[Zawgyi]

Motorola ကုမၸဏီဟာ သူတုိ႔ရဲ႕ ပထမဆုံး Exynos ခ်စ္ပ္ဆက္သုံး စမတ္ဖုန္းကို မၾကာခင္ မိတ္ဆက္လာမယ္လို႔ ေမွ်ာ္မွန္းရၿပီး Moto One Vision လို႔အမည္ေပးထားပါတယ္။ One Vision ဖုန္းရဲ႕ ပုံနဲ႔ အခ်က္အလက္ေတြကေတာ့ ထြက္ေပၚခဲ့ၿပီးပါၿပီ။ အခုအခါ Google ရဲ႕ ARCore ေထာက္ပံ့ေပးႏုိင္တဲ့ ဟန္းဆက္ စာရင္းမွာပါ ေပၚလာခဲ့တဲ့အတြက္ ထြက္ရွိရက္ မေဝးေတာ့ဘူးလို႔ ယူဆရပါတယ္။

One Vision စမတ္ဖုန္းမွာ Samsung ကုမၸဏီရဲ႕ Exynos 9610 SoC ကိုအသုံးျပဳထားၿပီး Android Pie ပါဝင္ပါတယ္။ သူ႕ရဲ႕နာမည္အတုိင္း Android One စမတ္ဖုန္းျဖစ္ၿပီး 4GB RAM နဲ႔ 128 GB Storage မန္မုိရီတုိ႔ ပါဝင္တယ္။

Moto One Vision ဖုန္းဟာ 6.2” လက္မအရြယ္ Full-HD+ Display နဲ႔ထြက္လာၿပီး Punch-hole နဲ႔ ျဖစ္ပါတယ္။ ေနာက္ဘက္မွာေတာ့ Dual-camera အတြဲျဖစ္ကာ အဓိက ကင္မရာက 48MP ျဖစ္ပါတယ္။ ဘကၳရီက 3,500 mAh ျဖစ္ၿပီး USB-C Type ပါ။

Motorola ရဲ႕ ဖုန္းအသစ္ကို တရားဝင္မိတ္ဆက္လာမယ့္ ရက္ကိုေတာ့ မသိရေသးပါဘူး။ ဒါေပမယ့္ ဒီဖုန္းဟာ တရုတ္ျပည္တြင္းေစ်းကြက္ကုိေတာ့ Moto P40 အမည္နဲ႔ ဝင္ေရာက္လာမွာပါ။

Ref – GSM Arena

[Unicode]

Motorola ကုမ္ပဏီဟာ သူတို့ရဲ့ ပထမဆုံး Exynos ချစ်ပ်ဆက်သုံး စမတ်ဖုန်းကို မကြာခင် မိတ်ဆက်လာမယ်လို့ မျှော်မှန်းရပြီး Moto One Vision လို့အမည်ပေးထားပါတယ်။ One Vision ဖုန်းရဲ့ ပုံနဲ့ အချက်အလက်တွေကတော့ ထွက်ပေါ်ခဲ့ပြီးပါပြီ။ အခုအခါ Google ရဲ့ ARCore ထောက်ပံ့ပေးနိုင်တဲ့ ဟန်းဆက် စာရင်းမှာပါ ပေါ်လာခဲ့တဲ့အတွက် ထွက်ရှိရက် မဝေးတော့ဘူးလို့ ယူဆရပါတယ်။

One Vision စမတ်ဖုန်းမှာ Samsung ကုမ္ပဏီရဲ့ Exynos 9610 SoC ကိုအသုံးပြုထားပြီး Android Pie ပါဝင်ပါတယ်။ သူ့ရဲ့နာမည်အတိုင်း Android One စမတ်ဖုန်းဖြစ်ပြီး 4GB RAM နဲ့ 128 GB Storage မန်မိုရီတို့ ပါဝင်တယ်။

Moto One Vision ဖုန်းဟာ 6.2” လက်မအရွယ် Full-HD+ Display နဲ့ထွက်လာပြီး Punch-hole နဲ့ ဖြစ်ပါတယ်။ နောက်ဘက်မှာတော့ Dual-camera အတွဲဖြစ်ကာ အဓိက ကင်မရာက 48MP ဖြစ်ပါတယ်။ ဘက္ထရီက 3,500 mAh ဖြစ်ပြီး USB-C Type ပါ။

Motorola ရဲ့ ဖုန်းအသစ်ကို တရားဝင်မိတ်ဆက်လာမယ့် ရက်ကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် ဒီဖုန်းဟာ တရုတ်ပြည်တွင်းဈေးကွက်ကိုတော့ Moto P40 အမည်နဲ့ ဝင်ရောက်လာမှာပါ။

Ref – GSM Arena