Motorola ဟာ Moto Tab G20 လို့ နာမည်ပေးထားတဲ့ တက်ဘလက် အသစ် ၁ လုံးကို ဖန်တီးနေပါတယ်။ Google Play Console မှာ အဲဒီ တက်ဘလက်ကို တွေ့လာရပြီ ဖြစ်ပြီး ဒီဇိုင်းနဲ့ အဓိက Specs တချို့ကို သိလာရပါပြီ။ ကြေညာဖို့ အချိန် သိပ်မလိုတော့ဘူးလို့ ထင်ရပါတယ်။

Moto Tab G20 listing on Google Play Console

Moto Tab G20 မှာ 1280×800 Pixels မျက်နှာပြင် ထည့ပ်သွင်းထားမယ်လို့ Google Play Console မှာ ဖော်ပြထားပြီး Chipset က Helio P22T ဖြစ်ပါတယ်။ မော်ဒယ်နံပါတ်က MT8768A ဖြစ်ပြီး 3GB RAM ထည့်သွင်းထားပါတယ်။

မျက်နှာပြင်ဘေးဘောင်တွေ ထူနေတာက ဒိတ်အောက်တဲ့ ဒီဇိုင်းလို့ ပြောလို့ရပါတယ်။ Android 11 OS မောင်းနှင်ထားမှာ ဖြစ်ပြီး Stock Version နီးပါးရှိနိုင်ပါတယ်။ Tab G20 ဟာ ဂျပန်နဲ့ နိုင်ငံတချို့မှာ မကြာခင်က ကြေညာခဲ့တဲ့ Lenovo Tab M8 (3rd Gen) ကို ဆန်းသစ်ထားတာ ဖြစ်နိုင်ပါတယ်။

Lenovo Tab M8 (3rd Gen) Price, Specifications, Features, Comparison

Lenovo Tab M8 (3rd Gen) မှာ ၈ လက်မ IPS LCD 1280x800p မျက်နှာပြင် တပ်ဆင်ထားပြီး အရှေ့မှာ 2MP ကင်မရာနဲ့ အနောက်မှာ 5MP ကင်မရာ ထည့်သွင်းထားပါတယ်။

Helio P22T Chipset မောင်းနှင်ထားပြီး 3GB LPDDR4x RAM နဲ့ 32GB Storage ပါပါတယ်။ 5,000mAh  ဘက်ထရီက ၁၂ နာရီအထိ အသုံးခံပြီး Dolby Atmos စပီကာတွေ တပ်ဆင်ထားပါတယ်။ microSD Card Slot , WiFi , Bluetooth 5.0 နဲ့ 3.5mm Microphone/Headphone Combo Jack တွေ ထောက်ပံ့ထားပြီး LTE ဆက်သွယ်မှု မပါလာပါဘူး။

Ref : gizmochina