[Unicode]

Motorola က မကြာခင်မှာ Motorola Edge+ အမည်ရ စမတ်ဖုန်း အသစ်ကို ကြေညာတော့မယ်လို့ ထင်ပါတယ်။ ကုမ္ပဏီက အဲဒီ စမတ်ဖုန်း အကြောင်းကို မပြောသေးပေမယ့် Geekbench ကို ရောက်လာပြီဖြစ်တဲ့အတွက် မကြာခင်မှာ မျက်ဝါးထင်ထင် မြင်ရတော့မှာပါ။ Geekbench မှာ အဲဒီ စမတ်ဖုန်းရဲ့ အဓိက Specs တွေကို ဖော်ပြထားပါတယ်။

Geekbench က ဒေတာဘေ့စ်အရ Motorola Edge+ မှာ Android 10 မောင်းနှင်ထားမှာ ဖြစ်ပြီး 12GB RAM တောင် ပါလာမှာ ဖြစ်တဲ့အတွက် အရမ်းမြန်နေမှာပါ။ 1.80GHz Base Frequency ပါတဲ့ Cores ၈ လုံးတပ် Processor မောင်းနှင်ထားမယ်လို့ ဖော်ပြထားပါတယ်။

Motorola Edge+ မှာ Punch Hole မျက်နှာပြင် ထည့်သွင်းထားနိုင်ပြီး အမေရိကန်မှာ Verizon ကနေ ရောင်းချနိုင်ပါတယ်။ Edge+ ရဲ့ တခြား သတင်းအချက်အလက်တွေကို လက်ရှိမှာ မသိရသေးပါဘူး။ လာမယ့် ရက်သတ္တပတ်တွေအတွင်းမှာ ပိုပြီး သိလာရမှာပါ။

Motorola က Edge+ အပြင် ဒစ်ဂျစ်တယ် ဘောပင်ပါတဲ့ စမတ်ဖုန်း အသစ် ၁ လုံးကိုလည်း ဖန်တီးနေပါတယ်။ 5G ဆက်သွယ်မှု ပါတဲ့ Razr Foldable ဖုန်းကိုလည်း ထုတ်လုပ်ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။ လာမယ့်လမှာ ကျင်းပမယ့် MWC 2020 မှာ စွမ်းရည်မြင့် ဖုန်း အသစ် ၁ လုံးကို ကြေညာမယ်လို့ ကုမ္ပဏီက အတည်ပြုထားပါတယ်။

Ref : gsmarena

[Zawgyi]

Motorola Edge+ ရဲ႕ အဓိက Specs ေတြ Geekbench ကေန ထြက္ေပၚလာ

Motorola က မၾကာခင္မွာ Motorola Edge+ အမည္ရ စမတ္ဖုန္း အသစ္ကို ေၾကညာေတာ့မယ္လို႔ ထင္ပါတယ္။ ကုမၸဏီက အဲဒီ စမတ္ဖုန္း အေၾကာင္းကို မေျပာေသးေပမယ့္ Geekbench ကို ေရာက္လာၿပီျဖစ္တဲ့အတြက္ မၾကာခင္မွာ မ်က္ဝါးထင္ထင္ ျမင္ရေတာ့မွာပါ။ Geekbench မွာ အဲဒီ စမတ္ဖုန္းရဲ႕ အဓိက Specs ေတြကို ေဖာ္ျပထားပါတယ္။

Geekbench က ေဒတာေဘ့စ္အရ Motorola Edge+ မွာ Android 10 ေမာင္းႏွင္ထားမွာ ျဖစ္ၿပီး 12GB RAM ေတာင္ ပါလာမွာ ျဖစ္တဲ့အတြက္ အရမ္းျမန္ေနမွာပါ။ 1.80GHz Base Frequency ပါတဲ့ Cores ၈ လုံးတပ္ Processor ေမာင္းႏွင္ထားမယ္လို႔ ေဖာ္ျပထားပါတယ္။

Motorola Edge+ မွာ Punch Hole မ်က္ႏွာျပင္ ထည့္သြင္းထားႏိုင္ၿပီး အေမရိကန္မွာ Verizon ကေန ေရာင္းခ်ႏိုင္ပါတယ္။ Edge+ ရဲ႕ တျခား သတင္းအခ်က္အလက္ေတြကို လက္ရွိမွာ မသိရေသးပါဘူး။ လာမယ့္ ရက္သတၱပတ္ေတြအတြင္းမွာ ပိုၿပီး သိလာရမွာပါ။

Motorola က Edge+ အျပင္ ဒစ္ဂ်စ္တယ္ ေဘာပင္ပါတဲ့ စမတ္ဖုန္း အသစ္ ၁ လုံးကိုလည္း ဖန္တီးေနပါတယ္။ 5G ဆက္သြယ္မႈ ပါတဲ့ Razr Foldable ဖုန္းကိုလည္း ထုတ္လုပ္ေရာင္းခ်မယ္လို႔ သတင္းထြက္ေနပါတယ္။ လာမယ့္လမွာ က်င္းပမယ့္ MWC 2020 မွာ စြမ္းရည္ျမင့္ ဖုန္း အသစ္ ၁ လုံးကို ေၾကညာမယ္လို႔ ကုမၸဏီက အတည္ျပဳထားပါတယ္။

Ref : gsmarena