Motorola ဟာ အခုအချိန်မှာ Flagship ဖုန်းတွေဖြစ်တဲ့ Edge 30 Series ကို တရားဝင်မိတ်ဆက်လိုက်ပါတယ်။ အဆိုပါ Motorola Edge 30 ဖုန်းတွေထဲမှာ Motorola Edge 30 Ultra ဟာ စွမ်းဆောင်ရည်အကောင်းဆုံးဖြစ်ပြီး ထူးခြားချက်တွေလည်းအများအပြားပါဝင်နေပါတယ်။

ဘာကြောင့်လဲဆိုရင် Motorola Edge 30 Ultra ဖုန်းဟာ စမတ်ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ 200MP Camera ကို အသုံးပြုထားတာကြောင့်ဖြစ်ပါတယ်။ Sensor အနေနဲ့ကတော့ ISOCELL HP1 Sensor ကို အသုံးပြုထားတာဖြစ်ပြီး 16-in-1 Pixel Binning နည်းပညာကို အသုံးပြုထားတဲ့ 1/1.22″ Sensor တစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် Pixel Size 2.56µm ရှိတဲ့ 12.5MP ဓါတ်ပုံတွေကို ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။ Aperture အနေနဲ့ f1.95 ရှိမှာဖြစ်ပြီး OIS နည်းပညာလည်း ပါဝင်မယ်လို့ သိရပါတယ်။

ကျန်တဲ့ Camera အနေနဲ့ကတော့ 50MP Ultrawide Sensor ပါဝင်မှာဖြစ်ပြီး 12MP 2x Telephoto Sensor တစ်ခုလည်းပါဝင်ဦးမှာဖြစ်ပါတယ်။ ဒါကြောင့် Triple Back Camera Setup ပါဝင်မှာဖြစ်ပြီး Selfie Camera အနေနဲ့ကတော့ 60MP Sensor ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

Performance ပိုင်းမှာတော့ Qualcomm Snapdragon 8+ Gen 1 5G Chipset ကို အသုံးပြုထားပြီး RAM 12GB LPDDR5 RAM အပြင် 512GB အထိ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Display ပိုင်းမှာတော့ 6.67″ Full HD+ pOLED Display ကို အသုံးပြုထားပြီး 144Hz Refresh Rate အပြင် Brightness ပိုင်းမှာ 1250nits အထိ ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။

Battery ပိုင်းအနေနဲ့ကတော့ 4610mAh Battery ပါဝင်မှာဖြစ်ပြီး 125W Fast Charging အပြင် Wireless Charging ကနေ 50W အထိ အားသွင်းနိုင်မယ်လို့ သိရပါတယ်။ အရောင်အနေနဲ့ကတော့ Interstellar Black နဲ့ Starlight White ၂ ရောင်ထွက်ရှိထားပြီး €900 ကနေ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – GSM Arena