Moto RAZR 5G စမတ်ဖုန်းရဲ့ အမည်ကို စကြားခဲ့ရတာ လပေါင်းများစွာရှိနေပြီ ဖြစ်ပေမယ့် သူ့ရဲ့ တည်ရှိမှုကို သေချာ မမြင်တွေ့ရသေးပါဘူး။ အခုတော့ RAZR 5G ဖုန်းရဲ့ ပကတိဓါတ်ပုံတွေ ပေါ်ထွက်လာပြီး ဖုန်းရဲ့ ပုံစံကို တိတိကျကျ မြင်ခွင့်ရလာခဲ့ပါတယ်။

သူ့ရဲ့ Chin ကို သိသိသာသာ ပါးထားတာ မြင်ရမှာဖြစ်ပြီး Fingerprint ကိုလည်း ဖယ်ရှားထားပါတယ်။ ဒါပေမယ့် Fingerprint ကို ဘယ်ပို့လိုက်လဲ ဆိုတာ မသိရသေးဘဲ Samsung Fold 2 နဲ့ Z Flip 5G တို့မှာတောင် In-display Fingerprint အခုထိ မသုံးလာသေးတဲ့အတွက် ဘေးဘက်ကို ရွှေ့လိုက်တာ ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် တစ်လုံးတည်း ပါဝင်တဲ့ ကင်မရာ ကလည်း ယခင် 16MP ကနေ 48MP သို့ တိုးမြှင့်လာမယ်လို့ သတင်းထွက်ထားပြီး Ultra-wide နဲ့ Tele ကင်မရာတို့တော့ မပါလာနိုင်သေးပါဘူး။ ဆဲလ်ဖီးကင်မရာကိုလည်း 5MP ကနေ 20MP ထိ တိုးတက်လာမယ်လို့ ဆိုပေမယ့် Foldable ဟန်းဆက်ဖြစ်တာကြောင့် အဓိက ကင်မရာကိုပဲ ဒုတိယ Display အသုံးပြုပြီး ရိုက်ကူးမယ်ဆိုလည်း ရနိုင်ပါတယ်။

ဒီဇိုင်းနဲ့ ကင်မရာပိုင်းမှာသာ မြှင့်တင်လာမှာမဟုတ်ဘဲ အတွင်းမှာလည်း Snapdragon 765G ချစ်ပ်ဆက်နဲ့ 8GB RAM / 256GB Storage တို့ကိုပါ မြင်ရမှာပါ။ ဘက္ထရီကိုလည်း အနည်းငယ်တော့ တိုးပေးထားပြီး 2,845mAh နဲ့ 18W အားသွင်းစနစ်တို့ ဖြစ်ပါတယ်။

Display ကိုလည်း ပိုကြီးတဲ့ 6.7” မျက်နှာပြင် ပြောင်းလာမယ်လို့ သတင်းထွက်သေးပေမယ့် နောက်ဆုံး Leak ထဲမှာတော့ လက်ရှိမော်ဒယ်ရဲ့ အရွယ်တိုင်းပဲ ဆက်ထုတ်ဦးမယ်လို့ ဆိုပါတယ်။ Motorola ဟာ အဆင့်မြှင့် ထားတဲ့ Foldable အသစ်ကို လာမယ့် စက်တင်ဘာ လောက်မှာ ထုတ်ပြလာနိုင်ပါတယ်။

Ref – GSMArena