ပြီးခဲ့တဲ့ရက်ပိုင်းက Motorola Edge Lite ကို FCC က အသိအမှတ်ပြုထားတာ သိရှိခဲ့ရပြီးတဲ့နောက်၊ ဆက်တိုက်ဆိုသလိုပဲ ဒီဟန်းဆက်နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေလည်း ပေါ်ထွက်လာပြီ ဖြစ်ပါတယ်။ Edge Lite ဟာ Edge မိသားစုရဲ့ တတိယမြောက် အဖွဲ့ဝင်ဖြစ်ပြီး အနိမ့်ဆုံး အမျိုးအစားလည်း ဖြစ်ပါတယ်။

Motorola Edge Lite ဟာ 6.7-inch 1080×2520 မျက်နှာပြင်နဲ့ဖြစ်ပြီး 90Hz refresh rate လည်း ဖြစ်ပါတယ်။ ဒါ့အပြင် In-display fingerprint sensor လည်း ပါဝင်ပါသေးတယ်။ မျက်နှာပြင်ရဲ့ ဘယ်ဘက်ပေါ်ထောင်မှာ Double punch-hole နဲ့အတူ 8MP+2MP ကင်မရာနှစ်လုံး တပ်ဆင်ထားပါတယ်။ ဒါပေမယ့် အခြား Edge တွေလိုတော့ Waterfall မျက်နှာပြင်မျိုး မဟုတ်ပါဘူး။

ကျောဘက်မှာတော့ 48MP အဓိကင်မရာအပါအဝင် 16MP+8MP+5MP ဆိုပြီး စုစုပေါင်း ကင်မရာလေးလုံး တပ်ဆင်ပေးထားပါတယ်။ ဘယ်တစ်ခုက Ultrawide, ဘယ်တစ်ခုက Depth sensor, ဒါမှမဟုတ် Macro ဖြစ်တယ်ဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။ Edge Lite ဟာ Qualcomm Snapdragon 765 နဲ့ ဖြစ်ပြီး 4GB/6GB of LPDDR4X RAM၊ သိုလှောင်မှုအတွက် UFS 2.1 64GB/128GB ဆိုပြီး ထောက်ပံ့ပေးထားမယ်လို့ သိရပါတယ်။

Photo – Motorola Edge

ဘက်ထရီကတော့ 4,800mAh ပမာဏကို တပ်ဆင်ပေးထားမှာဖြစ်ပြီး 18W အမြန်အားသွင်းစနစ်လည်း ထောက်ပံ့ပေးထားမှာပါ။ NFC, 5G, dual-SIM နဲ့ USB-C တွေလည်း ထောက်ပံ့ပေးထားပါတယ်။ အရောင်တွေကတော့ Prussian, Surfing Blue, Azury နဲ့ Soft White တို့ဖြစ်ကြပါတယ်။ ဈေးနှုန်းကိုတော့ မသိရသေးပေမယ့် အနိမ့်ဆုံးဗားရှင်းဖြစ်တဲ့ 4GB/64GB ဟာ €399 (၆ သိန်း ၂ သောင်းဝန်းကျင်) ရှိမယ်လို့ ခန့်မှန်းရပါတယ်။

Ref: GSM Arena