Motorola က Edge 30 Fusion အမည်ရ စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ အနောက်ဘက်မှာ Vegan Leather ပါတဲ့ Neptune Blue Version ပါလာတဲ့အပြင် အနောက်ဘက်ကို ဖန်နဲ့ဖုံးအုပ်ထားတဲ့ အရောင် ၃ မျိုးလည်း ထုတ်လုပ်ထားပါတယ်။

Motorola Edge 30 Fusion with a vegan leather back in Neptune Blue

အရှေ့ဘက်မှာ ၆.၅၅ လက်မ FHD+ P-OLED မျက်နှာပြင် တပ်ဆင်ထားပြီး လျှင်မြန်တဲ့ 144Hz Refresh Rate ထောက်ပံ့ထားပါတယ်။

Motorola Edge 30 Fusion and Neo

Snapdragon 888+ 5G Chipset မောင်းနှင်ထားပြီး 8GB / 12GB RAM နဲ့ 128GB/256GB/512GB UFS 3.1 Storage တွေ ထုတ်လုပ်ထားပါတယ်။

အနောက်ဘက်မှာ 50MP 1/1.55” Wide , 13MP Ultrawide , 2MP Depth ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 32MP 1/2.8” ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။

Motorola Edge 30 Fusion မှာ 68W Charging ပါတဲ့ 4,400mAh ဘက်ထရီ ပါလာပြီး ၁၀ မိနစ်အတွင်း ၅၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ Cosmic Grey, Aurora White, Solar Gold အရောင် ၃ မျိုး အပြင် အနောက်ဘက် Vegan Leather ပါတဲ့ Neptune Blue ကို ရွေးချယ်နိုင်ပါတယ်။ ယူရို ၆၀၀ သတ်မှတ်ထားပြီး စတင် ရောင်းချပေးလိုက်ပါပြီ။

Ref : gsmarena