Zawgyi

Motorola ဟာ ကုိယ္ပုိင္ Foldable စမတ္ဖုန္းတစ္လုံးကို ဖန္တီးေနတာ လနဲ႔ခ်ီေနပါၿပီ။ ကံေကာင္းစြာနဲ႔ပဲ ဒီဖုန္းကို အခုႏွစ္မကုန္ခင္ ျမင္ေတြ႕ရမယ့္ အခြင့္အေရးလဲ ေရာက္လာၿပီျဖစ္ပါတယ္။

စမတ္ဖုန္းထုတ္လုပ္သူကုမၸဏီဟာ အခုခ်ိန္မွာ မီဒီယာဖိတ္စာေတြ ေပးပို႔လ်က္ရွိၿပီး ဖိတ္စာထဲမွာ မိတ္ဆက္ရက္ကို ႏုိဝင္ဘာ ၁၃ ရက္ေန႔လို႔ သတ္မွတ္ထားခဲ့ပါတယ္။ ဖိတ္ၾကားတဲ့ မက္ေဆ့ထဲမွာ Teaser GIF ဖိုင္တစ္ခုလည္း ထည့္သြင္းထားၿပီး Flip ဖုန္းအေဟာင္းတစ္ခုကေန Motorola Foldable ဖုန္းအသစ္လို႔ထင္ရတဲ့ပုံသ႑ာန္ကို ေျပာင္းလဲသြားပုံျဖစ္ပါတယ္။

ဒါေၾကာင့္ ဒီမိတ္ဆက္ပြဲမွာ Motorola ရဲ႕ ၾကာရွည္သတင္းထြက္ေနတဲ့ RAZR Foldable ဖုန္းကို ျမင္ရမယ္လို႔ အားလုံးက ထင္ေၾကးေပးေနတာပါ။ ယခင္သတင္းေတြထဲမွာေတာ့ Upper-Midrange တန္း Specs ေတြနဲ႔ ေစ်းႀကီးႀကီး ဟန္းဆက္တစ္ခုလို႔ ေဖာ္ျပေနခဲ့ၾကပါတယ္။

Motorola ရဲ႕ ေခါက္ခ်ဳိးဖုန္း (Foldable) ဟာ Snapdragon 710 နဲ႔ေရာက္လာမယ္လို႔ သတင္းထြက္ေနၿပီး ဒါဟာ လက္ရွိမွာ Flagship တန္းဝင္ ခ်စ္ပ္ဆက္မဟုတ္ပါဘူး။ မန္မုိရီပိုင္းမွာေတာ့ 4GB / 6GB RAM နဲ႔ 64GB / 128GB Storage လို႔ ဆုိေနၾကပါတယ္။ ဘကၳရီကေတာ့ 2,730 mAh လို႔ဆုိထားတဲ့အတြက္ လက္ရွိစံႏႈန္းနဲ႔ဆုိရင္ ေတာ္ေတာ္ထူးဆန္းေနပါတယ္။

ဒီဇုိင္းပိုင္းနဲ႔ပတ္သက္ရင္ေတာ့ ပုံထဲမွာျမင္ရတာဟာ 6.2” လက္မအရြယ္ OLED Screen ကို အတြင္းမွာထားၿပီး ပိုေသးတဲ့ ဒုတိယ Display ကိုအျပင္မွာျမင္ရမယ့္ပုံ ျဖစ္တယ္လို႔ ဆုိပါတယ္။ ဖြဲ႕စည္းပုံက အရင္ Clamshell ဒီဇုိင္းကို အေျခခံယူထားတယ္လို႔ဆုိၿပီး GIF ထဲမွာျမင္ရတဲ့ တခ်ိန္က နာမည္ေက်ာ္ Motorola ရဲ႕ Flip ဖုန္းပုံစံမ်ဳိးကို ထပ္ျမင္ရမွာပါ။ ေစ်းႏႈန္းက ေဒၚလာ ၁၅၀၀ ဝန္းက်င္ရွိႏုိင္တယ္လို႔ သတင္းထြက္ေနတာေၾကာင့္ Foldable အေနနဲ႔ဆုိ ေစ်းခ်ဳိတယ္လို႔ ဆုိႏုိင္ေသာ္လည္း သူ႕ Specs ကိုေတာ့ ေစာင့္ၾကည့္ရဦးမွာပါ။

Ref – Android Authority

Unicode

Motorola ဟာ ကိုယ်ပိုင် Foldable စမတ်ဖုန်းတစ်လုံးကို ဖန်တီးနေတာ လနဲ့ချီနေပါပြီ။ ကံကောင်းစွာနဲ့ပဲ ဒီဖုန်းကို အခုနှစ်မကုန်ခင် မြင်တွေ့ရမယ့် အခွင့်အရေးလဲ ရောက်လာပြီဖြစ်ပါတယ်။

စမတ်ဖုန်းထုတ်လုပ်သူကုမ္ပဏီဟာ အခုချိန်မှာ မီဒီယာဖိတ်စာတွေ ပေးပို့လျက်ရှိပြီး ဖိတ်စာထဲမှာ မိတ်ဆက်ရက်ကို နိုဝင်ဘာ ၁၃ ရက်နေ့လို့ သတ်မှတ်ထားခဲ့ပါတယ်။ ဖိတ်ကြားတဲ့ မက်ဆေ့ထဲမှာ Teaser GIF ဖိုင်တစ်ခုလည်း ထည့်သွင်းထားပြီး Flip ဖုန်းအဟောင်းတစ်ခုကနေ Motorola Foldable ဖုန်းအသစ်လို့ထင်ရတဲ့ပုံသဏ္ဍာန်ကို ပြောင်းလဲသွားပုံဖြစ်ပါတယ်။

ဒါကြောင့် ဒီမိတ်ဆက်ပွဲမှာ Motorola ရဲ့ ကြာရှည်သတင်းထွက်နေတဲ့ RAZR Foldable ဖုန်းကို မြင်ရမယ်လို့ အားလုံးက ထင်ကြေးပေးနေတာပါ။ ယခင်သတင်းတွေထဲမှာတော့ Upper-Midrange တန်း Specs တွေနဲ့ ဈေးကြီးကြီး ဟန်းဆက်တစ်ခုလို့ ဖော်ပြနေခဲ့ကြပါတယ်။

Motorola ရဲ့ ခေါက်ချိုးဖုန်း (Foldable) ဟာ Snapdragon 710 နဲ့ရောက်လာမယ်လို့ သတင်းထွက်နေပြီး ဒါဟာ လက်ရှိမှာ Flagship တန်းဝင် ချစ်ပ်ဆက်မဟုတ်ပါဘူး။ မန်မိုရီပိုင်းမှာတော့ 4GB / 6GB RAM နဲ့ 64GB / 128GB Storage လို့ ဆိုနေကြပါတယ်။ ဘက္ထရီကတော့ 2,730 mAh လို့ဆိုထားတဲ့အတွက် လက်ရှိစံနှုန်းနဲ့ဆိုရင် တော်တော်ထူးဆန်းနေပါတယ်။

ဒီဇိုင်းပိုင်းနဲ့ပတ်သက်ရင်တော့ ပုံထဲမှာမြင်ရတာဟာ 6.2” လက်မအရွယ် OLED Screen ကို အတွင်းမှာထားပြီး ပိုသေးတဲ့ ဒုတိယ Display ကိုအပြင်မှာမြင်ရမယ့်ပုံ ဖြစ်တယ်လို့ ဆိုပါတယ်။ ဖွဲ့စည်းပုံက အရင် Clamshell ဒီဇိုင်းကို အခြေခံယူထားတယ်လို့ဆိုပြီး GIF ထဲမှာမြင်ရတဲ့ တချိန်က နာမည်ကျော် Motorola ရဲ့ Flip ဖုန်းပုံစံမျိုးကို ထပ်မြင်ရမှာပါ။ ဈေးနှုန်းက ဒေါ်လာ ၁၅၀၀ ဝန်းကျင်ရှိနိုင်တယ်လို့ သတင်းထွက်နေတာကြောင့် Foldable အနေနဲ့ဆို ဈေးချိုတယ်လို့ ဆိုနိုင်သော်လည်း သူ့ Specs ကိုတော့ စောင့်ကြည့်ရဦးမှာပါ။

Ref – Android Authority