[Zawgyi]

Motorola ဟာ သူတို႔ရဲ႕ Z Series ကို ျပန္ၿပီး အသက္သြင္းေတာ့မယ္လို႔ သတင္းထြက္ေပၚလာၿပီးတဲ့ေနာက္ Moto Z4 Play အေၾကာင္းဟာ အခ်ိန္အေတာ္ၾကာ ၿငိမ္သက္ေနခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ဇန္နဝါရီလဆန္းတုန္းက ပထမဆုံးအႀကိမ္အျဖစ္ Render ပုံေတြ ထြက္ေပၚလာခဲ့ေပမယ့္ တစ္ခါျပန္ၿပီး ၿငိမ္သက္သြားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရက္မွာေတာ့ နာမည္ႀကီး Website တစ္ခုျဖစ္တဲ့ 91mobiles က Moto Z4 Play နဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြကို ထုတ္ေဖာ္ေရးသားခဲ့ပါတယ္။ Moto Z3 Play ရဲ႕ေနာက္ မ်ိဳးဆက္သစ္အျဖစ္ ထြက္လာမယ့္ Moto Z4 Play ရဲ႕အေနာက္ကင္မရာဟာ 48MP ျဖစ္လိမ့္မယ္လို႔ 91mobile က ဆိုပါတယ္။

ဒါတင္မကေသးဘဲ Moto Z4 Play ဟာ In-display fingerprint sensor နဲ႔လည္း ျဖစ္လိမ့္မယ္လို႔ ဆိုပါတယ္။ မ်က္ႏွာျပင္မွာေတာ့ U ပုံသ႑ာန္ Notch နဲ႔ Selfie ကင္မရာတစ္လုံး ပါဝင္လာမွာပါ။ Selfie ကင္မရာကေတာ့ 16MP သာျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

Moto Z4 Play ဟာ Snapdragon 675 အသုံးျပဳထားၿပီး 4/6GB RAM နဲ႔ 64/128GB Storage ေတြ ရွိလိမ့္မယ္လို႔ သိရပါတယ္။ 6.22-inch မ်က္ႏွာျပင္ဟာ 1080×2340 px, 414PPI ျဖစ္ၿပီး Super AMOLED အမ်ိဳးအစားျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။ ဘက္ထရီကေတာ့ 3,600 mAh ပမာဏကို အသုံးျပဳထားမွာျဖစ္ၿပီး USB-C port နဲ႔အတူ Turbo Charging စနစ္ ပါဝင္မယ္လို႔ ဆိုပါတယ္။

Ref: 91mobiles

[Unicode]

Moto Z4 Play ဟာ 48MP အနောက်ကင်မရာ၊ Snapdragon 675 နဲ့လို့ သတင်းထွက်

Motorola ဟာ သူတို့ရဲ့ Z Series ကို ပြန်ပြီး အသက်သွင်းတော့မယ်လို့ သတင်းထွက်ပေါ်လာပြီးတဲ့နောက် Moto Z4 Play အကြောင်းဟာ အချိန်အတော်ကြာ ငြိမ်သက်နေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းတုန်းက ပထမဆုံးအကြိမ်အဖြစ် Render ပုံတွေ ထွက်ပေါ်လာခဲ့ပေမယ့် တစ်ခါပြန်ပြီး ငြိမ်သက်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်မှာတော့ နာမည်ကြီး Website တစ်ခုဖြစ်တဲ့ 91mobiles က Moto Z4 Play နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ထုတ်ဖော်ရေးသားခဲ့ပါတယ်။ Moto Z3 Play ရဲ့နောက် မျိုးဆက်သစ်အဖြစ် ထွက်လာမယ့် Moto Z4 Play ရဲ့အနောက်ကင်မရာဟာ 48MP ဖြစ်လိမ့်မယ်လို့ 91mobile က ဆိုပါတယ်။

ဒါတင်မကသေးဘဲ Moto Z4 Play ဟာ In-display fingerprint sensor နဲ့လည်း ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ မျက်နှာပြင်မှာတော့ U ပုံသဏ္ဍာန် Notch နဲ့ Selfie ကင်မရာတစ်လုံး ပါဝင်လာမှာပါ။ Selfie ကင်မရာကတော့ 16MP သာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Moto Z4 Play ဟာ Snapdragon 675 အသုံးပြုထားပြီး 4/6GB RAM နဲ့ 64/128GB Storage တွေ ရှိလိမ့်မယ်လို့ သိရပါတယ်။ 6.22-inch မျက်နှာပြင်ဟာ 1080×2340 px, 414PPI ဖြစ်ပြီး Super AMOLED အမျိုးအစားဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဘက်ထရီကတော့ 3,600 mAh ပမာဏကို အသုံးပြုထားမှာဖြစ်ပြီး USB-C port နဲ့အတူ Turbo Charging စနစ် ပါဝင်မယ်လို့ ဆိုပါတယ်။

Ref: 91mobiles