Motorola က စမတ်နာရီ အသစ် ၁ လုံးကို ကြေညာလိုက်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းထွက်ခဲ့တဲ့ Moto Watch 100 ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်က ထွက်ခဲ့တဲ့ Moto 360 စမတ်နာရီမှာလို Wear OS မထည့်သွင်းထားဘဲ Moto Watch 100 မှာ အသစ်စက်စက် Moto OS ထည့်သွင်းထားပါတယ်။ Moto OS က ဘက်ထရီ သက်တမ်းကို အရမ်း  တိုးမြှင့်ပေးနိုင်တဲ့အတွက် Moto Watch 100 ရဲ့ ဘက်ထရီ သက်တမ်းဟာ ၂ ပတ်လောက် အသုံးခံပါတယ်။ Wear OS မှာတော့ ဘက်ထရီ သက်တမ်း အဲဒီလောက် မကောင်းပါဘူး။

Moto Watch 100 gets official with $99.99 price tag, all-new Moto OS with 2-week battery life

Moto Watch 100 ရဲ့ ကိုယ်ထည်အတွက် ၄၂ မီလီမီတာ အရွယ်အစား ၁ မျိုးပဲ ထုတ်လုပ်ပေးထားပြီး ၁.၃ လက်မ LCD မျက်နှာပြင် အဝိုင်း တပ်ဆင်ထားပါတယ်။ (OLEDs စမတ်နာရီတွေ ပေါများနေတဲ့ ခေတ်မှာ LCD ပဲ ထည့်ထားတာက အံ့အားသင့်စရာပါ။ ) မျက်နှာပြင်မှာ Always-on Mode ထောက်ပံ့ထားပြီး LCD Spec ဟာ မှားကောင်းမှားနိုင်ပါတယ်။ Sports Mode ပေါင်း ၂၆ ခု ထောက်ပံ့ထားပြီး သွေးတွင်း အောက်ဆီဂျင် ပမာဏနဲ့ နှလုံးခုန်နှုန်း တိုင်းတာပေးနိုင်ပါတယ်။

Moto Watch 100 gets official with $99.99 price tag, all-new Moto OS with 2-week battery life

ကိုယ်ထည်ကို အလူမီနီယမ်နဲ့ တည်ဆောက်ထားပြီး Glacier Silver နဲ့ Phantom Black ၂ ရောင် ရွေးချယ်နိုင်ပါတယ်။ ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်ပြီး GPS, GLONASS နဲ့ BeiDou ထောက်ပံ့ထားသလို Bluetooth 5.0 ပါပါတယ်။ ဘက်ထရီက 355mAh ဖြစ်ပြီး ၁ နာရီအတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ ၄၅.၈ ဂရမ် အလေးချိန်ရှိပြီး အရွယ်အစား အပြည့်အစုံက 42x46x11.9mm ဖြစ်ပါတယ်။

Motowatch.com Website ကနေ ၉၉.၉၉ ဒေါ်လာနဲ့ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး လက်ရှိပေါက်ဈေးအရ မြန်မာငွေ ၁၇၀,၀၀၀ လောက် ကျသင့်မှာ ဖြစ်ပါတယ်။ ကြိုတင်မှာယူထားသူတွေကို ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

Ref : gsmarena