Motorola က တရုတ်မှာ Razr 5G စမတ်ဖုန်းကို ပြီးခဲ့တဲ့ ၁ ပတ်ကပဲ ပူပူနွေးနွေး ကြေညာထားပြီး ၁၅ ရက်နေ့မှာ ပထမဆုံး အသုတ် ရောင်းပေးလိုက်ပါတယ်။ ဒီဇိုင်းလန်းသလို Foldable ဖုန်းရဲ့ ရောင်းအားကလည်း ရှယ်လန်းနေပြီး ၂ မိနစ်အတွင်း ပစ္စည်းပြတ်သွားပါတယ်။ ၁၈ သိန်းလောက်ရှိတာတောင် ဒီလောက် ရောင်းအားကောင်းတဲ့အတွက် လူကြိုက်အရမ်းများနေတာ သေချာပါတယ်။ ရောင်းချရတဲ့ အလုံးရေကို မသိရသေးပေမယ့် ဒီလ ၂၁ ရက်နေ့မှာ နောက် ၁ သုတ် ရောင်းမှာပါ။

Moto Razr 5G

Razr 5G ရဲ့ Specs အကြောင်း ပြောရရင် အပြင်ဘက်မှာ ၂.၇ လက်မ gOLED 800x600p မျက်နှာပြင်ငယ် ၁ ခုပါလာပြီး 370ppi ထောက်ပံ့ထားပါတယ်။ အတွင်းဘက် မျက်နှာပြင်က ၆.၂ လက်မ pOLED 876×2142 ဖြစ်ပြီး 373ppi ရှိပါတယ်။

ရေစက်ရေပေါက် မတင်ကျန်အောင် ဒီဇိုင်းထုတ်ထားပြီး 15W Charging ပါတဲ့ 2,800mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။  Snapdragon 765G Chipset မောင်းနှင်ထားပြီး 8GB RAM နဲ့ 256GB Storage ထည့်သွင်းထားပါတယ်။  Camera, Messages, Calculator, Google Keep, Google News, Google Home နဲ့ YouTube တို့လို App တွေကို အပြင်ဘက် မျက်နှာပြင်မှာ သုံးလို့ရလာသလို Gesture Navigation ကိုလည်း ထောက်ပံ့လာပါတယ်။ Android 10 မောင်းနှင်ထားပါတယ်။

Moto Razr 5G

ကင်မရာအကြောင်း ပြောရရင် ပင်မအနေနဲ့ 48MP ပါလာပြီး OIS နဲ့ Laser Autofocus ထောက်ပံ့ထားပါတယ်။ ဆဲလ်ဖီး ကင်မရာက 20MP ဖြစ်ပါတယ်။  Polished Graphite (Aka Black Or Dark Gray), Liquid Mercury (Aka Silver) နဲ့ Blush Gold အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gizmochina