Zawgyi

ၿပီးခဲ့တဲ့ႏွစ္က Moto Z3 ကိုဆက္ခံသူအျဖစ္ ၂၀၁၉ ရဲ႕ Z လုိင္းထဲက ပထမဆုံးထုတ္ကုန္ Moto Z4 ကိုေတာ့ Motorola က တရားဝင္မိတ္ဆက္လိုက္ပါၿပီ။ ဒီဖုန္းဟာ Midrange တန္းဝင္ျဖစ္ၿပီး ယခင္မ်ဳိးဆက္ေတြနဲ႔ ျပန္လည္တြဲဖက္လုိ႔ရမယ့္ Moto Mods စနစ္ပါဝင္ပါတယ္။

Moto Z4 ဖုန္းကို 6.4” လက္မအရြယ္ FHD+ OLED Display တပ္ဆင္ထားၿပီး 19:9 ျမင္ကြင္းအခ်ဳိး ျဖစ္ပါတယ္။ Waterdrop Notch တစ္ခုပါၿပီး 25MP f/2.0 ဆယ္ဖီကင္မရာတစ္ခုလည္း ပါတဲ့အျပင္ Fingerprint ကိုလည္း Display ထဲမွာပဲ ထည့္လာပါတယ္။ ေနာက္ဘက္မွာေတာ့ 48MP f/1.7 ကင္မရာတစ္လုံးထဲကို အဓိက ကင္မရာအျဖစ္ သုံးစြဲလာၿပီး OIS စနစ္ပါဝင္ပါတယ္။ One Vision မွာပါဝင္တဲ့ Night Mode ကိုျပန္ထည့္လာသလို AI အထူးျပဳလုပ္ခ်က္ေတြကိုလဲ ထည့္သြင္းေပးထားတယ္။

အတြင္းမွာ Snapdragon 675 ခ်စ္ပ္ဆက္အား 4GB RAM မန္မုိရီနဲ႔တြဲဖက္ထားၿပီး 128GB Storage ပါဝင္တယ္။ ဒါဟာ Flagship အဆင့္မဟုတ္ေပမယ့္ ေန႔စဥ္အသုံးျပဳေနၾက အက္ပလီေကးရွင္းေတြကိုေတာ့ ေကာင္းမြန္စြာ ထိန္းေက်ာင္းႏုိင္ၿပီး ဘကၳရီသက္တမ္းကိုလည္း ပိုေကာင္းမြန္ေစမွာပါ။

ဘကၳရီအေနနဲ႔ေတာ့ Moto Z4 မွာ 3,600 mAh ဘကၳရီပါဝင္လာၿပီး 15W TurboPower အားသြင္းစနစ္လဲ ထည့္သြင္းေပးထားတယ္။ Stock ဗားရွင္းနီးပါး Android 9 Pie OS ကို အသုံးျပဳရမွာျဖစ္ပါတယ္။ တကယ္လို႔ 5G နက္ဝပ္ကို အသုံးျပဳခ်င္ရင္ေတာ့ သူ႕အတြက္ 5G Moto Mod တစ္ခုကို ေဒၚလာႏွစ္ရာထပ္ေပးၿပီး ဝယ္ရမွာပါ။

Moto Z4 ဟာ Flash Grey နဲ႔ Frost White ဆုိၿပီး အေရာင္ႏွစ္မ်ဳိးနဲ႔ ထြက္ရွိလာကာ လာမယ့္ ဇြန္လ ၆ ရက္ေန႔မွ စတင္ၿပီး ေဒၚလာ ၄၉၉ (ျမန္မာေငြ ခုနစ္သိန္းေျခာက္ေသာင္းေက်ာ္) သတ္မွတ္ထားပါတယ္။

Ref – GSM Arena

Unicode

ပြီးခဲ့တဲ့နှစ်က Moto Z3 ကိုဆက်ခံသူအဖြစ် ၂၀၁၉ ရဲ့ Z လိုင်းထဲက ပထမဆုံးထုတ်ကုန် Moto Z4 ကိုတော့ Motorola က တရားဝင်မိတ်ဆက်လိုက်ပါပြီ။ ဒီဖုန်းဟာ Midrange တန်းဝင်ဖြစ်ပြီး ယခင်မျိုးဆက်တွေနဲ့ ပြန်လည်တွဲဖက်လို့ရမယ့် Moto Mods စနစ်ပါဝင်ပါတယ်။

Moto Z4 ဖုန်းကို 6.4” လက်မအရွယ် FHD+ OLED Display တပ်ဆင်ထားပြီး 19:9 မြင်ကွင်းအချိုး ဖြစ်ပါတယ်။ Waterdrop Notch တစ်ခုပါပြီး 25MP f/2.0 ဆယ်ဖီကင်မရာတစ်ခုလည်း ပါတဲ့အပြင် Fingerprint ကိုလည်း Display ထဲမှာပဲ ထည့်လာပါတယ်။ နောက်ဘက်မှာတော့ 48MP f/1.7 ကင်မရာတစ်လုံးထဲကို အဓိက ကင်မရာအဖြစ် သုံးစွဲလာပြီး OIS စနစ်ပါဝင်ပါတယ်။ One Vision မှာပါဝင်တဲ့ Night Mode ကိုပြန်ထည့်လာသလို AI အထူးပြုလုပ်ချက်တွေကိုလဲ ထည့်သွင်းပေးထားတယ်။

အတွင်းမှာ Snapdragon 675 ချစ်ပ်ဆက်အား 4GB RAM မန်မိုရီနဲ့တွဲဖက်ထားပြီး 128GB Storage ပါဝင်တယ်။ ဒါဟာ Flagship အဆင့်မဟုတ်ပေမယ့် နေ့စဉ်အသုံးပြုနေကြ အက်ပလီကေးရှင်းတွေကိုတော့ ကောင်းမွန်စွာ ထိန်းကျောင်းနိုင်ပြီး ဘက္ထရီသက်တမ်းကိုလည်း ပိုကောင်းမွန်စေမှာပါ။

ဘက္ထရီအနေနဲ့တော့ Moto Z4 မှာ 3,600 mAh ဘက္ထရီပါဝင်လာပြီး 15W TurboPower အားသွင်းစနစ်လဲ ထည့်သွင်းပေးထားတယ်။ Stock ဗားရှင်းနီးပါး Android 9 Pie OS ကို အသုံးပြုရမှာဖြစ်ပါတယ်။ တကယ်လို့ 5G နက်ဝပ်ကို အသုံးပြုချင်ရင်တော့ သူ့အတွက် 5G Moto Mod တစ်ခုကို ဒေါ်လာနှစ်ရာထပ်ပေးပြီး ဝယ်ရမှာပါ။

Moto Z4 ဟာ Flash Grey နဲ့ Frost White ဆိုပြီး အရောင်နှစ်မျိုးနဲ့ ထွက်ရှိလာကာ လာမယ့် ဇွန်လ ၆ ရက်နေ့မှ စတင်ပြီး ဒေါ်လာ ၄၉၉ (မြန်မာငွေ ခုနစ်သိန်းခြောက်သောင်းကျော်) သတ်မှတ်ထားပါတယ်။

Ref – GSM Arena