200MP ကင်မရာပါတဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်းလို့ သတင်းထွက်နေတဲ့ Moto X30 Pro ကို Motorola က ဒီလ ၁၁ ရက်နေ့ကြေညာတော့မှာပါ။ အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင်မှာ ကုမ္ပဏီက ဖုန်းရဲ့ အဓိက လုပ်ဆောင်ချက်တွေကို အတည်ပြုလိုက်ပါတယ်။

Moto X30 Pro

Moto X30 Pro မှာ 3.2 GHz Clock Speed ပါတဲ့ Core ၈ လုံးနဲ့ အဆင့်မြင့် 5G Modem ပါတဲ့ Snapdragon 8+ Gen 1 Processor မောင်းနှင်ထားမှာ ဖြစ်ပြီး 8/128GB , 12/256GB နဲ့ 12/512GB Memory Configuration တွေ ရွေးချယ်နိုင်မှာပါ။

အနောက်ဘက်မှာ 200MP Samsung HP1 ကင်မရာ ပါလာမှာ ဖြစ်ပြီး 30fps နဲ့ 8K ဗီဒီယိုတွေ ရိုက်ကူးနိုင်မှာပါ။ အနောက်ဘက်မှာ 50MP Ultrawide, 12MP Telephoto ကင်မရာတွေနဲ့ အားဖြည့်ထားမှာပါ။ မျက်နှာပြင် အထက် အလယ်က Punch Hole မှာ 60MP ကင်မရာ ၁ လုံး တပ်ဆင်ထားမှာပါ။

Moto X30 Pro မှာ အဆင့်မြင့် အအေးပေး စနစ်နဲ့ 125W Charging ထောက်ပံ့တဲ့ 4,550mAh ဘက်ထရီ ပါလာမှာပါ။ ၆.၆၇ လက်မ FHD+ မျက်နှာပြင်တပ်ဆင်ထားမှာ ဖြစ်ပြီး 144Hz Refresh Rate ထောက်ပံ့ထားမှာပါ။ မျက်နှာပြင်အောက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားမှာပါ။

Ref : gizchina