Zawgyi

Motorola ဟာ သူ႔ရဲ႕ Android One ကို အေမရိကန္ႏိုင္ငံမွာ ေရာင္းခ်ေတာ့မယ္လို႔ ေၾကျငာလိုက္ပါတယ္။ ဒီလို ဓနသဟာရႏိုင္ငံႀကီးမွာ ေရာင္းခ်ဖို႔အတြက္ သတ္မွတ္ထားတဲ့ ေဈးႏႈန္းက အေမရိကန္ေဒၚလာ ၃၉၉ ေဒၚလာ ျဖစ္ပါတယ္။ ႏိုဝင္ဘာလ ၉ ရက္ေန႔ကစၿပီး အနက္ေရာင္ကို အြန္လိုင္းစတိုးကေန ဝယ္ယူလို႔ရမွာျဖစ္ၿပီး ၁၁ ရက္ေန႔မွာေတာ့ အျဖဴေရာင္ကို ဝယ္ယူႏိုင္မယ္လို႔ သိရပါတယ္။

Motorola One ဟာ 5.9-inch (720 x 1520) Display နဲ႔ျဖစ္ၿပီး Notch ေရာ Chin ပါ ရွိေနတဲ့ စမတ္ဖုန္းျဖစ္ပါတယ္။ Qualcomm 625 Processor ကို အသုံးျပဳေပးထားတာေၾကာင့္ mid-range ေတြရဲ႕ ထုံးစံအတိုင္းပဲလို႔ ဆိုရမွာပါ။ 4GB RAM နဲ႔ျဖစ္ၿပီး သိုေလွာင္မႈအတြက္ကေတာ့ 64GB ျဖစ္ပါတယ္။ ကင္မရာေတြကေတာ့ 13MP, f/2.0 + 2MP, f/2.4 အေနာက္ကင္မရာ ႏွစ္လုံးနဲ႔ 8MP, f/2.2 Selfie ကင္မရာေတြပဲ ျဖစ္ပါတယ္။ စြမ္းအင္သိုေလွာင္မႈအတြက္ 3,000mAh ဘက္ထရီကို အသုံးျပဳထားပါတယ္။

 

 

Motorola ရဲ႕ Android One ကို အမည္ေျပာင္ေပးထားတာကေတာ့ Budget iPhone X clone ဆိုတာပါပဲ။ တန္ဖိုးနည္း ဖုန္းဆိုေပမယ့္ Anndroid 8.1 Oreo ျဖစ္ၿပီး လာမယ့္ Update ေတြကိုလည္း ဆက္လက္အသုံးျပဳခြင့္ ရဦးမွာေၾကာင့္ Android 9 Pie, Android Q စတဲ့အထိ အဆင့္ျမႇင့္လို႔ရပါလိမ့္မယ္။ ေနာက္တစ္ခ်က္က Security update ေတြအတြက္လည္း သုံးႏွစ္အထိ အာမခံေပးထားပါေသးတယ္။ ဒါေၾကာင့္ Motorola Android One ဟာ အလြန္ကို ေဈးႏႈန္းခ်ိဳသာတဲ့၊ ဝယ္ေပ်ာ္တဲ့ Mid-range ဖုန္းတစ္လုံး အျဖစ္ ၫႊန္းဆိုခံရပါတယ္။

ၿပီးခဲ့တဲ့ရက္တုန္းက Motorola ဟာ လက္ရွိ Android One ထက္ မ်က္ႏွာျပင္ပိုႀကီးတဲ့ အမ်ိဳးအစားကို ေၾကညာလိုက္ပါတယ္။ သူကေတာ့ မ်က္ႏွာျပင္ 6.2-inch ရွိၿပီး ပိုေကာင္းတဲ့ အစိတ္အပိုင္းေတြလည္း အသုံးျပဳထားတယ္လို႔ သိရပါတယ္။ ဘက္ထရီပိုင္းမွာလည္း ပိုႀကီးတဲ့ 5,000mAh အမ်ိဳးအစားကို အသုံးျပဳေပးထားပါတယ္။ ေလာေလာဆယ္ေတာ့ အေမရိကန္မွာ ေရာင္းခ်ျခင္းမရွိေသးပါဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ အေမရိကန္လို သူေဌးႏိုင္ငံမွာ ေဈးေပါတဲ့ iPhone X အတုလို႔ နာမည္တပ္ခံရတဲ့ Motorola Android One ဘယ္ေလာက္ထိ ထိုးေဖာက္ႏိုင္မလဲဆိုတာက စိတ္ဝင္စားစရာပါပဲ။

Ref: Theverge

[Unicode]

Motorola ဟာ သူ့ရဲ့ Android One ကို အမေရိကန်နိုင်ငံမှာ ရောင်းချတော့မယ်လို့ ကြေငြာလိုက်ပါတယ်။ ဒီလို ဓနသဟာရနိုင်ငံကြီးမှာ ရောင်းချဖို့အတွက် သတ်မှတ်ထားတဲ့ ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၃၉၉ ဒေါ်လာ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၉ ရက်နေ့ကစပြီး အနက်ရောင်ကို အွန်လိုင်းစတိုးကနေ ဝယ်ယူလို့ရမှာဖြစ်ပြီး ၁၁ ရက်နေ့မှာတော့ အဖြူရောင်ကို ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

Motorola One ဟာ 5.9-inch (720×1520) Display နဲ့ဖြစ်ပြီး Notch ရော Chin ပါ ရှိနေတဲ့ စမတ်ဖုန်းဖြစ်ပါတယ်။ Qualcomm 625 Processor ကို အသုံးပြုပေးထားတာကြောင့် mid-range တွေရဲ့ ထုံးစံအတိုင်းပဲလို့ ဆိုရမှာပါ။ 4GB RAM နဲ့ဖြစ်ပြီး သိုလှောင်မှုအတွက်ကတော့ 64GB ဖြစ်ပါတယ်။ ကင်မရာတွေကတော့ 13MP, f/2.0 + 2MP, f/2.4 အနောက်ကင်မရာ နှစ်လုံးနဲ့ 8MP, f/2.2 Selfie ကင်မရာတွေပဲ ဖြစ်ပါတယ်။ စွမ်းအင်သိုလှောင်မှုအတွက် 3,000mAh ဘက်ထရီကို အသုံးပြုထားပါတယ်။

Motorola ရဲ့ Android One ကို အမည်ပြောင်ပေးထားတာကတော့ Budget iPhone X clone ဆိုတာပါပဲ။ တန်ဖိုးနည်း ဖုန်းဆိုပေမယ့် Anndroid 8.1 Oreo ဖြစ်ပြီး လာမယ့် Update တွေကိုလည်း ဆက်လက်အသုံးပြုခွင့် ရဦးမှာကြောင့် Android 9 Pie, Android Q စတဲ့အထိ အဆင့်မြှင့်လို့ရပါလိမ့်မယ်။ နောက်တစ်ချက်က Security Update တွေအတွက်လည်း သုံးနှစ်အထိ အာမခံပေးထားပါသေးတယ်။ ဒါကြောင့် Motorola Android One ဟာ အလွန်ကို ဈေးနှုန်းချိုသာတဲ့၊ ဝယ်ပျော်တဲ့ Mid-range ဖုန်းတစ်လုံး အဖြစ် ညွှန်းဆိုခံရပါတယ်။

ပြီးခဲ့တဲ့ရက်တုန်းက Motorola ဟာ လက်ရှိ Android One ထက် မျက်နှာပြင်ပိုကြီးတဲ့ အမျိုးအစားကို ကြေညာလိုက်ပါတယ်။ သူကတော့ မျက်နှာပြင် 6.2-inch ရှိပြီး ပိုကောင်းတဲ့ အစိတ်အပိုင်းတွေလည်း အသုံးပြုထားတယ်လို့ သိရပါတယ်။ ဘက်ထရီပိုင်းမှာလည်း ပိုကြီးတဲ့ 5,000mAh အမျိုးအစားကို အသုံးပြုပေးထားပါတယ်။ လောလောဆယ်တော့ အမေရိကန်မှာ ရောင်းချခြင်းမရှိသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အမေရိကန်လို သူဌေးနိုင်ငံမှာ ဈေးပေါတဲ့ iPhone X အတုလို့ နာမည်တပ်ခံရတဲ့ Motorola Android One ဘယ်လောက်ထိ ထိုးဖောက်နိုင်မလဲဆိုတာက စိတ်ဝင်စားစရာပါပဲ။

Ref: Theverge