[Zawgyi]

Motorola ဟာ သူတုိ႔ရဲ႕ Moto Z3 Flagship ဖုန္းကို ၿပီးခဲ့တဲ့ ၾသဂုတ္လမွာ မိတ္ဆက္ခဲ့ၿပီး ၂၀၁၇ ခုႏွစ္ထုတ္ Snapdragon 835 ခ်စ္ပ္ဆက္ကို အသုံးျပဳလာခဲ့တယ္။ ကုမၸဏီဟာ မ်ဳိးဆက္သစ္ Moto Z4 ကုိ အသင့္ျပင္ေနၿပီျဖစ္ကာ ဒီတစ္ခါေတာ့ အသစ္စက္စက္ Snapdragon 855 ကိုအသုံးျပဳလာမွာျဖစ္ပါတယ္။

Moto Z4 ရဲ႕ပုံရိပ္ဟာ အြန္လုိင္းေပၚကို ထြက္ေပၚလာခဲ့ၿပီး သူ႕ရဲ႕ ဒီဇုိင္းကို သိခြင့္ရခဲ့ပါၿပီ။ အဆုိပါပုံထဲမွာ Moto Z4 ရဲ႕ ေသးငယ္တဲ့ Bezel ေဘာင္ေတြနဲ႔ Waterdrop Notch တုိ႔ကိုျမင္ေတြ႕ရမွာပါ။ ဒါ့အျပင္ ၂၀၁၉ ခုႏွစ္ထဲမွာ အံ့ၾသစရာအျဖစ္ Z4 ရဲ႕ေနာက္ေက်ာမွာ ကင္မရာတစ္လုံးထဲသာ ပါတာကိုလည္း ေတြ႕ရပါတယ္။ ဒါေပမယ့္လည္း အဆုိပါ Single-camera ဟာ 48MP Sony Sensor ျဖစ္မယ္လို႔ေတာ့ ဝမ္းသာစရာသတင္းကို ၾကားထားရပါတယ္။

Moto Z4 ရဲ႕ေနာက္မွာ Fingerprint ကိုလည္း မေတြ႕ရတဲ့အတြက္ In-display ကို ေျပာင္းလဲအသုံးျပဳလာမယ္လို႔ ယူဆရပါတယ္။ မ်က္ႏွာျပင္ေပၚမွာ ေဖာ္ျပထားတဲ့ ဧၿပီ ၃ ရက္ဆုိတဲ့ ေန႔စြဲဟာ Moto Z4 တရားဝင္မိတ္ဆက္လာမယ့္ရက္လည္း ျဖစ္ႏုိင္ပါတယ္။

အလားတူပုံစံနဲ႔ ဖုန္းတစ္လုံးဟာ ဇႏၷဝါရီတုန္းက Moto Z4 Play အမည္နဲ႔ ထြက္ေပၚလာခဲ့ဖူးေပမယ့္ သတင္းရင္းျမစ္ေတြက Motorola ဟာ Z စီးရီးအတြက္ Play ေမာ္ဒယ္အခြဲေတြ ထုတ္လုပ္မွာမဟုတ္ေၾကာင္း သိရတဲ့အတြက္ Moto Z4 Play ဖုန္းဟာ ရပ္သြားတာေသာ္လည္းေကာင္း၊ အစထဲက မရွိတာေသာ္လည္းေကာင္း ျဖစ္ႏုိင္ပါတယ္။

Ref – GSM Arena

[Unicode]

Motorola ဟာ သူတို့ရဲ့ Moto Z3 Flagship ဖုန်းကို ပြီးခဲ့တဲ့ သြဂုတ်လမှာ မိတ်ဆက်ခဲ့ပြီး ၂၀၁၇ ခုနှစ်ထုတ် Snapdragon 835 ချစ်ပ်ဆက်ကို အသုံးပြုလာခဲ့တယ်။ ကုမ္ပဏီဟာ မျိုးဆက်သစ် Moto Z4 ကို အသင့်ပြင်နေပြီဖြစ်ကာ ဒီတစ်ခါတော့ အသစ်စက်စက် Snapdragon 855 ကိုအသုံးပြုလာမှာဖြစ်ပါတယ်။

Moto Z4 ရဲ့ပုံရိပ်ဟာ အွန်လိုင်းပေါ်ကို ထွက်ပေါ်လာခဲ့ပြီး သူ့ရဲ့ ဒီဇိုင်းကို သိခွင့်ရခဲ့ပါပြီ။ အဆိုပါပုံထဲမှာ Moto Z4 ရဲ့ သေးငယ်တဲ့ Bezel ဘောင်တွေနဲ့ Waterdrop Notch တို့ကိုမြင်တွေ့ရမှာပါ။ ဒါ့အပြင် ၂၀၁၉ ခုနှစ်ထဲမှာ အံ့သြစရာအဖြစ် Z4 ရဲ့နောက်ကျောမှာ ကင်မရာတစ်လုံးထဲသာ ပါတာကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့်လည်း အဆိုပါ Single-camera ဟာ 48MP Sony Sensor ဖြစ်မယ်လို့တော့ ဝမ်းသာစရာသတင်းကို ကြားထားရပါတယ်။

Moto Z4 ရဲ့နောက်မှာ Fingerprint ကိုလည်း မတွေ့ရတဲ့အတွက် In-display ကို ပြောင်းလဲအသုံးပြုလာမယ်လို့ ယူဆရပါတယ်။ မျက်နှာပြင်ပေါ်မှာ ဖော်ပြထားတဲ့ ဧပြီ ၃ ရက်ဆိုတဲ့ နေ့စွဲဟာ Moto Z4 တရားဝင်မိတ်ဆက်လာမယ့်ရက်လည်း ဖြစ်နိုင်ပါတယ်။

အလားတူပုံစံနဲ့ ဖုန်းတစ်လုံးဟာ ဇန္နဝါရီတုန်းက Moto Z4 Play အမည်နဲ့ ထွက်ပေါ်လာခဲ့ဖူးပေမယ့် သတင်းရင်းမြစ်တွေက Motorola ဟာ Z စီးရီးအတွက် Play မော်ဒယ်အခွဲတွေ ထုတ်လုပ်မှာမဟုတ်ကြောင်း သိရတဲ့အတွက် Moto Z4 Play ဖုန်းဟာ ရပ်သွားတာသော်လည်းကောင်း၊ အစထဲက မရှိတာသော်လည်းကောင်း ဖြစ်နိုင်ပါတယ်။

Ref – GSM Arena