Zawgyi

Samsung နဲ႕ Huawei တို႔ကေန မ်က္ႏွာျပင္ေခါက္ေကြးဖုန္းေတြ မိတ္ဆက္ၿပီးတဲ့ အခါမွာေတာ့ တစ္ျခား စမတ္ဖုန္း ထုတ္လုပ္သူေတြကလည္း မ်က္ႏွာျပင္ေခါက္ေကြးဖုန္း ေစ်းကြက္ကို မ်က္စိက်ေနၾကပါၿပီ။ မၾကာေသးခင္ကမွ အင္တာဗ်ဴးတစ္ခုမွာ သူ႕ရဲ႕ မ်က္ႏွာျပင္ေခါက္ေကြးဖုန္း ထုတ္လုပ္ေရးပိုင္းနဲ႕ ပတ္သက္လို႔ Motorola ဘက္ကေန တရားဝင္ေျပာဆိုခဲ့ပါတယ္။ အဆိုပါ အင္တာဗ်ဴးမွာ Motorola ကေန မ်က္ႏွာျပင္ေခါက္ေကြးဖုန္း ထုတ္မယ့္ အေၾကာင္းကို အတည္ျပဳခဲ့ၿပီး တစ္ျခား အေသးစိတ္ အခ်က္အလက္တစ္ခ်ိဳ႕ကိုပါ ေျပာၾကားခဲ့တာပါ။

အဆိုပါ အင္တာဗ်ဴးမတိုင္ခင္ကတည္းက Motorola ဘက္ကေန မ်က္ႏွာျပင္ေခါက္ဖုန္း ထုတ္လုပ္ေရးအတြက္ ဌာနတစ္ခု သပ္သပ္ခြဲၿပီး ျပင္ဆင္ေနတယ္လို႔ ေကာလဟလ ေတြထြက္ေပၚေနခဲ့တာျဖစ္ၿပီး အခု အင္တာဗ်ဴးမွာေတာ့ အဆိုပါ သတင္းကို အတည္ျပဳလိုက္တာပါ။ ဖုန္းအေၾကာင္း ေျပာဆိုရာမွာေတာ့ Motorola ဟာ မ်က္ႏွာျပင္ေခါက္ေကြးဖုန္းကို မိတ္ဆက္ဖို႔အသည္းအသန္ ႀကိဳးစားေနၿပီး တစ္ျခား ကုမၸဏီေတြထက္ အမ်ားႀကီးေနာက္က်ၿပီးမွ မိတ္ဆက္နိုင္မယ္လို႔ ဆိုပါတယ္။ တစ္ျခားဖုန္းထုတ္လုပ္သူေတြထက္ ေနာက္က်ၿပီး မိတ္ဆက္မွာျဖစ္ေပမယ့္ Motorola ဘက္ကေန မ်က္ႏွာျပင္ေခါက္ေကြးဖုန္း ထုတ္ဖို႔ကို အခ်ိန္အေတာ္ၾကာ ျပင္ဆင္ေနခဲ့တာပါ။

အထက္ပါ အေၾကာင္းအရာေတြကို Wall Street Journal မွာ ေရးသားေဖာ္ျပခဲ့တာၾကာၿပီျဖစ္ၿပီး Motorola ရဲ႕ Vice President က အခု အင္တာဗ်ဴးမွာ အတည္ျပဳလိုက္တာပါ။ Motorola ဟာ အရင္ကတည္းက ကီးပတ္ ေခါက္ဖုန္းေတြ ထုတ္တဲ့ေနရာမွာ နာမည္အရမ္းႀကီးခဲ့တာပါ။ အခုထုတ္မယ့္ မ်က္ႏွာျပင္ေခါက္ေကြးဖုန္းဟာလည္း Motorola ရဲ႕ မူလလက္ေဟာင္း နာမည္ႀကီး RAZR ေခါက္ဖုန္း ဒီဇိုင္းမ်ိဳးနဲ႕ ထုတ္မယ္လို႔ သိရပါတယ္။ လက္ရွိ စမတ္ဖုန္းေလာကမွာ ေတြ႕ေနက် မ်က္ႏွာျပင္ေခါက္ေကြးဖုန္းေတြကို အျပင္ဘက္ကို ခ်ိဳးရမွာ မဟုတ္ပဲ Motorola ရဲ႕ RAZR ေခါက္ဖုန္းေတြ အတိုင္း မ်က္ႏွာျပင္ အတြင္းဘက္ကို ခ်ိဳးရမွာပါ။

အဆိုပါ ဖုန္းအသစ္ကို မိတ္ဆက္မယ့္ ရက္ အတိအက်ကိဳေတာ့ ကုမၸဏီဘက္က ေျပာၾကားခဲ့ျခင္းမရွိပဲ ဒီ ႏွစ္အတြင္းမွာ မိတ္ဆက္မယ္လို႔ပဲ ေျပာခဲ့ပါတယ္။ ျဖစ္နိုင္တာကေတာ့ Galaxy Fold နဲ႕ Huawei Mate X တို႔ကို ေစ်းကြက္ထဲ ေရာင္းခ်ခ်ိန္ ၂၀၁၉ ဒုတိယ ႏွစ္ဝက္မွာပဲ Motorola ေခါက္ဖုန္းကို မိတ္ဆက္နိုင္ဖြယ္ရွိပါတယ္။ အဆိုပါ Motorola ဖုန္းဟာ အေပၚမွာေျပာသြားသလိုပဲ မူလလက္ေဟာင္း RAZR ေခါက္ဖုန္းလို အတြင္းဘက္ ေခါက္ေကြးရမယ့္ မ်က္ႏွာျပင္ ထည့္သြင္းေပးထားမွာပါ။ ဖုန္းဒီဇိုင္းပိုင္းဟာလည္း RAZR ေခါက္ဖုန္းရဲ႕ ဒီဇိုင္းကို မွီျငမ္းထားတယ္လို႔ဆိုပါတယ္။

Motorola ရဲ႕ Vice President ျဖစ္သူ Dan Dery ရဲ႕ေျပာစကားအရ Motorola ရဲ႕ေခါက္ဖုန္းကို ပြဲထုတ္ဖို႔ ေနာက္က်ေနရတဲ့ အေၾကာင္းအရင္းက ဖုန္းရဲ႕ မ်က္ႏွာျပင္ကို အၾကမ္းခံေစဖို႔ နည္းလမ္းေပါင္းစုံရွာေနရတာေၾကာင့္ လို႔သိရပါတယ္။ အဆိုပါ ေခါက္ဖုန္းရဲ႕ ေစ်းႏႈန္းကေတာ့ $1500 ရွိနိုင္ၿပီး $2000 တန္ Galaxy Fold နဲ႕ $2600 တန္ Huawei Mate X တို႔ထက္ ေစ်းသက္သာေနတဲ့အတြက္ မ်က္ႏွာျပင္ေခါက္ေကြးဖုန္း ေစ်းကြက္ထဲမွာ ေနရာရဖို႔ကေတာ့ အလြယ္ေလးပါပဲ။

Ref: Giz China

Unicode

မျက်နှာပြင်ခေါက်ကွေးဖုန်း မိတ်ဆက်မယ့်အကြောင်း Motorola အတည်ပြု

Samsung နဲ့ Huawei တို့ကနေ မျက်နှာပြင်ခေါက်ကွေးဖုန်းတွေ မိတ်ဆက်ပြီးတဲ့ အခါမှာတော့ တစ်ခြား စမတ်ဖုန်း ထုတ်လုပ်သူတွေကလည်း မျက်နှာပြင်ခေါက်ကွေးဖုန်း စျေးကွက်ကို မျက်စိကျနေကြပါပြီ။ မျက်နှာပြင်ခေါက်ကွေးဖုန်းစျေးကွက်ကို မျက်စိကျနေတဲ့ အထဲမှာ အမေရိကန် ဖုန်း ကုမ္ပဏီ Motorola လည်းအပါအဝင်ပါပဲ။ မကြာသေးခင်ကမှ အင်တာဗျူးတစ်ခုမှာ သူ့ရဲ့ မျက်နှာပြင်ခေါက်ကွေးဖုန်း ထုတ်လုပ်ရေးပိုင်းနဲ့ ပတ်သက်လို့ Motorola ဘက်ကနေ တရားဝင်ပြောဆိုခဲ့ပါတယ်။ အဆိုပါ အင်တာဗျူးမှာ Motorola ကနေ မျက်နှာပြင်ခေါက်ကွေးဖုန်း ထုတ်မယ့် အကြောင်းကို အတည်ပြုခဲ့ပြီး တစ်ခြား အသေးစိတ် အချက်အလက်တစ်ချို့ကိုပါ ပြောကြားခဲ့တာပါ။

အဆိုပါ အင်တာဗျူးမတိုင်ခင်ကတည်းက Motorola ဘက်ကနေ မျက်နှာပြင်ခေါက်ဖုန်း ထုတ်လုပ်ရေးအတွက် ဌာနတစ်ခု သပ်သပ်ခွဲပြီး ပြင်ဆင်နေတယ်လို့ ကောလဟလ တွေထွက်ပေါ်နေခဲ့တာဖြစ်ပြီး အခု အင်တာဗျူးမှာတော့ အဆိုပါ သတင်းကို အတည်ပြုလိုက်တာပါ။ ဖုန်းအကြောင်း ပြောဆိုရာမှာတော့ Motorola ဟာ မျက်နှာပြင်ခေါက်ကွေးဖုန်းကို မိတ်ဆက်ဖို့အသည်းအသန် ကြိုးစားနေပြီး တစ်ခြား ကုမ္ပဏီတွေထက် အများကြီးနောက်ကျပြီးမှ မိတ်ဆက်နိုင်မယ်လို့ ဆိုပါတယ်။ တစ်ခြားဖုန်းထုတ်လုပ်သူတွေထက် နောက်ကျပြီး မိတ်ဆက်မှာဖြစ်ပေမယ့် Motorola ဘက်ကနေ မျက်နှာပြင်ခေါက်ကွေးဖုန်း ထုတ်ဖို့ကို အချိန်အတော်ကြာ ပြင်ဆင်နေခဲ့တာပါ။

အထက်ပါ အကြောင်းအရာတွေကို Wall Street Journal မှာ ရေးသားဖော်ပြခဲ့တာကြာပြီဖြစ်ပြီး Motorola ရဲ့ Vice President က အခု အင်တာဗျူးမှာ အတည်ပြုလိုက်တာပါ။ Motorola ဟာ အရင်ကတည်းက ကီးပတ် ခေါက်ဖုန်းတွေ ထုတ်တဲ့နေရာမှာ နာမည်အရမ်းကြီးခဲ့တာပါ။ အခုထုတ်မယ့် မျက်နှာပြင်ခေါက်ကွေးဖုန်းဟာလည်း Motorola ရဲ့ မူလလက်ဟောင်း နာမည်ကြီး RAZR ခေါက်ဖုန်း ဒီဇိုင်းမျိုးနဲ့ ထုတ်မယ်လို့ သိရပါတယ်။ လက်ရှိ စမတ်ဖုန်းလောကမှာ တွေ့နေကျ မျက်နှာပြင်ခေါက်ကွေးဖုန်းတွေကို အပြင်ဘက်ကို ချိုးရမှာ မဟုတ်ပဲ Motorola ရဲ့ RAZR ခေါက်ဖုန်းတွေ အတိုင်း မျက်နှာပြင် အတွင်းဘက်ကို ချိုးရမှာပါ။

အဆိုပါ ဖုန်းအသစ်ကို မိတ်ဆက်မယ့် ရက် အတိအကျကိုတော့ ကုမ္ပဏီဘက်က ပြောကြားခဲ့ခြင်းမရှိပဲ ဒီ နှစ်အတွင်းမှာ မိတ်ဆက်မယ်လို့ပဲ ပြောခဲ့ပါတယ်။ ဖြစ်နိုင်တာကတော့ Galaxy Fold နဲ့ Huawei Mate X တို့ကို စျေးကွက်ထဲ ရောင်းချချိန် ၂၀၁၉ ဒုတိယ နှစ်ဝက်မှာပဲ Motorola ခေါက်ဖုန်းကို မိတ်ဆက်နိုင်ဖွယ်ရှိပါတယ်။ အဆိုပါ Motorola ဖုန်းဟာ အပေါ်မှာပြောသွားသလိုပဲ မူလလက်ဟောင်း RAZR ခေါက်ဖုန်းလို အတွင်းဘက် ခေါက်ကွေးရမယ့် မျက်နှာပြင် ထည့်သွင်းပေးထားမှာပါ။ ဖုန်းဒီဇိုင်းပိုင်းဟာလည်း RAZR ခေါက်ဖုန်းရဲ့ ဒီဇိုင်းကို မှီငြမ်းထားတယ်လို့ဆိုပါတယ်။

Motorola ရဲ့ Vice President ဖြစ်သူ Dan Dery ရဲ့ပြောစကားအရ Motorola ရဲ့ခေါက်ဖုန်းကို ပွဲထုတ်ဖို့ နောက်ကျနေရတဲ့ အကြောင်းအရင်းက ဖုန်းရဲ့ မျက်နှာပြင်ကို အကြမ်းခံစေဖို့ နည်းလမ်းပေါင်းစုံရှာနေရတာကြောင့် လို့သိရပါတယ်။ အဆိုပါ ခေါက်ဖုန်းရဲ့ စျေးနှုန်းကတော့ $1500 ရှိနိုင်ပြီး $2000 တန် Galaxy Fold နဲ့ $2600 တန် Huawei Mate X တို့ထက် စျေးသက်သာနေတဲ့အတွက် မျက်နှာပြင်ခေါက်ကွေးဖုန်း စျေးကွက်ထဲမှာ နေရာရဖို့ကတော့ အလွယ်လေးပါပဲ။

Ref: Giz China