင်ပြီး 19.5:9 မြင်ကွင်းအချိုးဖြစ်ပါတယ်။ ရှေ့ဘက် မျက်နှာပြင်မှာ Waterdrop Notch တစ်ခုပါပြီး Selfie ကင်မရာက 8MP ပါ။ အတွင်းမှာ Helio P70 ချစ်ပ်ဆက်ကို အသုံးပြုထားပြီး ၎င်းက One Zoom နဲ့ One Action တို့မှာအသုံးပြုခဲ့တဲ့ SD675 နဲ့ စွမ်းဆောင်ရည်ပိုင်း နီးကပ်စွာ တူညီပါတယ်။ မန်မိုရီပိုင်းမှာတော့ 4GB RAM နဲ့ 64GB Storage ကိုမြင်ရမှာပါ။ Hybrid Card Slot ဖြစ်တဲ့အတွက် Nano-SIM နှစ်ခု သို့မဟုတ် တစ်ခုနဲ့ MicroSD ကတ်တစ်ခုတို့ တွဲဖက်သုံးနိုင်ပါတယ်။

သူ့ရဲ့နာမည်မှာ “One” ပါပေမယ့် အခြားဖုန်းတွေလို Android One ဖုန်းမဟုတ်တာကိုလည်း သတိပြုရပါမယ်။ သူ့မှာ Android 9 ကိုအခြေခံထားတဲ့ မိုဘိုင်း OS အသုံးပြုထားပြီး Android 10 Update လည်း ထုတ်ပေးမယ်လို့ ကတိပြုထားပါတယ်။ ဘက္ထရီကတော့ 4,000 mAh ဖြစ်ပြီး 10W အားအမြန်သွင်းစနစ် ပါဝင်ပါတယ်။

Moto One Macro ဟာလည်း အာရှရဲ့ အကြီးဆုံးစမတ်ဖုန်းဈေးကွက်တွေထဲက တစ်ခုဖြစ်တဲ့ အိန္ဒိယဈေးကွက်ကို အရင်ဖြန့်ချိမှာဖြစ်ပြီး အောက်တိုဘာ ၁၂ ရက်နေ့မှာ စတင်ဝင်ရောက်လာမှာဖြစ်ပါတယ်။ လောလောဆယ် 4/64 GB ဗားရှင်းတစ်မျိုးထဲကို Space Blue အရောင်တစ်ခုတည်းပဲ မြင်ရသေးပြီး အိန္ဒိယရူပီး ၉၉၉၉ (မြန်မာငွေ နှစ်သိန်းတစ်သောင်းခန့်) ကျသင့်မှာပါ။ နိုင်ငံတကာဈေးကွက်ကိုတော့ အောက်တိုဘာ နောက်ဆုံးပတ်လောက်မှ ဖြန့်ချိလာမှာ ဖြစ်ပါတယ်။

Ref – GSM Arena