Motorola ဟာ Update တွေနဲ့ပတ်သက်ရင် အကောင်းအဆိုးပြောရခက်တဲ့ထဲပါတယ်လို့ ဆိုရပါမယ်။ ဒါပေမဲ့ ပြိုင်ဘက်တွေနဲ့ ပုခုံးချင်းယှဉ်ဖို့ ပိုပြီးမြန်ဆန်တဲ့ Update တွေလိုအပ်နေတာတော့ အမှန်ပါပဲ။ တစ်ဖက်ကကြည့်ရင် Samsung က သူ့ရဲ့ Devices တွေအတွက် Monthly patches တွေကို လေးနှစ်အထိထောက်ပံ့မယ်လို့ ကတိပေးထားချိန်မှာပေါ့။

Motorola အနေနဲ့လည်း Update ပိုင်းဆိုင်ရာမှာ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ Razr ထုတ်လုပ်သူဟာ သူ့ရဲ့ Device တွေအတွက် Android 12 ရရှိမဲ့အချိန်အကြမ်းဖျဉ်းနဲ့၊ ရယူနိုင်မဲ့ Device စာရင်းကို ထုတ်ပြန်လာတာတော့ တွေ့ရပါတယ်။ Motorola ရဲ့ Timeline က လာမယ့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီက စတာကို တွေ့မြင်ရပါတယ်။

Update မှာပါဝင်တဲ့ အကြောင်းအရာတွေကတော့ အံ့သြစရာမဟုတ်ပါဘူး။ Moto ရဲ့ My UX နဲ့အတူ Android 12 မှာ ရရှိမဲ့ Features တွေအကြောင်းကို အနည်းနဲ့အများတော့ သိပြီးဖြစ်ပါလိမ့်မယ်။ Moto ပိုင်ရှင်တွေအနေနဲ့ Mic/camera toggles, accessibility အဆင့်မြှင့်တင်မှုနဲ့ Material You ကို ရရှိကြမှာပါ။

Google ရဲ့ Monet system ကိုတော့ အခုအချိန်အထိ အများပြည်သူသုံးခွင့်မရသေးပါဘူး။ ဒါကြောင့် Moto အနေနဲ့ Samsung လိုမျိုးပဲ သူ့ရဲ့ ကိုယ်ပိုင် Android 12 အပြင်အဆင်ရွေးချယ်စရာတွေကို ဖန်တီးပေးတယ်လို့ ယုံကြည်ရပါတယ်။ ဒါကို ကုမ္ပဏီရဲ့ Blog post မှာလည်း မှတ်ချက်ပြုထားတာကို တွေ့နိုင်ပါတယ်။

Update ရမဲ့ Device တွေကလည်း အများစုမျှော်လင့်ထားတာနဲ့ သိပ်မကွာပါဘူး။ Flagship တွေလည်း ပါဝင်သလို၊ သိပ်မကြာခင်ကထွက်ထားတဲ့ ဘတ်ဂျက်ဖုန်းတွေလည်း ပါဝင်နေပါတယ်။ စာရင်းအပြည့်အစုံကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

razr 5G

razr 2020

motorola edge 20 pro

motorola edge 20

motorola edge 20 lite

motorola edge 20 fusion

motorola edge (2021)

motorola edge 5G UW

motorola edge plus

motorola one 5G ace

motorola one 5G UW ace

moto g200 5G

moto g71 5G

moto g51 5G

moto g41

moto g31

moto g100

moto g60s

moto g60

moto g50 / moto g50 5G

moto g40 fusion

moto g30

moto g power (2022)

moto g pure

moto g stylus 5G

Ref: Android Police