Motorola ဟာ အမေရိကန်နိုင်ငံအတွင်းမှာ ဇူလိုင်လ ၄ ရက်နေ့အတွက် ရည်ရွယ်ပြီး “happy 4th of July” ခေါင်းစဉ်နဲ့ Moto စမတ်ဖုန်း အတော်များများကို အထူးလျှော့ဈေးတွေ သတ်မှတ်ရောင်းချပေးနေတာကို တွေ့မြင်ရပါတယ်။ စိတ်မကောင်းစရာသတင်းကတော့ လျှော့ဈေးနဲ့ရောင်းချတဲ့ မော်ဒယ်တွေထဲမှာ အသစ်အတော်များများမပါဝင်တာပါပဲ။

ဒါပေမယ့်လည်း အလယ်အလတ်တန်းစား Moto ဟန်းဆက်မျိုးကို နှစ်သက်တယ်ဆိုရင်တော့ ဒီသတင်းက စိတ်ဝင်စားစရာကောင်းပါလိမ့်မယ်။ အကြောင်းက ဈေးနှုန်းလျှော့ချလိုက်တာတွေက ဒေါ်လာ တစ်ရာ (၁ သိန်း ၄ သောင်းဝန်းကျင်) လောက်ဖြစ်နေလို့ပါပဲ။

Motorola One Action ဟာ $349 ကနေ $249 ကို ကျဆင်းသွားတာကြောင့် အခုဆိုရင် (၃ သိန်း ၄ သောင်း ၄ ထောင်ဝန်းကျင်) ပဲ ကျသင့်တော့မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က Moto G7 Play ကတော့ $129 (၁ သိန်း ၈ သောင်းဝန်းကျင်) သာဖြစ်တာကြောင့် ပိုပြီး ဈေးချိုပါတယ်။

Motorola One မိသားစုထဲက One Hyper ကတော့ $299 ( ၄ သိန်း ၁ သောင်းဝန်းကျင်) ဖြစ်သွားပြီး One Zoom ကတော့ $349 (၄ သိန်း ၈ သောင်းဝန်းကျင်) ဖြစ်သွားပါတယ်။ ဒီဟန်းဆက် နှစ်မျိုးစလုံးကို $100 (၁ သိန်း ၄ သောင်းဝန်းကျင်) စီ ဈေးလျှော့ပေးထားတာပါ။

နာမည်ကြီးပြီး လူကြိုက်များခဲ့တဲ့ Moto Z4 လည်း လျှော့ဈေးအစီအစဉ်ထဲမှာ ပါဝင်ခဲ့ပါတယ်။ Moto Z4 လည်းပဲ $100 ဈေးလျှော့ရောင်းတဲ့အတွက် အခုအချိန်မှာ $399 (၅ သိန်း ၅ သောင်းဝန်းကျင်) နဲ့ ဝယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ အကယ်၍ ဘက်ထရီကြီးကြီးနဲ့ အမျိုးအစားကို စိတ်ဝင်စားတယ်ဆိုရင်တော့ Moto G7 Power ကို $179 (၂ သိန်းခွဲဝန်းကျင်) နဲ့ ဝယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

လျှော့ဈေးအစီအစဉ်မှာပါဝင်တဲ့ Motorola စမတ်ဖုန်းတွေကို အခုအချိန်ကစပြီး ဇူလိုင်လ ၅ ရက်နေ့အထိ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင်တော့ (ဒီနေရာလေးကို ဖိပြီး) Motorola ရဲ့ တရားဝင် ဝက်ဘ်ဆိုက်ကို သွားရောက်ကြည့်ရှုနိုင်ပါတယ်။

Ref: GSM Arena