Zawgyi

Motorola ရဲ႕ One Vision စမတ္ဖုန္းသစ္ဟာ ေမလ ၁၅ ရက္ေန႔မွ တရားဝင္မိတ္ဆက္လာမွာျဖစ္ေပမယ့္ ၁၁ ရက္ေန႔မွာပဲ Specs အျပည့္အစုံ၊ ေစ်းႏႈန္းနဲ႔ Render ပုံရိပ္ေတြ ထြက္ရွိလာခဲ့ပါတယ္။

Render ဓါတ္ပုံေတြကေတာ့ ဖုန္းနဲ႔ပတ္သက္လို႔ မသိရေသးတဲ့အခ်က္တစ္ခုမွ ထပ္မေတြ႕ခဲ့ရေပမယ့္ တကယ္ထြက္ရွိလာမယ့္ ဒီဇုိင္းအစစ္ကိုေတာ့ ျမင္ေတြ႕ခြင့္ရပါတယ္။ One Vision မွာပါဝင္တဲ့ ရွည္လ်ားတဲ့ Display ဟာ အေပၚဘယ္ဘက္ေထာင့္မွာ Selfie ကင္မရာအတြက္ Punch-hole ေလးပါဝင္ၿပီး ေနာက္ဘက္မွာ Dual-camera တပ္ဆင္ထားတယ္။ Android One ဖုန္းအျဖစ္ ထြက္ရွိလာခဲ့ၿပီး ေနာက္ဘက္မွာ ရုိးရုိး Fingerprint တစ္ခု ပါဝင္ပါတယ္။

One Vision ရဲ႕အတြင္းမွာ 2.2GHz Exynos 9609 Octa-core ပရုိဆက္ဆာကို အသုံးျပဳလာၿပီး 4GB RAM မန္မုိရီနဲ႔တြဲဖက္လာပါတယ္။ ဒါေပမယ့္ မန္မုိရီပုိင္းကေတာ့ ဥေရာပေစ်းကြက္ျပင္ပမွာ အျခားေရြးခ်ယ္စရာေတြ ထြက္လာဦးမယ္လို႔ ထင္ရပါတယ္။

ေရွ႕ဘက္ Punch-hole ထဲမွာ 25MP ဆယ္ဖီကင္မရာေလး ပါၿပီး ေနာက္မွာ 48MP + 5MP အတြဲျဖစ္ပါတယ္။ အဓိက 48MP ကင္မရာဟာ Night Vision Feature တစ္ခုပါဝင္ၿပီး 1080p ဗီဒီယုိေတြကို 60FPS နဲ႔ရုိက္ကူးႏုိင္မွာပါ။

ဘကၳရီက 3,500 mAh ျဖစ္ၿပီး TurboPower အားအျမန္သြင္းစနစ္ပါဝင္တယ္။ Motorola One Vision ဖုန္းဟာ ေမလ ၁၆ ရက္ေန႔မွာ ေစ်းကြက္ထဲကို တန္းဝင္လာမယ္လို႔သိရၿပီး ယူရုိ ၂၉၉ (ျမန္မာေငြငါးသိန္းဝန္းက်င္) သတ္မွတ္ထားပါတယ္။

Ref – GSM Arena

Unicode

Motorola ရဲ့ One Vision စမတ်ဖုန်းသစ်ဟာ မေလ ၁၅ ရက်နေ့မှ တရားဝင်မိတ်ဆက်လာမှာဖြစ်ပေမယ့် ၁၁ ရက်နေ့မှာပဲ Specs အပြည့်အစုံ၊ ဈေးနှုန်းနဲ့ Render ပုံရိပ်တွေ ထွက်ရှိလာခဲ့ပါတယ်။

Render ဓါတ်ပုံတွေကတော့ ဖုန်းနဲ့ပတ်သက်လို့ မသိရသေးတဲ့အချက်တစ်ခုမှ ထပ်မတွေ့ခဲ့ရပေမယ့် တကယ်ထွက်ရှိလာမယ့် ဒီဇိုင်းအစစ်ကိုတော့ မြင်တွေ့ခွင့်ရပါတယ်။ One Vision မှာပါဝင်တဲ့ ရှည်လျားတဲ့ Display ဟာ အပေါ်ဘယ်ဘက်ထောင့်မှာ Selfie ကင်မရာအတွက် Punch-hole လေးပါဝင်ပြီး နောက်ဘက်မှာ Dual-camera တပ်ဆင်ထားတယ်။ Android One ဖုန်းအဖြစ် ထွက်ရှိလာခဲ့ပြီး နောက်ဘက်မှာ ရိုးရိုး Fingerprint တစ်ခု ပါဝင်ပါတယ်။

One Vision ရဲ့အတွင်းမှာ 2.2GHz Exynos 9609 Octa-core ပရိုဆက်ဆာကို အသုံးပြုလာပြီး 4GB RAM မန်မိုရီနဲ့တွဲဖက်လာပါတယ်။ ဒါပေမယ့် မန်မိုရီပိုင်းကတော့ ဥရောပဈေးကွက်ပြင်ပမှာ အခြားရွေးချယ်စရာတွေ ထွက်လာဦးမယ်လို့ ထင်ရပါတယ်။

ရှေ့ဘက် Punch-hole ထဲမှာ 25MP ဆယ်ဖီကင်မရာလေး ပါပြီး နောက်မှာ 48MP + 5MP အတွဲဖြစ်ပါတယ်။ အဓိက 48MP ကင်မရာဟာ Night Vision Feature တစ်ခုပါဝင်ပြီး 1080p ဗီဒီယိုတွေကို 60FPS နဲ့ရိုက်ကူးနိုင်မှာပါ။

ဘက္ထရီက 3,500 mAh ဖြစ်ပြီး TurboPower အားအမြန်သွင်းစနစ်ပါဝင်တယ်။ Motorola One Vision ဖုန်းဟာ မေလ ၁၆ ရက်နေ့မှာ ဈေးကွက်ထဲကို တန်းဝင်လာမယ်လို့သိရပြီး ယူရို ၂၉၉ (မြန်မာငွေငါးသိန်းဝန်းကျင်) သတ်မှတ်ထားပါတယ်။

Ref – GSM Arena