Zawgyi

Motorola ကေတာ့ သူတုိ႔ရဲ႕ေနာက္ဆုံးေပၚထုတ္ကုန္ One Vision ဟန္းဆက္ကို တရားဝင္ခ်ျပလိုက္ပါၿပီ။ Mid-range တန္းဝင္ ဟန္းဆက္အသစ္ဟာ Android One ပရုိဂရမ္ရဲ႕ အဖြဲ႕ဝင္တစ္ေယာက္ျဖစ္ၿပီး Motorola အမွတ္တံဆိပ္မွာ အရင္ကမသုံးဖူးတဲ့ Feature ေတာ္ေတာ္မ်ားမ်ားကို ယူေဆာင္လာပါတယ္။

ေရွ႕ဘက္မွာ 6.3” FHD+ Display ကို ရွည္ေမ်ာေမ်ာႏုိင္တဲ့ 21:9 အခ်ဳိးနဲ႔ တည္ေဆာက္ထားတယ္။ မ်က္ႏွာျပင္ရဲ႕ ဘယ္ဘက္အေပၚေထာင့္မွာ 25MP ဆယ္ဖီကင္မရာကို Punch-hole အေပါက္ေလးနဲ႔ ထည့္ထားပါတယ္။

ဖုန္းရဲ႕ေနာက္ေက်ာမွာ Dual-camera ပါလာၿပီး 48MP f/1.7 အဓိက Sensor ကို 5MP f/2.2 Depth Sensor နဲ႔တြဲဖက္ထားပါတယ္။ Motorola ရဲ႕ကင္မရာေဆာ့ဖ္ဝဲေတြက Shot Optimization နဲ႔ Night Vision Mode တုိ႔လုိ AI Feature ေတြေထာက္ပံ့ေပးပါတယ္။ Moto အမွတ္တံဆိပ္ အဝုိင္းေလးထဲမွာေတာ့ Fingerprint ကို ထုံးစံအတုိင္းထည့္သြင္းထားတယ္။

ပိုၿပီးစိတ္ဝင္စားစရာေကာင္းတာက One Vision မွာ ပထမဆုံးအႀကိမ္အျဖစ္ Samsung ရဲ႕ခ်စ္ပ္ဆက္ ျဖစ္တဲ့ Exynos 9609 ကိုအသုံးျပဳလာတာပါပဲ။ Samsung ရဲ႕ကိုယ္ပုိင္ခ်စ္ပ္ကို Meizu ဟန္းဆက္ေတြကလြဲရင္ ဒုတိယအၾကိမ္ေျမာက္ အျခားအမွတ္တံဆိပ္ေတြမွာ ေတြ႕ရျခင္းလည္း ျဖစ္ပါတယ္။ မန္မုိရီအေနနဲ႔ 4GB RAM / 128GB Storage တုိ႔ပါဝင္တယ္။ Motorola One Vision မွာ 3,500 mAh ဘကၳရီႀကီးနဲ႔အတူ TurboPower Charger နဲ႔အသုံးျပဳရမယ့္ 15W အားအျမန္သြင္းစနစ္လည္း ပါဝင္တယ္။

One Vision ဖုန္းကို Blue နဲ႔ Bronze Sapphire အေရာင္ႏွစ္မ်ဳိးျဖင့္ ထုတ္လုပ္လာၿပီး ေစ်းႏႈန္းကေတာ့ ယူရုိ ၃၀၀ (ျမန္မာေငြ ငါးသိန္းႏွစ္ေသာင္း) ခန္႔ က်သင့္မွာျဖစ္ပါတယ္။

Ref – GSM Arena

Unicode

Motorola ကတော့ သူတို့ရဲ့နောက်ဆုံးပေါ်ထုတ်ကုန် One Vision ဟန်းဆက်ကို တရားဝင်ချပြလိုက်ပါပြီ။ Mid-range တန်းဝင် ဟန်းဆက်အသစ်ဟာ Android One ပရိုဂရမ်ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး Motorola အမှတ်တံဆိပ်မှာ အရင်ကမသုံးဖူးတဲ့ Feature တော်တော်များများကို ယူဆောင်လာပါတယ်။

ရှေ့ဘက်မှာ 6.3” FHD+ Display ကို ရှည်မျောမျောနိုင်တဲ့ 21:9 အချိုးနဲ့ တည်ဆောက်ထားတယ်။ မျက်နှာပြင်ရဲ့ ဘယ်ဘက်အပေါ်ထောင့်မှာ 25MP ဆယ်ဖီကင်မရာကို Punch-hole အပေါက်လေးနဲ့ ထည့်ထားပါတယ်။

ဖုန်းရဲ့နောက်ကျောမှာ Dual-camera ပါလာပြီး 48MP f/1.7 အဓိက Sensor ကို 5MP f/2.2 Depth Sensor နဲ့တွဲဖက်ထားပါတယ်။ Motorola ရဲ့ကင်မရာဆော့ဖ်ဝဲတွေက Shot Optimization နဲ့ Night Vision Mode တို့လို AI Feature တွေထောက်ပံ့ပေးပါတယ်။ Moto အမှတ်တံဆိပ် အဝိုင်းလေးထဲမှာတော့ Fingerprint ကို ထုံးစံအတိုင်းထည့်သွင်းထားတယ်။

ပိုပြီးစိတ်ဝင်စားစရာကောင်းတာက One Vision မှာ ပထမဆုံးအကြိမ်အဖြစ် Samsung ရဲ့ချစ်ပ်ဆက် ဖြစ်တဲ့ Exynos 9609 ကိုအသုံးပြုလာတာပါပဲ။ Samsung ရဲ့ကိုယ်ပိုင်ချစ်ပ်ကို Meizu ဟန်းဆက်တွေကလွဲရင် ဒုတိယအကြိမ်မြောက် အခြားအမှတ်တံဆိပ်တွေမှာ တွေ့ရခြင်းလည်း ဖြစ်ပါတယ်။ မန်မိုရီအနေနဲ့ 4GB RAM / 128GB Storage တို့ပါဝင်တယ်။ Motorola One Vision မှာ 3,500 mAh ဘက္ထရီကြီးနဲ့အတူ TurboPower Charger နဲ့အသုံးပြုရမယ့် 15W အားအမြန်သွင်းစနစ်လည်း ပါဝင်တယ်။

One Vision ဖုန်းကို Blue နဲ့ Bronze Sapphire အရောင်နှစ်မျိုးဖြင့် ထုတ်လုပ်လာပြီး ဈေးနှုန်းကတော့ ယူရို ၃၀၀ (မြန်မာငွေ ငါးသိန်းနှစ်သောင်း) ခန့် ကျသင့်မှာဖြစ်ပါတယ်။

Ref – GSM Arena