[Zawgyi]

Moto Z4 Play စမတ္ဖုန္းနဲ႔ပတ္သက္တဲ့ သတင္းေတြထြက္ေပၚေနခဲ့တာ လနဲ႔ခ်ီေနသလို Render ပုံရိပ္ေတြေတာင္ ျမင္ေတြ႕ခဲ့ၾကရၿပီးပါၿပီ။ ဒါေပမယ့္ ထင္မွတ္မထားတဲ့ လွည့္ကြက္တစ္ခုလို႔ ေျပာရမလိုျဖစ္လာတာကေတာ့ အခုထပ္မံေပၚထြက္လာတဲ့ Moto Z4 ဖုန္းဟာ Mid-range တန္းျဖစ္တဲ့ Z4 Play မွာ ပါဝင္မယ္လို႔သတင္းထြက္ထားတဲ့ Specs ေတြအတုိင္း ထပ္ၿပီး Leak ျဖစ္လာခဲ့တာပါ။

ေနာက္ဆုံးထြက္လာခဲ့တဲ့ သတင္းအရေတာ့ Moto Z4 ဖုန္းအသစ္ဟာ Z4 Play မွာလိုပဲ Snapdragon 675 ခ်စ္ပ္ဆက္အသုံးျပဳလာမွာျဖစ္ၿပီး Moto Z3 ကဲ့သုိ႔ Snapdragon 800 စီးရီးကို သုံးစြဲလာမွာ မဟုတ္တာကို ေတြ႕ရတယ္။ Flagship ေစ်းႏႈန္းရဲ႕ ထက္ဝက္ခန္႔ျဖင့္သာ ထြက္လာမယ္လို႔လည္း ဆုိထားတာေၾကာင့္ Mid-range တန္းဝင္ ဆုိတာ ပိုေသခ်ာလာပါတယ္။

ဖုန္းႏွစ္ခုလုံးဟာ 48MP အဓိက ကင္မရာတစ္လုံးတည္းကို ေနာက္ဘက္မွာ ထည့္လာမယ္လို႔ သတင္းထြက္ပါတယ္။ Moto Z4 မွာ 25MP ဆယ္ဖီကင္မရာပါလာမယ္လို႔ သိရတယ္။ Moto Z4 နဲ႔ Z4 Play တုိ႔မွာ ကြာျခားတာဆုိလို႔ Moto Z4 မွာ ပိုႀကီးတဲ့ 6.4” Display သုံးထားတာပဲ ရွိတာေၾကာင့္ သတင္းရင္းျမစ္က ဖုန္းႏွစ္လုံးကို ေရာေထြးသြားခဲ့တာလားလို႔ ေတြးစရာေတာင္ ျဖစ္ေနပါတယ္။

ေနာက္ထပ္တူညီတာေတြကေတာ့ ႏွစ္ခုလုံးမွာ Teardrop Notch ကိုယ္စီနဲ႔ In-Display Fingerprint ပါမယ္။ ဘကၳရီကလည္း 3,600 mAh ခ်င္းအတူတူပဲျဖစ္ၿပီး 18W TurboCharge အားသြင္းစနစ္လည္း သုံးႏုိင္မယ္။

Moto Z4 ကေတာ့ 4G ဖုန္းအျဖစ္ မိတ္ဆက္လာမွာျဖစ္ေပမယ့္ ေနာက္ဆုံးေပၚ မုိဘုိင္းနက္ဝပ္ကို ရရွိအသုံးျပဳလိုသူေတြအတြက္ 5G MotoMod ေထာက္ပံ့မႈလည္း ထည့္သြင္းေပးထားမွာျဖစ္ပါတယ္။ လာမယ့္ ရက္အနည္းငယ္အတြင္းမွာေတာ့ ဒီဖုန္းႏွစ္လုံးဟာ တစ္လုံးတည္းလား ဆုိတာကို ပိုၿပီး သဲသဲကြဲကြဲ သိလာရမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref – GSM Arena

[Unicode]

Moto Z4 Play စမတ်ဖုန်းနဲ့ပတ်သက်တဲ့ သတင်းတွေထွက်ပေါ်နေခဲ့တာ လနဲ့ချီနေသလို Render ပုံရိပ်တွေတောင် မြင်တွေ့ခဲ့ကြရပြီးပါပြီ။ ဒါပေမယ့် ထင်မှတ်မထားတဲ့ လှည့်ကွက်တစ်ခုလို့ ပြောရမလိုဖြစ်လာတာကတော့ အခုထပ်မံပေါ်ထွက်လာတဲ့ Moto Z4 ဖုန်းဟာ Mid-range တန်းဖြစ်တဲ့ Z4 Play မှာ ပါဝင်မယ်လို့သတင်းထွက်ထားတဲ့ Specs တွေအတိုင်း ထပ်ပြီး Leak ဖြစ်လာခဲ့တာပါ။

နောက်ဆုံးထွက်လာခဲ့တဲ့ သတင်းအရတော့ Moto Z4 ဖုန်းအသစ်ဟာ Z4 Play မှာလိုပဲ Snapdragon 675 ချစ်ပ်ဆက်အသုံးပြုလာမှာဖြစ်ပြီး Moto Z3 ကဲ့သို့ Snapdragon 800 စီးရီးကို သုံးစွဲလာမှာ မဟုတ်တာကို တွေ့ရတယ်။ Flagship ဈေးနှုန်းရဲ့ ထက်ဝက်ခန့်ဖြင့်သာ ထွက်လာမယ်လို့လည်း ဆိုထားတာကြောင့် Mid-range တန်းဝင် ဆိုတာ ပိုသေချာလာပါတယ်။

ဖုန်းနှစ်ခုလုံးဟာ 48MP အဓိက ကင်မရာတစ်လုံးတည်းကို နောက်ဘက်မှာ ထည့်လာမယ်လို့ သတင်းထွက်ပါတယ်။ Moto Z4 မှာ 25MP ဆယ်ဖီကင်မရာပါလာမယ်လို့ သိရတယ်။ Moto Z4 နဲ့ Z4 Play တို့မှာ ကွာခြားတာဆိုလို့ Moto Z4 မှာ ပိုကြီးတဲ့ 6.4” Display သုံးထားတာပဲ ရှိတာကြောင့် သတင်းရင်းမြစ်က ဖုန်းနှစ်လုံးကို ရောထွေးသွားခဲ့တာလားလို့ တွေးစရာတောင် ဖြစ်နေပါတယ်။

နောက်ထပ်တူညီတာတွေကတော့ နှစ်ခုလုံးမှာ Teardrop Notch ကိုယ်စီနဲ့ In-Display Fingerprint ပါမယ်။ ဘက္ထရီကလည်း 3,600 mAh ချင်းအတူတူပဲဖြစ်ပြီး 18W TurboCharge အားသွင်းစနစ်လည်း သုံးနိုင်မယ်။

Moto Z4 ကတော့ 4G ဖုန်းအဖြစ် မိတ်ဆက်လာမှာဖြစ်ပေမယ့် နောက်ဆုံးပေါ် မိုဘိုင်းနက်ဝပ်ကို ရရှိအသုံးပြုလိုသူတွေအတွက် 5G MotoMod ထောက်ပံ့မှုလည်း ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ လာမယ့် ရက်အနည်းငယ်အတွင်းမှာတော့ ဒီဖုန်းနှစ်လုံးဟာ တစ်လုံးတည်းလား ဆိုတာကို ပိုပြီး သဲသဲကွဲကွဲ သိလာရမယ်လို့ မျှော်လင့်ရပါတယ်။

Ref – GSM Arena