Motorola က စွမ်းရည်မြင့် ဖုန်းတွေ ထုတ်လုပ်တာ ရှားပါတယ်။ ကုမ္ပဏီက Edge+ အမည်ရ စွမ်းရည်မြင့် ဖုန်း ၁ လုံးကို ဖန်တီးနေတဲ့ သတင်းတွေ ထွက်နေပြီး အခုတော့ အဲဒီဖုန်းရဲ့ CAD အခြေပြု ဓါတ်ပုံတွေ ထွက်ပေါ်လာပါတယ်။ ပထမဆုံး အနေနဲ့ ဖုန်း ဒီဇိုင်းကို တွေ့လာရတာ ဖြစ်ပြီး ရှုထောင့်မျိုးစုံကနေ ဖုန်းကို လေ့လာနိုင်ပါတယ်။ Waterfall မျက်နှာပြင်ပါလာပြီး ဖုန်းရဲ့ ဘေးဘက်တွေဟာ အရမ်းကို ကွေးညွှတ်တဲ့ ဒီဇိုင်းပါ။ အဲဒါကြောင့်လည်း ဖုန်း နာမည်ကို Edge+ လို့ ပေးထားတာ ဖြစ်နိုင်ပါတယ်။

မျက်နှာပြင်ရဲ့ ဘယ်ဘက်အထက်မှာ ဆဲလ်ဖီးကင်မရာ ၁ လုံးကို Punch Hole မှာ ထည့်သွင်းထားပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံးနဲ့ Dual-LED Flash Array အပြင် အပို ဆန်ဆာတွေ တပ်ဆင်ထားပါတယ်။ Moto Logo ပတ်လည်က LED Ring ဟာ Notification Light အနေနဲ့ အလုပ်လုပ်နိုင်ပါတယ်။  Edge+ မှာ 3.5mm Headphone Jack , SIM Card Tray , USB-C Port တွေ ပါလာပြီး အောက်ခြေမှာ စပီကာအပေါက် တပ်ဆင်ထားပါတယ်။ ညာဘက်မှာ ပါဝါခလုတ်နဲ့ အသံခလုတ်တွေ ထည့်သွင်းထားပါတယ်။

အရင်သတင်းတွေအရ Edge+ မှာ ၆.၆၇ လက်မ FHD+ 90Hz မျက်နှာပြင်နဲ့ Snapdragon 865 SoC ပါလာနိုင်ပါတယ်။ 5G ဆက်သွယ်မှုထောက်ပံ့ထားပြီး 8 or 12GB RAM တွေ ရွေးချယ်နိုင်မှာပါ။ Android 10 နဲ့ အရွယ်ကြီး 5,170mAh ဘက်ထရီ ပါလာနိုင်ပါတယ်။ ကြေညာမယ့်နေ့ကို မသိရသေးပေမယ့် သိပ်မလိုတော့ဘူးလို့ ထင်ပါတယ်။

Ref : gsmarena